
အပေါင်းအသင်းတွေ ကြားမှာ ကောင်မလေး မရှိလို့ FA ဆိုပြီး အစ ခံနေရတယ် ဆိုရင်တော့ အားကျမခံ ရှာဖို့အတွက်ဆိုရင် ယောက်ျားလေးတိုင်း ကြိုးစားအားထုတ်လို စိတ်ရှိရင် ရည်းစား ရနိုင်ပါတယ်။ ချစ်သူ ရည်းစားရဖို့ဆိုတာ မခက်ခဲပေမယ့် မလွယ်ကူဘူး ဆိုတာတော့ သိမှာပါ။ မိန်းကလေး တစ်ယောက်ကို ချဉ်းကပ်ဖို့ မဆုံးဖြတ်ခင်မှာ ကိုယ့်ရဲ့အမြင်ကို ပြန်လည်သုံးသပ်ဖို့၊ ယုံကြည်မှုကို မြှင့်တင်ပေးပြီး ကိုယ့်ရဲ့ချိန်းတွေ့မှု စွမ်းရည်ကို ယုံကြည်ဖို့ လိုအပ်ပါတယ်။ မိန်းကလေးတစ်ယောက် ကိုယ့်ကို ငြင်းပယ်မှာ ကြောက်တဲ့ စိတ်ခံစားချက်လေး တစ်ခုအတွက်နှင့်တော့ ဘဝကြီးကို တစ်ယောက်ထဲ အထီးကျန်ကျန် မဖြတ်သန်းပါနှင့်။ တိုတောင်းတဲ့ ဘဝတိုတိုလေးမှာ ကိုယ့်ကိုပျော်ရွှင်မှုပေးနိုင်တဲ့ကောင်မလေးရှိခြင်းက ဆုလာဘ်တစ်ခုပါပဲ။ ကောင်မလေးရဖို့ လမ်းပျောက်နေတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေနှင့် ကြိုးစားကြည့်လိုက်ပါ။
၁။ နည်းမှန်လမ်းမှန် ချဉ်းကပ်ပါ
ဆန့်ကျင်ဘက်လိင်ကို ချဉ်းကပ်ခြင်းနှင့် ဆွဲဆောင်ခြင်းက ကိုယ့်ရဲ့ စိတ်သဘောထားနှင့် အများကြီး သက်ဆိုင်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ မိမိကိုယ်ကို လေးစားမှုက အခြားအရာများနှင့် ယှဉ်ရင် ကွဲပြားပေါ်လွင်အောင် အာရုံစိုက်ပါ။ အရမ်းကြီး သရုပ်ပျက်တဲ့ထိတော့ မကြိုးစားပါနဲ့။
၂။ အပြောင်အပျက်တွေ လျော့ပါ
ယောက်ျားလေးတွေက မိန်းကလေး တစ်ယောက်ကို တကယ်ချစ်မိတဲ့အခါ၊ ရည်းစားထားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အခါ သူတို့ဟာ မိန်းကလေးအတွက် အရာမှန်သမျှကို လုပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ယောင်္ကျား တစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ အဲ့လိုဖြစ်ဖို့အတွက် မင်းရဲ့ ပေါ့ပျက်ပျက် အတွေးတွေနှင့် လုပ်ရပ်တွေကို လျှော့ချသင့်ပါတယ်။
၃။ ကိုယ်ပိုင်စတိုင်ကို ရှာပါ
ဒီတော့ ရည်းစားရချင်ရင် မိန်းမတွေက ကိုယ့်ကို သတိထားမိအောင် လုပ်ထားဖို့ လိုတယ် မဟုတ်လား? ဘယ်သူကိုမဆို အာရုံဖမ်းစားဖို့ အကောင်းဆုံး နည်းလမ်းက ကိုယ့်ရဲ့စတိုင်လ်နှင့် အသွင်အပြင်ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ဝင်စားစရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံကို ပြသရန် သေချာပေါက် လုပ်ဆောင်သင့်ပါတယ်။
၄။ စစ်မှန်သူဖြစ်ပါစေ
မိန်းကလေးတစ်ယောက်ကို ဘယ်လို ရအောင် လုပ်ရမလဲ? မိန်းကလေး တစ်ယောက်ကို ဘယ်လို ဆွဲဆောင်ရမလဲလို့ တွေးနေတယ်ဆိုရင်တော့ ကိုယ်တိုင်က စစ်မှန်သူဖြစ်ဖို့ လိုပါတယ်။ ကိုယ်တိုင်က စစ်မှန်သူ ဖြစ်အောင် သင်ယူခြင်းက ဘဝရဲ့ တန်ဖိုးအရှိဆုံး သင်ခန်းစာ တစ်ခုပဲ ဖြစ်ပါတယ်။
၅။ သူမကို နည်းမှန်လမ်းမှန် ကျီစားပါ
ကိုယ့်ကောင်မလေးကို ဘယ်သူမဆို ကျီစားနိုင်ပေမယ့် ကောင်မလေးကို နည်းမှန်လမ်းမှန် ကျီစားတာကို လူတိုင်းမသိကြပါဘူး။ ကျီစားလွန်သွားရင်တော့ မကောင်းပါဘူးနော်။ အရေးကြီးဆုံးကတော့ သိမ်မွေ့တဲ့နည်းနဲ့ လုပ်ရမှာပါ။ ဒီချဉ်းကပ်မှုက ဉာဏ်ကောင်းတဲ့ပုံ ကိုပေါ်စေပြီး သူမကို ပြုံးရယ် စေနိုင်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုံး၊ ဆံပင်ပုံစံ၊ မျက်လုံးများ သို့ အခြားအရာတစ်ခုခု အတွက် ချီးကျူးစကားပြောရင်း ကျီစားကြည့်ပါ။
၆။ သူမကို အလေးထားပါ
ကိုယ့်ကောင်မလေး ကိုယ့်ကို အထင်ကြီး၊ လေးစားတာကို ယောက်ျားလေးတိုင်း ခံချင်ကြပါတယ်။ ကိုယ်တိုင်က လေးစားခံချင်သလို သူမကိုလည်း အလေးထားပေးပါ။ အလွယ်ဆုံးနည်းလမ်းက စကားပြောဆိုတဲ့ နေရာမှာလည်း ပညာရှိပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ဖျော်ဖြေရေး နည်းလမ်းဖြင့် ပြောဆိုခြင်းက သူမရဲ့ စိတ်ဝင်စားမှုကို ရနိုင်တဲ့အပြင် သူမကိုလည်း လွတ်လပ်စေပါတယ်။ သူမရဲ့ စကားလုံးတိုင်းကိုလည်း စိတ်ဝင်တစား နားထောင်ပေးခြင်းဖြင့်လည်း အလေးထားမှုကို ပြသနိုင်ပါတယ်။
၇။ အချိန်တိကျပါ
မိန်းကလေး တစ်ယောက်ကို ချိန်းတွေ့ဖို့ တောင်းဆိုတာက အလုပ်ကိစ္စတစ်ခုလို့ မသတ်မှတ်သင့်ပေမယ့် အချိန်တိကျဖို့တော့ လိုပါလိမ့်မယ်။ ချိန်းထားတဲ့ အချိန်ကိုနောက်ကျပြီး ရောက်သွားတာက ရေရှည်ဆို မကောင်းနိုင်ပါဘူး။ အချိန်ကို လေးစားတတ်တဲ့ ယောက်ျားလေးကို မိန်းကလေးတွေက သဘောကျ နှစ်သက်တယ်ဆိုတဲ့ အချက်ကိုလည်း မမေ့သင့်ပါဘူး။
Nadi
Lifestyle_Myanmar
ref-herway