ချစ်သူသက်တမ်း တစ်နှစ်ပြည့်မှာ ကိုယ့်ချစ်သူကို ဘယ်လိုလက်ဆောင်လေးတွေ ပေးသင့်လဲ?
lifestylemyanmar.com
|
2021-12-22

ချစ်သူသက်တမ်း တစ်နှစ်ပြည့်မှာ ကိုယ့်ချစ်သူကို ဘယ်လိုအမှတ်တရဖြစ်စေမယ့် လက်ဆောင်မျိုးပေးရမလဲဆိုတာ စဉ်းစားရကြပ်နေပါသလား။ ကိုယ့်ချစ်သူအတွက် အဓိပ္ပာယ်လည်းရှိပြီး အမှတ်တရဖြစ်စေမယ့် အတွေးပါတဲ့ လက်ဆောင်မျိုးပေးချင်ရင် အခုဖော်ပြပေးမယ့် အိုင်ဒီယာလေးတွေက အထောက်အကူဖြစ်စေမှာပါ။

၁။ အမှတ်တရ ဖန်ပုလင်း

အမှတ်တရတွေ ရေးထားတဲ့ ဖန်ပုလင်းက သင့်ချစ်သူကို အချိန်မရွေးပေးဖို့ လှပတဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တစ်နှစ်ပြည့်တဲ့နေ့မှာ ပိုလို့တောင် အဓိပ္ပါယ်ရှိပါတယ်။ ရောင်စုံစက္ကူအပိုင်းအစလေးတွေ အတော်များများလုပ်ပြီး ပျော်ရွင်စရာ၊ ရယ်မောစရာ အမှတ်တရတွေကို သင်မှတ်မိသလောက် ချရေးပါ။ သူတို့က သင်နဲ့ သင့်လက်တွဲဖော် ပထမဆုံး ဆုံတွေ့တဲ့အချိန် (သို့) ပထမဆုံး ချိန်းတွေ့တဲ့နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ရယ်စရာဇာတ်လမ်းမျိုး ဖြစ်နိုင်ပါတယ်။ အမှတ်ရစရာတွေပါရှိတဲ့ စာရွက်အပိုင်းအစတွေအားလုံးကို (mason jar )အဖုံးပါတဲ့ ပုလင်းတစ်လုံးထဲသို့ ထည့်ပါ။ ပုလင်းကို ကိုယ်နှစ်သက်သလို အလှဆင်ပြီး ချစ်သူကို လက်ဆောင််ပေးပါ။ ပြုံးဖို့လိုတဲ့အခါတိုင်း အမှတ်တရတစ်ခု ဖတ်ဖို့ ပြောပါ။


၂။ ကျေးဇူးတင်စကား ဖန်ပုလင်း

ကျေးဇူးတင်စကား ဖန်ပုလင်းက အမှတ်တရ ဖန်ပုလင်းနဲ့ ဆင်တူပါတယ်။ အမှတ်တရတွေအစား သင့်ချစ်သူမှာရှိတဲ့ သင်နှစ်သက်တဲ့ အချက်လေးတွေကို စာရွက်အပိုင်းတွေပေါ်မှာ ချရေးပါ။ သူတို့ရဲ့ ဟာသဉာဏ်ကနေ သူတို့ရဲ့ ဂရုစိုက်တတ်တဲ့ သဘာဝအထိ သင်ကျေးဇူးတင်တဲ့အရာအားလုံးကို ချရေးပါ။ ဒီလက်ဆောင်က ကိုယ်ကိုယ်တိုင် ပြုလုပ်ဖို့လွယ်ပြီး စရိတ်စကနည်းတဲ့ လက်ဆောင်ပစ္စည်းဖြစ်ပါတယ်။ one-year anniversary အတွက် အတွေးအများဆုံးပါတဲ့ လက်ဆောင်လည်း ဖြစ်ပါတယ်။

၃။ COUPLE PRINT

စုံတွဲပုံ ပရင့်တွေကလည်း အရမ်းရေပန်းစားနေတဲ့ လက်ဆောင်တွေ ဖြစ်ပါတယ်။ စုံတွဲပုံ ပရင့်ထုတ်ခြင်းက စုံတွဲတွေ ဖြစ်ကြောင်း ထင်သာမြင်သာသော ကိုယ်စားပြုမှုကို ဖြစ်စေနိုင်တာကြောင့် first-year anniversary မှာပေးဖို့ အဆင်ပြေပါတယ်။ စာရွက်ပေါ်မှာ ကာတွန်းပုံစံနဲ့ သင်တို့နှစ်ယောက်ကို အတူတူ မြင်ရခြင်းက ချစ်သူနှစ်ယောက်ကြားရှိ အရာအားလုံးက အစစ်အမှန်ဖြစ်ကြောင်း တကယ့်ကို ခိုင်မာစေနိုင်ပါတယ်။ “casual”ထက်ကျော်လွန်ပြီး တိုးတတ်လာတဲ့ ချစ်ခြင်းမေတ္တာကို ဂုဏ်ပြုဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။


၄။ snapshot ဓါတ်ပုံလေးတွေကို ဖြတ်ညှပ်ကပ်ပုံဖော်ပေးတာ

ဒီလက်ဆောင်အတွက် သင်ဟာ အနည်းငယ်စီစဉ်ထားဖို့ လိုအပ်ပါတယ်။ အတူတူအချိန်ပေးရင်း မကြာခဏ ဓါတ်ပုံရိုက်ဖို့ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ဒါက အရမ်းလွယ်ကူတဲ့ လက်ဆောင်တစ်ခုပါပဲ။ အတူတူ တတ်ရောက်တဲ့ပါတီတွေကနေ ခရီးသွားပုံတွေအထိ ပျော်စရာအမှတ်တရအားလုံးကို ဓါတ်ပုံရိုက်ပါ။ ဓါတ်ပုံအားလုံးကို ပရင့်ထုတ်ပြီး သင်နှစ်သက်သလို ဖန်တီးပါ။ လူအတော်များများက သူတို့ရဲ့လျှပ်တစ်ပြက်ရိုက်ချက်တွေကို အသည်းပုံအကြီးကြီးမှာ ပုံဖော်ရတာကို နှစ်သက်ကြပါတယ်။


၅။ စုံတှဲ စာအုပျ

အွန်လိုင်းမှာ personalized couple books အတွက် အဆုံးမရှိသော ရွေးချယ်စရာတွေရှိပါတယ်။ အချို့love books တွေက ကိုယ့်နာမည်နဲ့ ပင်ကိုယ်လက္ခဏာတွေကို ဖြည့်ပေးရုံပါပဲ။ တစ်ချို့ဟာတွေကတော့ အတူတူခရီးသွားတဲ့အကြောင်း အသေးစိတ်တင်ပြဖို့ လိုအပ်ပြီး စာအုပ်မှာ သင်ရဲ့ အချစ်ရေး အချိန်ဇယားတစ်ခုလုံးကို ကဗျာဆန်ဆန် ဇာတ်လမ်းပုံစံဖြင့် ပြောပြထားပါတယ်။ couple bookကို ကိုယ့်ဘာသာ ဖန်တီးချင်တယ်ဆိုရင် ဓါတ်ပုံလေးတွေ ပရင့်ထုတ်ပြီး ကပ်တာ(သို့) ပုံလေးတွေဆွဲပြီး အမှတ်တရတွေကို ချရေးတာမျိုး ပြုလုပ်နိုင်ပါတယ်။ one-year anniversary လက်ဆောင်တွေပေးတဲ့အခါ ဒါက ချစ်စရာ အကောင်းဆုံး လက်ဆောင်တစ်ခုပါ။


၆။ ခရီးထှကျတာ

အတူတူခရီးမသွားဖူးပါက တစ်ညတာ (သို့) ရုံးပိတ်ရက်အတွက် booking လုပ်ထားခြင်းက ကောင်းမွန်တဲ့ ပထမခြေလှမ်းဖြစ်နိုင်ပါတယ်။ ပြီးတော့ သင်ဟာ ကိုယ့်ရဲ့one-year anniversary မှာ အဲဒီခြေလှမ်းကို လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလေ။ အထူးသဖြင့် ရိုမန်တစ်ဆန်တဲ့ နေရာမျိုးမှာဆိုရင် အံ့သြဖွယ်လက်ဆောင်တစ်ခု ဖြစ်နိုင်ပါတယ်။


၇။ couple bucket list

ဒီလက်ဆောင်တွေက သင်တို့အတူတူ ကျင်းပပြီးခဲ့တဲ့ အံ့သြစရာနှစ်တွေကို ဂုဏ်ပြုခြင်းပေါ်မှာ focus ထားပါတယ်။ သို့သော် bucket list က သင့်ရှေ့မှာရှိနေတဲ့ အနာဂတ်ကို focus ထားပါတယ်။ အတူတူ အလည်သွားချင်တဲ့နေရာတွေ၊ သင်လုပ်ချင်တဲ့ လုပ်ဆောင်မှုတွေ၊ သင်ကြည့်ချင်တဲ့ ရုပ်ရှင်တွေကို bucket list တစ်ခုမှာ စုစည်းထားနိုင်ပါတယ်။ ဒါမှမဟုတ် ဘဝမှာ သင်လုပ်ချင်တဲ့အရာတွေအားလုံးကို ချရေးထားနိုင်ပါတယ်။ ဒါက အထူးလက်ဆောင်တစ််ခုဖြစ်တာကြောင့် သင်ဟာ ခရီးကြာရှည်စွာ လျှောက်လှမ်းဖို့ စီစဉ်ထားကြောင်း ပြသရာလည်း ရောက်ပါတယ်။


၈။ “OPEN ME WHEN” သဝဏ်လွှာ

“OPEN ME WHEN” သဝဏ်လွှာဆိုတာက စာလုံးတွေကို သင်ကြိုတင်ဖြည့်ထားရမှာ ဖြစ်ပေမယ့် သင့်ချစ်သူက သီးခြားအခြေအနေများမှာသာ ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စာအိတ်တွေပေါ်မှာ “အိပ်မပျော်တဲ့အခါ ဖွင့်ကြည်ပါ” (သို့) ” ငါတို့ အငြင်းအခုံဖြစ်လာတဲ့အခါ ဖွင့်ကြည့်ပါ ဆိုတာမျိုး ရေးထားတာဖြစ်ပါတယ်။ ဒါက အရမ်းချစ်စရာကောင်းတဲ့လက်ဆောင်တစ်မျိုးပါ။


Lifestyle_Myanmar

LM_Nandar

Source-bolde.




Some text some message..