
အမှားကို ဝန်ခံဖို့ဆိုတာ ဘယ်တော့မှ မလွယ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အမှားဆို လုံးဝ ဝန်မခံချင်ဘူး။ မှားတာသိနေလည်း နောက်တစ်ခါ မမှားအောင်လုပ်မယ်၊ မှားတာကို ဝန်ခံရမှာ၊ တောင်းပန်ရမှာ ရှက်နေတတ်ကြပါတယ်။ ဒါပေမယ့် ဒါက မှားယွင်းပါတယ်။ တကယ်တော့ ကိုယ်က လူကြီးပဲ ဖြစ်ဖြစ်၊ လူငယ်ပဲ ဖြစ်ဖြစ် မှားမှန်းသိရင် အမှားကို ဝန်ခံနိုင်တာက တကယ့်ပညာရှိ အပြုအမူဖြစ်ပါတယ်။ တကယ်တော့ လူတွေဟာ ကိုယ့်အမှားကိုယ် ဝန်မခံရဲတဲ့ အကြောင်းရင်းတွေ အများကြီးရှိကြပါတယ်။ ဒီထဲကမှ အဖြစ်အများဆုံး (၇)ခုကို စုစည်းပေးလိုက်ပါတယ်။
လူတွေက သူတို့အမှားတွေကို ဝန်မခံရတဲ့ အကြောင်းရင်း ခုနှစ်ချက်
” အမှားတွေကနေ သင်ခန်းစာယူပါ” ဆိုတဲ့ စကားစုကို အားလုံးကြားဖူးကြမှာပါ။ အမှားလုပ်ခြင်းက ဘဝရဲ့ အစိတ်အပိုင်းဖြစ်တာကို လူအများစု သိကြပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ ရွေးချယ်မှုတွေ၊ အပြုအမှုတွေ မမှန်တဲ့အခါ သဘာဝအတိုင်း လက်သင့်ခံသွားကြတာ အများကြီးပါ။ ကိုယ့်အမှားကိုယ် ဝန်ခံခြင်းမရှိတဲ့လူတွေနဲ့ တွေ့တဲ့အခါ ကျွန်တော်တို့ အံ့သြသွားနိုင်ပါတယ်။ သူတို့ရဲ့ သဘောထားက အခြားသူတွေကို နာကျင်စေတဲ့ အကျိုးဆက်များစွာ ဖြစ်ပေါ်လာတဲ့အခါ ပိုလို့တောင် အံ့သြမိကြပါတယ်။ ဒီတော့ အမှားလုပ်မိကြောင်း ဝန်ခံလို့ မရတဲ့သူတွေရဲ့ နောက်ကွယ်မှာ ဘာတွေဖုံးကွယ်ထားလဲ ကြည့်ရအောင်။
၁။ သူတို့က အရမ်းခေါင်းမာကြလို့ပါ
ခေါင်းမာခြင်းက မတုန်မလှုပ်တဲ့ သဘောထားတစ်ခုဖြစ်ပါတယ်။ အချို့သော ကျွမ်းကျင်သူတွေက ခေါင်းမာခြင်းဟာ အားနည်းသူတွေရဲ့ ခွန်အားဖြစ်တယ်လို့ ဆိုကြပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ခေါင်းမာခြင်းကို အတွင်းစိတ် အားနည်းမှုအတွက် အလျော်အစားယန္တရားတစ်ခုအဖြစ် မကြာခဏ အသုံးပြုလေ့ရှိတာကြောင့် ဖြစ်ပါတယ်။
ခေါင်းမာတာက အချို့သော အခြေအနေတွေမှာ အထောက်အကူဖြစ်နိုင်ပါတယ်။ ဥပမာ- တစ်ခုခုကို ခံနိုင်ရည်ရှိဖို့ အနည်းငယ်တော့ ခေါင်းမာရပါမယ်။ သို့သော် ဘယ်အချိန်မှာ ရပ်လိုက်တာ အကောင်းဆုံးဖြစ်မလဲဆိုတာကို ခွဲခြားသိဖို့ မလေ့လာရင် အမြဲတမ်းကျရှုံးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အမှားကိုယ် ဝန်ခံခြင်းမရှိတဲ့ လူတွေဟာ ခေါင်းမာတဲ့ အပြုအမှုကို မကြာခဏ ပြလေ့ရှိပါတယ်။

၂။ သူတို့က မာနကြီးလွန်းလို့ပါ
မာန်မာနကို လူတစ်ယောက်က ကိုယ့်အပေါ်ကိုယ်ထားရှိတဲ့ esteem လွန်ကဲမှုလို့ နားလည်ပါတယ်။ သူ့မှာ တခြားသူတွေအပေါ် အထင်အမြင်သေးတဲ့ သဘောထားက အမြဲလိုလို လိုက်ပါပါတယ်။ ပြီးတော့ မာန်မာနက မောက်မာခြင်း (သို့) ဘဝင်မြင့်ခြင်း ကဲ့သို့သော အခြားသဘောထားတွေနဲ့လည်း တွဲနေတတ်ပါတယ်။ ဒါတွေအားလုံးရဲ့ ပေါင်းလဒ်က လုပ်ခဲ့တဲ့အမှားတွေကို အသိအမှတ်မပြုခြင်းအဖြစ် ဘာသာပြန်နိုင်ပါတယ်။ သင်ဟာ အခြားသူတွေထက် (ကိုယ်ကျင့်တရား၊ အသိဉာဏ်၊ စွမ်းရည် စသဖြင့်) သာလွန်တယ်လို့ထင်ရင် မာနက သူတို့ရဲ့အမှားတွေကို လက်ခံဖို့ ဆန္ဒရှိလိမ့်မှာ မဟုတ်ပါဘူး။ မာနကြီးလွန်းခြင်းက ဒီအပြုအမှုရဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

၃။ တာဝန်မဲ့မှုကြောင့် သူတို့ရဲ့အမှားတွေကို ဝန်မခံတာ
ခေါင်းမာသူ (သို့) မာနကြီးသူတိုင်းက တာဝန်မဲ့ကြတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီအချက်မှာ ရှင်းရှင်းလင်းလင်း ကွဲပြားမှု ရှိသင့်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်အမှားကို ဝန်မခံတဲ့သူတွေဟာ တာဝန်မဲ့သူတွေချည်းပါပဲ။ တာဝန်မဲ့ခြင်းက တာဝန်သိစိတ်မရှိတာ၊ လုပ်ဆောင်မှု (သို့) လုပ်ပိုင်ခွင့်ယူဖို့ ဆန္ဒမရှိတာ ဖြစ်ပါတယ်။ ပညာရှင်အချို့က ဒါဟာ မရင့်ကျက်မှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ရင့်ကျက်တဲ့ လူကြီးတွေဟာ သူ့တိုလုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို တာဝန်ယူဖို့ လိုလိုလားလား လက်ခံပါတယ်။ ဒါ့ကြောင့် မရင့်ကျက်တဲ့သူတွေကတော့ အမှားတွေကို ငြင်းဆိုတာ၊ သူတို့အမှားဖြစ်ကြောင်း လုံးဝလက်မခံတာ လုပ်ပါလိမ့်မယ်။

၄။ သူတို့က စာနာစိတ်မရှိကြလို့ပါ
စာနာမှုဆိုတာ တိရိစ္ဆာန်မျိုးစိတ်များစွာမှာ တွေ့နေရပေမယ့် လူသားတွေမှာ ပိုဖွံ့ဖြိုးတယ်လို့ ပြောလို့ရပါတယ်။ ကိုယ်ချင်းစာတတ်ဖို့က တခြားသူတွေရဲ့ခံစားချက်တွေ၊ စိတ်ခံစားချက်တွေနဲ့ ချိတ်ဆက်ဖို့ ဖြစ်ပါတယ်။ အခြားသူတွေရဲ့ စိတ်ခံစားချက်ကို ခံစားဖူးသူတွေမှာ စာနာမှု ပိုများကြောင်း သုတေသီတွေက ထောက်ပြထားပါတယ်။ ဥပမာအားဖြင့် ချစ်ရသူကို ဆုံးရှုံးလိုက်ရသူဟာ ဒီဖြစ်စဉ်ကို ဖြတ်သန်းနေသူတစ်ယောက်ကို ပံ့ပိုးပေးတဲ့အခါမှာ ပိုပြီးစာနာတတ်ပါတယ်။ တကယ်လို့ လူတစ်ဦးတစ်ယောက်ဟာ အကြောင်းရင်းတစ်ခုကြောင့်ဖြစ်စေ၊ အခြားတစ်ခုကြောင့်ဖြစ်စေ သူတို့အမှားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို အတိတ်မှာ မဖြေရှင်းခဲ့ရင် အမှားကို ဝန်မခံဖို့ ရွေးချယ်နိုင်ပါတယ်။
လူသားတွေဟာ လူမှုဆက်ဆံရေးဖွံ့ဖြိုးတိုးတတ်ဖို့အတွက် စာနာ နားလည်မှုရှိဖို့က အရမ်းအရေးကြီးပါတယ်။ စာနာတတ်တဲ့သူတွေဟာ ယေဘုယျအားဖြင့် လူမှုဆက်ဆံရေး၊ သူငယ်ချင်းအသိုင်းအဝိုင်း ပိုကောင်းကြပါတယ်။ ပိုတည်ငြိမ်တဲ့ ဆက်ဆံရေးရှိပါတယ်။ အလုပ်စွမ်းဆောင်ရည် ပိုကောင်းကြပါတယ်။
၅။ အားနည်းသူလို့ မမြင်စေချင်တာကြောင့် သူတို့အမှားတွေကို ဝန်မခံတာ
အားနည်းသူအဖြစ် မြင်မှာကို ကြောက်ကြတာကြောင့် တစ်ချို့လူတွေက သူတို့အမှားတွေ ဝန်မခံကြပါဘူး။ ဒါက အဆင့်အတန်း (သို့) တာဝန်ယူမှု တာဝန်ခံမှု ရှိသူတွေမှာ မာနကြောင့် ဖြစ်ပေါ်လေ့ရှိပါတယ်။ ဥပမာ- ကျောင်းသားတစ်ယောက်က ထောက်ပြတဲ့ အမှားကို ဝန်ခံမှာမဟုတ်တဲ့ ကျောင်းဆရာတစ်ယောက်လို ဖြစ်ပါတယ်။

၆။ ပြောင်းလဲဖို့ မကြိုက်တာကြောင့်
ပြောင်းလဲမှုက အမှားတွေကို မလွဲမသွေဖြစ်စေတဲ့ များစွာသော energy နဲ့ planning ပမာဏကို ယူဆောင်ပါတယ်။ တချို့လူတွေက နောက်ဆုံးအန္တရာယ်ကို မယူချင်ကြပါဘူး။ အမှားတစ်ခုကို အသိအမှတ်ပြုဖို့ဆိုတာ အတော်လေးလွယ်ပါတယ်။ ခက်တာက အမှားကို မှန်ကန်အောင် စက်ယန္တရား အသက်သွင်းဖို့ ၊ အပြုအမှုတွေ ထပ်မဖြစ်အောင် ပြုပြင်ပြောင်းလဲခြင်းမှာ ရည်ရွယ်ပြီး သဘောထားတွေကို လက်ခံဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ပြောင်းလဲဖို့ ဝန်လေးနေသူတွေအတွက် ဒါက အခက်ခဲဆုံးဖြစ်ပါတယ်။
အပြောင်းအလဲဆိုတာ ဘဝရဲ့ အစိတ်အပိုင်းမို့လို့ လူအများစုက လက်ခံကြပါတယ်။ အပြောင်းအလဲကို အားထုတ်မှု၊ အာရုံစူးစိုက်မှု (သို့) စိတ်အားထက်သန်မှုများစွာ လိုအပ်တဲ့ တခြားအုပ်စုအတွက် အန္တရာယ်ရှိသော အရာအဖြစ် ရှုမြင်ကြပါတယ်။

၇။ အရေးမကြီးဘူးလို့ ထင်တာကြောင့်
နောက်ဆုံးအနေနဲ့ သူတို့ရဲ့အမှားတွေကို လက်မခံတဲ့သူတွေကတော့ သူတို့ရဲ့လုပ်ရပ်တွေကို အရေးကြီးတယ်လို့ မမှတ်ယူလို့၊ တခြားသူတွေကို ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာကို သဘောမပေါက်လို့ပါပဲ။ ဒါက သူတို့ဟာ “သူတို့ပြောခဲ့၊ လုပ်ခဲ့တာတွေက အရေးမကြီးဘူး။ အကျိုးဆက်တွေက သိပ်မပြင်းထန်ဘူး”လို့ ထင်ကြတာကြောင့်ပါ။ ငြင်းပယ်ဖို့ (သို့) လျစ်လျူရှုဖို့ကို ရွေးချယ်မှာ ဖြစ်ပါတယ်။ တိုတိုပြောရရင် သူတို့က ပတ်ဝန်းကျင်ကို ဂရုမစိုက်တာပါ။ အထက်ဖော်ပြပါအချက်တွေလိုပဲ လျစ်လျူရှုခြင်းက တည်ငြိမ်သော လူမှုဆက်ဆံရေးတည်ဆောက်ခြင်းအတွက် အဓိကအတားအဆီးတစ်ခု ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ အချို့သော ချို့ယွင်းချက်တွေက သူတို့ရဲ့အမှားတွေကို ဝန်ခံခြင်းမရှိတဲ့ သူတွေရဲ့အမူအကျင့်တွေကို ရှင်းပြနိုင်တယ်ဆိုတာ သတိရဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့်narcissistic personality disorder ရဲ့ လက္ခဏာတွေထဲမှ တစ်ခုက အမှားကို ဝန်ခံဖို့ ဝန်လေးခြင်းပင်ဖြစ်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-steptohealth.