စမတ်ဖုန်းတွေနဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို ထိခိုက်ပျက်စီးစေနိုင်သော အမူအကျင့် (၆) ချက်
lifestylemyanmar.com
|
2022-01-25

စမတ်ဖုန်းတွေဟာ အမှတ်တံဆိပ်အပေါ်မူတည်ပြီး ၂ နှစ်ကနေ ၁၀ နှစ်အကြား သက်တမ်းကြာနိုင်ပေမယ့် အရေးအကြီးဆုံးကတော့ သင့်အသုံးပြုမှုအပေါ်မှာ မူတည်ပါတယ်။ သင့်ရဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ ပျက်စီးခြင်းကနေ ကာကွယ်ဖို့ ဘက်ထရီကို ပညာရှိရှိအသုံးပြုပေးပြီး သင့်အက်ပ်တွေကို အပ်ဒိတ်လုပ်ပေးမယ်ဆိုရင် ကြာကြာအသုံးပြုနိုင်ပါလိမ့်မယ်။ သင်ဘာလုပ်သင့်တယ်ဆိုတာကို သိဖို့လိုအပ်တာမှန်ပေမယ့် သင်မလုပ်သင့်တဲ့အရာတွေကိုလည်း သိဖို့ လိုအပ်ပါတယ်။

၁။ အားသွင်းပေါက်ကို သန့်ရှင်းရေးလုပ်ဖို့ သတ္တုချောင်းတွေ မသုံးပါနဲ့


သံချောင်း၊ ဓား (သို့) စက္ကူကလစ်တွေလိုမျိုး သတ္တုပစ္စည်းတွေက သင့်ဖုန်းရဲ့ အပေါက်ကို ခြစ်ရာတွေဖြစ်စေပြီး သင့်အတွက် နောက်ထပ်ပြဿနာတွေဖန်တီးနိုင်ပါတယ်။ အကောင်းဆုံးရွေးချယ်မှုတွေထဲကတစ်ခုက သွားကြားထိုးသံဖြစ်ပြီး အားသွင်းပေါက်အတွင်းဝင်ဖို့ သေးငယ်ပြီး အစွန်းအားလုံးကို သန့်ရှင်းစေပါတယ်။ ဒုတိယရွေးချယ်မှုက ဖုန်မှုန့်တွေနှင့် အပျက်အစီးတွေအားလုံးကို မှုတ်ထုတ်နိုင်တဲ့ Air Compressor ဖြစ်ပါတယ်။ သင့်ပါးစပ်နဲ့ မှုတ်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အကြောင်းရင်းကတော့ ထိခိုက်ပျက်စီးမှုဖြစ်နိုင်ခြေရှိသော ရေမှုန်တွေပါဝင်နိုင်တာကြောင့်ပါ။

၂။ သင့်ဖုန်းကို ပြတင်းပေါက်အနား နေရောက်အောက်မှာ မထားပါနဲ့


သင့်ဖုန်းကို နေရောင်ခြည်အောက်မှာ ဘယ်လိုအကြောင်းမျိုးကြောင့်နဲ့မှ မထားသင့်ပါဘူး။ အထူးသဖြင့် ဖုန်းအားသွင်းထားချိန်မှာ နေရောင်ခြည်အောက်မှာထားမယ်ဆိုရင် အားသွင်းချိန်ပိုကြာပါလိမ့်မယ်။ ဒါတင်မကသေးဘဲ စခရင်က အပူတွေကို အလွန်လျင်မြန်စွာ စုပ်ယူနိုင်တာကြောင့် ဖုန်းချို့ယွင်းမှုတွေစတင်လာပါလိမ့်မယ်။ အဆိုးဆုံးအခြေအနေကတော့ သင့်ဖုန်းဟာ အပူလွန်ကဲပြီး သူ့ကိုယ်သူကာကွယ်ဖို့အတွက် ပိတ်သွားနိုင်ပါတယ်။

၃။ ဘက်ထရီ သုညရောက်မှ အားမသွင်းပါနဲ့


အကောင်းဆုံးဘက်ထရီသက်တမ်းအတွက် ပုံမှန်ရှိသင့်သော ဘက်ထရီရာခိုင်နှုန်းဟာ ၂၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအကြားမှာရှိသင့်ပါတယ်။ သင်က သင့်ရဲ့ ဖုန်းကို 0 ရာခိုင်နှုန်းအထိ ဘယ်တော့မှ မထားသင့်ပါဘူး။ ၈၀ ရာခိုင်နှုန်းထက်ကျော်လွန်မယ်ဆိုရင် အားကုန်မြန်ပါလိမ့်မယ်။

၄။ ရေစိုခံတယ်ဆိုပေမယ့် သင့်ဖုန်းကို မကြာခဏရေနဲ့ မထိတွေ့ပါနဲ့


တစ်ချို့သော ထုတ်လုပ်သူတွေက သင့်ဖုန်းဟာ ရေအောက်မှာလည်း ကောင်းကောင်းအသက်ရှင်နိုင်တယ်လို့ ဆိုကြပေမယ့် ၎င်းမှာလည်း ခြွင်းချက်အနည်းငယ်ရှိပါတယ်။ အကြောင်းပြချက်မရှိဘဲ သင့်ဖုန်းကို ရေထဲကို မကြာခဏယူဆောင်သွားတာမျိုးရှောင်ကြဉ်သင့်ပါတယ်။ ဗွက်အိုင်ထဲ မတော်တဆပြုတ်ကျခြင်း (သို့) မိုးရေစိုသွားတာက သိပ်မထူးခြားပေမယ့် ရေအောက်မှာ တမင်အကြာကြီးထားဖို့တော့ မဖြစ်နိုင်ပါဘူး။ ၅ မိနစ် နဲ့ ၃၀ အကြားက အသင့်လျော်ဆုံးအချိန်ဖြစ်ပါတယ်။

၅။ အတည်ပြုချက်မရရှိထားသော စတိုးတွေကနေ app တွေကို ဒေါင်းလုဒ်မလုပ်ပါနဲ့

သင့်ရဲ့ အက်ပ်တွေအတွက် အဆင့်သတ်မှတ်ချက်တွေနဲ့ သုံးသပ်ချက်တွေရှိတဲ့ တရားဝင်အက်ပ်စတိုးတွေကနေသော ဒေါင်းလုဒ်လုပ်သင့်ပါတယ်။ သင့်ရဲ့ စက်ပစ္စည်းတွေကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ malware မှန်သမျှကို သိရှိနိုင်စေဖို့ သင့်ရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးပရိုဂရမ်ကို ဖွင့်ထားကြောင်းသေချာပါစေ။

၆။ အိမ်သာထဲကို မည်သည့်ကိရိယာတန်ဆာပလာမှ မယူသွားပါနဲ့


ဖုန်းကို သင်နဲ့အတူ အိမ်သာထဲသို့ ယူဆောင်ခြင်းက ကျန်းမာရေးနှင့် မညီညွှတ်သလို သင့်ဖုန်းကိုရော၊ သင်ကိုယ်တိုင်ကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အိမ်သာကနေ ဗြုန်းခနဲထိလိုက်ချိန်မှာ သင့်ဖုန်းက လက်ထဲက ချော်ထွက်ပြီး ရေထဲကျနိုင်တာကြောင့် ၎င်းကို ပျက်စီးစေနိုင်တဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေရဲ့ အန္တရာယ်ကနေ ရှောင်ကြဉ်သင့်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

ref-brightsideme




Some text some message..