တစ်စုံတစ်ယောက်ကိုမေ့ပစ်ဖို့ ခက်ခဲနေတဲ့အခါမှာ လုပ်ကြည့်သင့်တဲ့အရာ ၅ ခု
mystylemyanmar.com
|
2022-01-25

တစ်စုံတစ်ယောက်ကိုမေ့ပစ်ဖို့ ခက်ခဲနေတဲ့အခါမှာ ကိုယ့်စိတ်သက်သာရာရအောင်၊ မေ့ပစ်လိုက်နိုင်အောင်လို့ မဖြစ်မနေလုပ်ကြည့်သင့်တဲ့အရာ ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

ပြန်ဆက်သွယ်ကြည့်ပါ


အရမ်းခံစားနေရပြီး သူ့ကိုလုံးဝမမေ့နိုင်ဖြစ်နေတယ်ဆိုရင်၊ သူ့မှာအသစ်ရနေပြီလားဆိုတာ စုံစမ်းကြည့်ပါ။ အသစ်မရသေးဆိုရင် ပြန်ဆက်သွယ်ကြည့်ပါ။ သူ့ဘက်ကလည်း ချစ်နေသေးတယ်၊ ကိုယ်နဲ့ပြန်တွဲချင်စိတ် ရှိသေးတယ်ဆိုရင် လက်ခံမှာပါပဲ။ အဲ့အခါကျရင်တော့ ဘာမှဆက်လုပ်နေစရာ မလိုလောက်အောင်ကို အဆင်ပြေပြီး ပျော်ရွှင်ရမှာပါ။ ကိုယ်ပြန်ဆက်သွယ်လို့ သူ့ဘက်က လက်မခံဘူးဆိုရင်တော့ မေ့ပစ်ဖို့ခက်ခဲနေလည်း မေ့နိုင်အောင်လို့ ဒီအရာတွေကို ဆက်လုပ်ရမှာပါပဲ။

တစ်ယောက်ထဲမနေပါနဲ့


တစ်ယောက်ထဲနေရင် သူ့အကြောင်းပဲတွေးမိနေပြီး ပိုမမေ့နိုင်တော့ပါဘူး။ ပိုပြီးတော့လည်း ခံစားရပါတယ်။ ဒါကြောင့် တစ်ယောက်ထဲမနေပါနဲ့။ အပြင်သွားပါ။ သူငယ်ချင်းတွေနဲ့တွေ့ပြီး ပျော်ပါးပါ။ သူတို့နဲ့တွေ့ပြီး ပျော်ရွှင်နေရင် တခြားအရာတွေလည်း သိပ်ပြီးခေါင်းထဲမရှိတော့ပါဘူး။ ခေါင်းထဲမရှိရင် မတွေးဖြစ်တော့ဘူး။ မတွေးဖြစ်လေ မေ့နိုင်လေဖြစ်လာမှာပါ။

မအားအောင်နေပါ


အားနေရင် တွေးမိနေမှာပါ။ ဒါကြောင့် မအားအောင်နေပါ။ အားနေပြီဆိုရင် တစ်ခုမဟုတ်တစ်ခုလုပ်နေပါ။ ကိုယ့်စိတ်ကို အဲ့ဘက်မရောက်အောင် အတတ်နိုင်ဆုံးထိန်းရမှာပါပဲ။ မဖြစ်နိုင်တော့တာသေချာပြီဆို မေ့ပစ်နိုင်အောင် ဆက်ပြီးကြိုးစားရမှာ ကိုယ့်တာဝန်ပါပဲ။ မမေ့နိုင်ရင် ကိုယ်ပဲပိုနာကျင်ရမှာပါ။

အမှတ်တရတွေဖျက်ပစ်လိုက်ပါတော့


မမေ့နိုင်ဖြစ်နေတာက ဒီအမှတ်တရတွေကြောင့်လည်း ပါပါတယ်။ အမှတ်တရတွေကို ချက်ချင်းဖျက်ပစ်ဖို့ ခက်ခဲနေသေးတယ်ဆိုရင်တောင်မှ မမြင်နိုင်တဲ့နေရာမှာသိမ်းထားပါ။ လုံးဝထုတ်မကြည့်ပါနဲ့။ ဓာတ်ပုံတွေဆိုလည်း အဲ့လိုပါပဲ။ လုံးဝထုတ်မကြည့်ပါနဲ့။ ကြည့်တာနဲ့ သတိရပြီး ဝမ်းနည်းလာမှာပါ။ မေ့မေ့ပျောက်ပျောက်ဖြစ်လာပြီဆိုရင် ဖျက်ပစ်လိုက်ပါ။

စိတ်ပျော်စေမယ့်အရာအသစ်တွေလုပ်ကြည့်ပါ


ဘယ်အရာတွေကိုလုပ်နေရရင် ကိုယ့်စိတ်ပျော်ရွှင်နိုင်မလဲဆိုတာကို ရှာဖွေပါ။ ကိုယ့်စိတ်ပျော်မယ့်အရာတွေကို လုပ်နေပါ။ အသစ်တွေကိုဖန်တီးကြည့်ပါ။ မလုပ်ဖူးသေးတာတွေလုပ်ကြည့်ပါ။ စိတ်သက်သာရာရစေပါတယ်။ ကိုယ်ပျော်တဲ့အရာတွေကိုလုပ်နေရရင် စိတ်ချမ်းသာရပါတယ်။




Some text some message..