
လူတိုင်းရဲ့ ဘဝမှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ ဆိုးဆိုးဝါးဝါး အသည်းကွဲ ဖူးကြမှာပါ။ အသည်းကွဲတယ် ဆိုတာက ဘဝရဲ့ အနှစ်သာရရှိတဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ ကိုယ့်ကို အလျှော့မပေးတဲ့ သူ့ကို ချစ်မိသွားတာမျိုး၊ကိုယ့်ကို တကယ် မချစ်တဲ့သူကို ချစ်မိသွားတာမျိုး၊ အခြေအနေတစ်ခု ကြောင့် ရှေ့ဆက်လို့ မရတာမျိုးတွေ ကြောင့် နောက်ဆုံးမှာ ကိုယ်က အသည်းကွဲ သွားရတာမျိုးတွေ ရှိတတ်ပါတယ်။ကိုယ့်ကိုချစ်တဲ့သူကို တွေ့ပြီဆိုတာ သိပေမယ့် တွေ့ဆုံတာ စောလွန်း၊ နောက်ကျလွန်းနေတဲ့အခါ ကိုယ့်ကို အမြဲပျော်ရွှင်စွာ နေထိုင်ဖို့ တားဆီးထားတဲ့ အနေအထားတွေကို ကြုံဖူးကြမှာပါ။ အားလုံးက ဝမ်းနည်းစရာ နာကျင်စရာပဲလို့ နားလည်ပေမယ့် မှန်ကန်တဲ့လူ ကို အချိန်မှားတဲ့ အနေအထားမှာ တွေ့တာကရော ဘယ်လိုမျိုး ဖြစ်မလဲ? အချိန်မှန် လူမှန်ဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ?
၁။ မတူညီတဲ့ ဘဝပန်းတိုင်/ အနာဂတ်အစီအစဉ် တွေ
လူတိုင်းက မှားယွင်းတဲ့အချိန်မှာ မှန်ကန်တဲ့ လူနှင့် ရှေ့ဆက်ရမယ့် အစား မှန်ကန်တဲ့လူကို အချိန်တန်ရင် ရှာတွေ့ဖို့ပဲ အလိုရှိတတ်ကြပါတယ်။ မတူညီတဲ့ ရည်ရွယ်ချက်တွေ နှင့် ဘဝပန်းတိုင်တွေကြောင့် တကယ်ချစ်နေပေမယ့် လွမ်းခွဲ လိုက်ရတဲ့ အခိုက်အတန့်တစ်ခုက လက်ရှိမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုပေမယ့် တစ်ဘဝလုံးစာ နာကျင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ပြောရတာထက် အများကြီးပိုလွယ်ပေမယ့် မှန်ကန်တဲ့လူနဲ့ သင့်တော်တဲ့အချိန်ကို မစောင့်ဘူး ဆိုရင်တော့ မင်းရဲ့အချစ်ကို ဆုံးရှုံးသွား နိုင်ပါတယ်။ သေချာတာ တစ်ခုကတော့ တကယ်ချစ်ပြီဆိုရင် အချစ်ကို ဘယ်တော့မှ အရှုံးမပေးသင့်ပါဘူး။

၂။ အသကျကှာခွားခကြျ
လူတစ်ယောက်နှင့် တစ်ယောက် တကယ်ချစ်ပြီဆိုရင် အသက်အရွယ်က အဓိက မဟုတ်တော့ပါဘူး။ ကောင်းမွန်တဲ့ အချစ်ရေး တစ်ခုရဲ့ အဓိကပန်းတိုင်က မင်းကို အစကတည်းက ပျော်ရွှင်စေပြီး ကောင်းမွန်၊ ကျန်းမာတဲ့ ဆက်ဆံရေး ရှိဖို့ပါပဲ။ ကိုယ့်ရဲ့ right person ဟာ ကိုယ်ခက်ခဲနေတဲ့ အချိန်မှာ အသက်အရွယ်ကို အကြောင်းပြပြီး ကိုယ့်ကိုဘယ်တော့မှ ထားခဲ့မှာ မဟုတ်ပါဘူး။ ကိုယ့်ကို ပျော်ရွှင်အောင်၊ စိတ်ချမ်းသာအောင် ဘယ်လိုလုပ်ပေးနိုင်လဲ ဆိုတာပဲ စဉ်စားနေမှာပါ။

၃။ အိမ်ထောင်ရှိနေပြီ
wrong time မှာ ကိုယ်က အရမ်းချစ်ပေမယ့် ရှေ့ဆက်ဖို့ လမ်းတွေ ပျောက်သွားတဲ့အခါ လွမ်းခွဲလိုက်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဆင်ပြေသွားတဲ့ အချိန်မှာ ပထမဆုံး သတိရမိလို့ ပြန်ဆက်သွယ်တဲ့အခါ တစ်ဖက်က အခြေအနေ တစ်ခုအရ အိမ်ထောင်ကျသွားတဲ့ အခါ ကိုယ်ပဲ နှစ်ခါ နာကျင်ရပါတယ်။ ဒီလို မဖြစ်ရလေအောင် ခက်ခဲနေတဲ့ အချိန်တွေမှာလည်း တူတူလက်တွဲပြီး ရှေ့ဆက်ဖို့ ကြိုးစားလိုက်ပါ။

၄။ လိုအပ်ချက်တွေ ရှိနေတာ
“အချိန်ကမမှားပါဘူး တို့နှစ်ယောက်ရဲ့အချစ်က ခိုင်လုံမှုမရှိလို့ပဲ” ဆိုပြီး ဖြေသိမ့်တတ်ကြပါတယ်။ နှစ်ယောက်လုံးက ကိုယ်လုပ်ရမယ့် အလုပ်တွေ ပြီးမြောက်အောင် ကြိုးစားခဲ့ကြယုံပါ၊ လမ်းခွဲဖို့ထိ မစဉ်းစားခဲ့ကြပါဘူး။ သေချာတာ တစ်ခုကတော့ မှန်ကန်တဲ့လူနဲ့ အချိန်မှားပြီး တွေ့ဆုံရတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ တစ်ကမ္ဘာလုံးမှာ မှန်ကန်တဲ့ ဖော်မြူလာ မရှိသေးဘူး ဆိုတာပါပဲ။

Nadi
Lifestyle_Myanmar
ref-herway