ရည်းစားဟောင်းက block သွားတဲ့ အကြောင်းပြချက် ၄ မျိုး
lifestylemyanmar.com
|
2022-01-18

လူနှစ်ယောက်ရဲ့ ဆက်ဆံရေးတစ်ခုက ပြီးဆုံးသွားတဲ့အခါ မင်းအရင်ရည်းစားဟောင်းနဲ့ ကောင်းတဲ့အချက်တွေရှိခဲ့သလို မကောင်းတဲ့အချက်တွေလည်း ရှိတယ်လို့ ခံစားရမှာပါ။ တစ်ယောက်နဲ့တစ်ယောက် မမုန်းပဲနဲ့ တကယ်ရှေ့ဆက်ဖို့ ဘယ်လိုမှ အဆင်မပြေတော့လို့ လမ်းခွဲလိုက်ရတဲ့အခါ နာကျင်ရတာမျိုးတွေရှိနိုင်ပါတယ်။ ဒီလိုအချိန်မှာ မင်းရဲ့ရည်းစားဟောင်းက မင်းကို Block လိုက်တဲ့အခါ ဘာကြောင့်မှန်းမသိပဲ ဖြစ်သွားနိုင်ပါတယ်။ ပြီးဆုံးသွားတဲ့ ဆက်ဆံရေးတစ်ခုမှာ Block ပြီးအဆက်အသွယ်ဖြတ်လိုက်ရတဲ့ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ ပတ်သတ်မှုတွေလည်း ရှိနေနိုင်ပါတယ်။ မင်းမှာလည်း ရှေ့ဆက်ဖို့ အနာဂတ်တွေ အများကြီးရှိသေးတဲ့အတွက် ဒီအတွက်ကြောင့်နဲ့ အချိန်ကုန်ခံပြီး စဉ်းစားဖို့မလိုပါဘူး။ ပြီးဆုံးသွားတဲ့ ဆက်ဆံရေးတိုင်းက အဆိပ်အတောက်တစ်ခု ဖြစ်သွားတဲ့ ပတ်သတ်မှုတစ်ခုထက် မပိုပါဘူး။ သူ့ဘက်က နေနိုင်တာထက် ကိုယ့်ဘက်က ပိုနေနိုင်အောင် ကြိုးစားပြလိုက်တာက အနိုင်ရသွားတဲ့ ခံစားချက်မျိုးကိုပေးစွမ်းနိုင်ပါတယ်။


၁။ မင်းကိုတွေ့ရတာ အရမ်းနာကျင်တယ်

ပြီးဆုံးသွားပြီဖြစ်တဲ့ ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်က အဆင်ပြေလွန်းနေတာ၊ အဆင်မပြေဖြစ်လွန်းနေတာကို တွေ့ရတာက ကျန်တစ်ယောက်အတွက် ဘယ်လိုမှ မခံစားနိုင်ပါဘူး။ အရာရာတိုင်းက အစပိုင်းမှာတော့ ထိခိုက်လွယ်တတ်ကြတဲ့ အတွက် ချစ်နေသေးသည်ဖြစ်စေ မချစ်တောသည်ဖြစ်စေ အခြားတစ်ယောက်ရဲ့ ဖီလင်က အခြားတစ်ယောက်အတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ မင်းကိုတွေ့လိုက်တိုင်း နာကျင်ရတဲ့ ခံစားချက်မျိုးကို ဘယ်သူမှမလိုချင်ကြပါဘူး။ ဒါကြောင့် Block ဖို့ ရွေးချယ်လိုက်တာပါ။


၂။ သူ့တွင် ချစ်သူအသစ်ရှိတာ

သူနဲ့လမ်းခွဲပြီး လအနည်းငယ်အကြာမှာ ရုတ်တရက် သူ့ကို မင်းရဲ့ new feeds ရဲ့ ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူးဆိုရင်၊ အခု သူ့မှာ ချစ်သူအသစ်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရည်းစားဟောင်းဖြစ်တဲ့ မင်းနဲ့ အဆက်အသွယ်ရှိနေတဲ့အခါ လက်ရှိ relationship ကိုထိခိုက်လာမှာ စိုးတဲ့အတွက် block လုပ်ထားတာပါ။။ မင်းက သူ့ကိုမနှောင့်ယှက်သည့်တိုင် သူ့ဘက်က အရင် ဇာတ်လမ်းတစ်ခုကို စဖို့ရွေးချယ်လိုက်လို့ မင်းနဲ့ရင်ဆိုင်ဖို့ အင်အားမရှိတော့တဲ့အတွက် ရှောင်ပြေးတဲ့ ဘက်ကို စဉ်းစားလိုက်တာပါ။


၃။ မင်းသူ့ကို ဒေါသထွက်အောင် လုပ်ခဲ့တာ

မင်းနဲ့သူရဲ့ဆက်ဆံရေးက ကောင်းကောင်းပြီးဆုံးသွားပြီလို့ မင်းထင်ကောင်းထင်နိုင်ပေမယ့် လက်တွေ့မှာတော့ မင်းနဲ့သူကြားမှာ သူမကျေနပ်တာ တစ်ခုခုဖြစ်သွားပြီး စိတ်ဆိုးစိတ်နာ သွားရင်လည်း မင်းကို block ဖို့ ရွေးချယ်လိုက်မှာပါ။ စိတ်ဆိုးဒေါသထွက်စေတဲ့ အပြုအမူမျိုးတွေကြောင့် ပျက်ဆီးသွားတဲ့ ဆက်ဆံရေးတိုင်းက ထပ်ပြီးစားသုံးဖို့မသင့်တော့တဲ့ ရက်လွန်နေတဲ့ ပေါင်မုန့်တစ်ခုလိုပါပဲ။ နောက်ထပ်ပတ်သတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။


၄။ သူက သူငယ်ချင်းဖြစ်ဖို့ စိတ်မဝင်စားပါ

ဟုတ်ပါတယ် ပြီးဆုံးသွားတဲ့ ဆက်ဆံရေးတစ်ခုက လူတစ်ယောက်ကို သူငယ်ချင်းအဖြစ်နဲ့ ဘယ်သူမှ လက်မခံချင်ကြပါဘူး။ တစ်ချိန်က ပျော်ရွှင်ခဲ့ရတာတွေ၊ စိတ်ပင်ပန်းခဲ့ရတာတွေကို အတူမျှဝေဖူးတဲ့ လူတစ်ယောက်ကို ဘာမှမဖြစ်ခဲ့သလိုမျိုး သူငယ်ချင်းအနေနဲ့ ပြန်ပြီးဆက်ဆံရတာက အရမ်းခက်ခဲပါတယ်။ သူငယ်ချင်းအဖြစ်နဲ့ ဆက်ပြီးရှိနေနိုင်တဲ့ မာကျောတဲ့ နှလုံးသားနဲ့ လူကရှားပါတယ်။ ဒါကြောင့် မာကျောတဲ့ နှလုံးသားကို မပိုင်နိုင်သေးတဲ့အတွက် block လိုက်တာ ဖြစ်နိုင်ပါတယ်။

Nadi

Lifestyle_Myanmar

ref-bolde




Some text some message..