
သင့်ရဲ့ soulmate ကို ရှာနေတာလား? soulmate ဆိုတာကရော ဘာလဲ? soulmate ဆိုတာ သင်နဲ့ ဝိညာဉ်ရေးအရ လိုက်ဖက်တယ်လို့ ခံစားရသူတစ်ဦးဖြစ်ပါတယ်။ သင့်ရဲ့ soulmate ကို ရှာတယ်ဆိုတာ သင်ရဲ့ တစ်ခြားကိုယ်ပွားတစ်ခုကို ရှာနေရသလိုပါပဲ။ သင့်ရဲ့ တစ်ခြားနံရိုးတစ်ချောင်းကို ရှာရခြင်းမျိုးပါပဲ။ soulmate ဆိုတာက သင့်ကို ချစ်ဖို့ သက်သက်ဝင်ရောက်လာတာမဟုတ်ဘဲ သင်ဘယ်သူဖြစ်တယ်ဆိုတာကိုပါ ပြသပေးဖို့ သင့်ဘဝထဲကို ဝင်လာပါလိမ့်မယ်။ တကယ်တော့ soulmateကိုရှာဖွေခြင်းဆိုတာ သင်ကိုယ်တိုင်တောင် ပျောက်ဆုံးနေမှန်းမသိဘဲ ပျောက်ဆုံးနေသော အစိတ်အပိုင်းတစ်ခုကို ရှာဖွေနဲ့ ပိုတူပါတယ်။ အကယ်၍ soulmate နဲ့ တွေ့ပြီးသွားပြီဆိုရင် ဘယ်လိုသိနိုင်မလဲ? အောက်ပါအချက်အလက်တွေနဲ့ တိုက်ကြည့်ပါ။
၁။ သင်က သိနေတယ်
သင့်ဘဝရဲ့ ကိုယ်ပွားလေးကို တွေ့တဲ့အခါ သင့်စိတ်က တစ်နည်းနည်းနဲ့ သိနေပါတယ်။ သူတို့နဲ့ အတူရှိချိန်တိုင်း ပြီးပြည့်စုံတယ်လို့ ခံစားရပါလိမ့်မယ်။ ဟိုအရင်က အတူတူရှိခဲ့ဖူးသလိုမျိုး ခံစားရနိုင်ပါတယ်။
၂။ ဝိညာဉ်ရေးရာအဆင့်မှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နားလည်ကြတယ်

တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရတဲ့အခါ သံယောဇဉ်တွေက တစ်ခြားလူတွေနဲ့မတူသလိုမျိုး ဖြစ်နေပါလိမ့်မယ်။ စကားတစ်ခွန်းမှ မပြောရင်တောင် သူတို့တွေးနေပုံ (သို့) သူတို့ဘယ်လိုခံစားနေရမလဲဆိုတာ သင်သိပါတယ်။
၃။ သူတို့နဲ့ အတူရှိနေတဲ့အခါ အေးချမ်းမှုကို ခံစားရပါလိမ့်မယ်
သင်က သူနဲ့အတူရှိနေတိုင်း သင့်စိတ်တွေက အေးချမ်းငြိမ်သက်နေသလိုမျိုး ခံစားရပါလိမ့်မယ်။ သူ့ကို တွေ့လိုက်ရင် သင့်အိမ်ကို ရောက်သလိုမျိုး သင်တို့ရဲ့ ဆက်ဆံရေးဟာ အရမ်းသဘာဝကျတယ်လို့ ခံစားရပါလိမ့်မယ်။
၄။ တူညီသော ဘဝပန်းတိုင်တွေကို မျှဝေကြတယ်
နှစ်ယောက်စလုံးမှာတော့ တူညီတဲ့ပန်းတိုင်တွေ ရှိချင်မှရှိကြပါလိမ့်မယ်။ ဒါပေမယ့် သင့်ဘဝမှာ သင်ဘာလိုချင်လဲဆိုတာကို သင်ကိုယ်တိုင်သိလာပြီး ဘဝရဲ့ အရေးကြီးတဲ့ကိစ္စတွေမှာ သင့်ရဲ့ soulmate က သင်နဲ့အတူရှိနေပါလိမ့်မယ်။
၅။ သင်ဟာ စစ်မှန်တဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်

သင့်ရဲ့ soulmate ရှေ့မှာဆိုရင် သင်ဟာ ဟန်ဆောင်မှုတွေက ကွာကျသွားပြီး သင့်ရဲ့ စစ်မှန်တဲ့အသွင်အပြင်တစ်ခုပေါ်လာပါလိမ့်မယ်။ သူတို့က သင်ဘယ်သူဆိုတာကို လက်ခံပြီး သူတို့အတွက် ပြောင်းလဲဖို့ သင့်ဆီက ဘယ်တော့မှ မမျှော်လင့်ထားပါဘူး။
၆။ တစ်ယောက်နဲ့တစ်ယောက် Chemistry မိကြတယ်
သင်တို့နှစ်ယောက်စလုံးက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုတွေက မှော်ဆန်မှုတွေဖြစ်စေပြီး နှစ်ဦးအတွက် အချစ်တွေကုန်သွားတယ်ဆိုတာက မရှိသလောက်ပါပဲ။
၇။ မနာလိုစိတျတှကေို မခံစားရဘူး
သင်က သူ့ကို ယုံကြည်တာကြောင့်မို့ သူတို့ပတ်ဝန်းကျင်က တစ်ခြားလူတွေနဲ့ မနာလိုတာတွေဖြစ်လေ့မရှိပါဘူး။ သူက သင့်ကို သစ္စာမဖောက်ဘူးဆိုတာ သင်ကောင်းကောင်းသိတယ်။
၈။ နှစ်ယောက်အတူရှိနေမယ့် လှပတဲ့အနာဂတ်ကို ကြိုမြင်တယ်

ဘဝကို အတူတူဖြတ်သန်းချင်ပြီး တစ်ယောက်နဲ့တစ်ယောက် ထာဝရအတူနေချင်တယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး။ သင်တို့နှစ်ယောက်ရဲ့ အနာဂတ်ပေမယ့် တစ်ဦးတည်းမြင်နေရသလိုမျိုး ထပ်တူကျနေပါလိမ့်မယ်။
၉။ စိတ်ဒုက္ခမပေးကြဘူး
တစ်ယောက်နဲ့တစ်ယောက် ပြင်းထန်တဲ့ရန်ပွဲတွေ ဘယ်လောပဲရှိရှိ လမ်းခွဲခြင်းအကြောင်းတွေ (သို့) ကွာရှင်းပြတ်စဲခြင်းအကြောင်းတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ မခြိမ်းခြောက်ကြဘဲ ပြဿနာတွေကို ကျန်းကျန်းမာမာဖြေရှင်းကြပါတယ်။
၁၀။ တစ်ယောက်နဲ့ တစ်ယောက် ပံ့ပိုးပေးဖို့ အမြဲရှိနေတယ်
ကောင်းတဲ့အချိန်တွေကို အကောင်းဆုံးစံစားကြပြီး အဆိုးဆုံးအခြေအနေတွေကိုလည်း အတူဖြတ်ကျော်ဖို့ ရှိနေပေးကြပါတယ်။ အပြန်အလှန် ဖေးမကူညီဖို ဘယ်လောက်ပဲခက်ခဲကြမ်းတမ်းပါစေ တစ်ယောက်တည်းဖြတ်သန်းခွင့်မပေးတာက သင့်ရဲ့ soulmate ပါ။
၁၁။ အပြန်အလှန်လေးစားမှုရှိကြတယ်
ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ တစ်ဖက်ပါတနာ စိတ်ဓာတ်ကျစေမယ့် စကားလုံးတွေ၊ သူတို့ရဲ့ တန်ဖိုးထားမှုကို ထိခိုက်စေမယ့်စကားလုံးမျိုးတွေကို မပြောကြဘူး။ တစ်ဖက်ပါတနာရဲ့ ထင်မြင်ယူဆျက်တွေ၊ တန်ဖိုးထားမှုတွေနဲ့ ခံစားချက်တွေကို အမြဲလေးစားကြတယ်။ အကောင်းဆုံးသူငယ်ချင်းတွေလည်း ဖြစ်ကြတယ်။
Lifestyle_Myanmar
Nyein_Thu
ref-themindsjournal