
ဒီနေ့ခေတ်မှာ ဘရာစီယာတွေက ပုံစံအမျိုးမျိုးရှိပြီး အမျိုးသမီးတိုင်းနှစ်သက်စေဖို့ အထူးခြားဆုံးပုံစံတွေနဲ့ အံ့ဩဖွယ်ရာဒီဇိုင်းတွေလည်း ရှိနေပါတယ်။ ဘရာတွေက သင့်အဝတ်အစားအတွက် အခြေခံအုတ်မြစ်ကို ဖန်တီးပြီး သင့်ကို ကြည့်ကောင်းစေတဲ့အပြင် ဘရာစီယာတွေက သင့်အတွက် အကျိုးရှိစေတဲ့ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ထားကြပါတယ်။ ဘရာစီယာတွေကို သင့်အနေနဲ့ အကျိုးရှိရှိဘယ်လိုအသုံးချသင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး မျှဝေပေးချင်တာလေးတွေရှိပါတယ်။
၁။ လည်ပင်းနာတာတွေ သက်သာလာမယ်

ရင်သားကြီးတာတွေက သင့်နောက်ကျောကို ထိခိုက်နိုင်တယ်ဆိုတာ သင်ကြားဖူးပါလိမ့်မယ်။ ကံမကောင်းစွာနဲ့ပဲ ပိုကြီးတဲ့ရင်သားတွေက လည်ပင်းတွေကို တင်းမာစေပြီး ကျောနဲ့ ပုခုံးတွေကို နာကျင်စေနိုင်ပါတယ်။ တစ်ချို့သော လူတွေက ၎င်းတို့ရဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားတွေအတိုင်း ရင်သားကို လျှော့ချဖို့ကြိုးစားပေမယ့် သက်တောင့်သက်သာရှိပြီး အံဝင်ခွင်ကျဖြစ်သော ဘရာစီယာကို ဝတ်ဆင်ခြင်းက သင့်အတွက် အကူအညီဖြစ်စေပြီး ဒီနာကျင်မှုကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။
၂။ သင့်ရဲ့ ကျောရိုးအနေအထား ပိုကောင်းလာနိုင်ပါတယ်
ဆွဲငင်အားတွေကို ငါတို့အားလုံးဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး။ သင့်ရင်သားအလေးချိန်က မသက်မသာဖြစ်စေနိုင်တယ်လို့ ယူဆမိတယ်ဆိုရင် သင့်ကိုယ်ဟန်အနေအထားကလည်း အလားတူအကြောင်းရင်းကြောင့် ထိခိုက်နိုင်ပါတယ်။ အကူအညီဖြစ်စေဖို့ ဘရာစီယာဝတ်ဆင်ခြင်းက သင့်ကို ပိုမိုကောင်းမွန်သော ကိုယ်ဟန်အနေအထားရှိခြင်းနှင့် ကျောရိုးပြဿနာတွေကို လျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။
၃။ လေ့ကျင့်ခန်းလုပ်ချိန်မှာ သင့်ရင်သားကို ထိခိုက်မှာမဟုတ်တော့ဘူး

တစ်ချို့မိန်းကလေးတွေနှင့် အမျိုးသမီးတွေက လေ့ကျျင့်ခန်းလုပ်ချိန်မှာ ရင်သားနာကျင်မှုကို ခံစားကြရပါတယ်။ ယေဘုယျအားဖြင့် အမြန်လမ်းလျှောက်ခြင်း၊ ပြေးခြင်း (သို့) လေ့ကျင့်ခန်းလုပ်ခြင်းတွေမှာ ရင်သားတစ်သျှူးတွေရဲ့ လှုပ်ရှားမှုကြေင့်ဖြစ်ပါတယ်။ အဖြေကတော့ အားကစားဘရာစီယာဝတ်ဆင်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်ဖြစ်ပေါ်လာမယ့် နာကျင်မှုမှန်သမျှကို လျှော့ချပေးနိုင်ပါလိမ့်မယ်။
၄။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို မြှင့်တင်ပေးနိုင်မယ်
ကမ္ဘာပေါ်မော်ဒယ်လ်နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Dita Von Teese က
မင်းရဲ့ ကောင်းမွန်တဲ့ အတွင်းခံတွေကို ချိန်းတွေ့ဖို့ သိမ်းဆည်းမထားပါနဲ့၊ အခုပဲ ဝတ်လိုက်ပါ
တဲ့။ ဒီစကားက အားလုံးလက်ခံရမယ့်အပိုင်းဖြစ်ပါတယ်။ ဘရာစီယာ (သို့) အတွင်းခံအစုံဝတ်ဆင်ထားတဲ့အခါ လှပတယ်လို့ ခံစားရပြီး အရေးကြီးတဲ့နေ့တွေမှာ ပိုမိုယုံကြည်မှုရှိလာစေပါလိမ့်မယ်။ အရာရာအတွက် အဆင်သင့်ဖြစ်နေသလိုမျိုးလည်း ခံစားရပါလိမ့်မယ်။
၅။ သင်ဟာ ဖက်ရှင်ကျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါလိမ့်မယ်

အမျိုးသမီးတော်တော်များများက သူတို့ရဲ့ ဘရာကို စတိုင်လ်ကျပြီး ဆွဲဆောင်မှုရှိသော ဖက်ရှင်တစ်ခုအဖြစ် ပြောင်းလဲနိုင်မယ့် ဖက်ရှင်ရေစီးကြောင်းကလည်း တိုးတက်လာနေပါတယ်။ ကြည့်ကောင်းတဲ့ ဘရာစီယာကို ရွေးပြီး ခါးမြင့်တဲ့ စကတ် ဒါမှမဟုတ် ဘောင်းဘီနဲ့ တွဲဝတ်ပါ။ ဘယ်လောက်ကြည့်ကောင်းတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
Lifestyle_Myanmar
Nyein_Thu
ref-brightsideme