relationship တစ်ခုမှာ ဘာကြောင့် ကိုယ်ကအချစ်မခံရဘူးလို့ ခံစားနေရတာလဲ?
lifestylemyanmar.com
|
2022-02-02

ကျွန်တော်တို့ လူသားတိုင်းက အခြားလူသားတွေဆီကနေ နွေးထွေးမှုနဲ့ ချစ်ခင်မှုကို လိုချင်တောင့်တတတ်တဲ့ သူတွေပဲ ဖြစ်ပါတယ်။ လူသားတစ်ယောက်အနေနဲ့ အချစ်ကိုရှာဖွေဖို့ ခက်ခက်ခဲခဲတွေ ကြိုးပမ်းနေရက်နဲ့ လိုချင်သလောက်မရလာတဲ့ အခါ အချစ်မခံရတဲ့ ခံစားချက်ဝင်လာတတ်ပါတယ်။ လူတိုင်းမှာ အချစ်မခံရဘူးလို့ထင်နေတဲ့ စိတ်အခြေအနေတွေက အမျိုးမျိုး ရှိနေတတ်ပါတယ်။ မိသားစုထဲမှာပဲ ဖြစ်ဖြစ် အပေါင်းအသင်းတွေကြားမှာပဲ ဖြစ်ဖြစ် ချစ်သူရည်းစားကြားမှာပဲ ဖြစ်ဖြစ် ကိုယ်ကအချစ်မခံရဘူးလို့ မကြာခဏ တွေးနေတတ်ကြပါတယ်။ ဘာကြောင့် အချစ်မခံရဘူးလို့ ကိုယ့်ကိုကိုယ် ထင်နေရတာလဲ? ဆိုတာက ကိုယ့်စိတ်က လူတိုင်းနဲ့ ထပ်တူမကျပဲ ကိုယ်လိုချင်တာ မရတဲ့အခါ၊ ဆုံးရှုံးရမှာကြောက်တဲ့ စိတ်တွေဝင်လာတဲ့အခါမှာ အများဆုံးဖြစ်တတ်ကြပါတယ်။ ဒီလိုစိတ်တွေဝင်လာပြီဆိုရင် ဘာကြောင့်ဖြစ်တာလဲ၊ ဘာလုက်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။


၁။ အချစ်ကိုဖွင့်ဆိုတဲ့ ဘာသာစကားမတူတာ

သင်ဟာ အချစ်ရေးမှာရှိနေပေမယ့် အချစ်မခံရသေးဘူးလို့ ခံစားရပါက၊ သင်နဲ့ သင့်လက်တွဲဖော်ဟာ မတူညီတဲ့ ချစ်ခြင်းမေတ္တာဘာသာစကားကို ပြောတတ်တာကြောင့် ဖြစ်နိုင်ပါတယ်။ ကတိသစ္စာစကားများ၊ ဝန်ဆောင်မှုပေးတဲ့ အပြုအမူတွေကို သင်ကလိုချင်ပေမယ့် သင့်လက်တွဲဖော်က လက်ဆောင်တွေနှင့် ရုပ်ပိုင်းဆိုင်ရာတွေကိုပဲ ပေးနေမယ်မယ်ဆိုရင် အချစ်ကိုဖွင့်ဆိုတဲ့ အဘိဓ္ဓါန်က ကွဲပြားနေလို့ပါ။ ဒါကသင်မလိုချင်တဲ့ မတူညီတဲ့ စာမျက်နှာတွေဆိုရင် သင်အချစ်မခံရဘူးလို့ပဲ ခံစားနေရမှာပါ။


၂။ လက်တွဲဖော်အပေါ်မျှော်လင့်ချက်ကြီးတာ

သင့်ဘ၀တွင် သင့်လက်တွဲဖော် ပါဝင်သင့်တဲ့ အခန်းကဏ္ဍများစွာရှိပေမယ့် သင့်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးရန် မျှော်လင့်ထားလို့ မရနိုင်ပါဘူး။ ဒါဟာ ကျိုးကြောင်းဆီလျော်မှုမရှိသလို စကားအရလည်း မဖြစ်နိုင်ပါဘူး။တကယ်လို့ သင်က ဒီလိုမျှောလင့်ချက်ကြီးနေမယ်ဆိုရင် သင့်လက်တွဲဖော်က ဘယ်လောက်ပဲ ဂရုစိုက်စိုက် အလေးအနက်ထားထား သင့်ဘက်က ချစ်ခြင်းမေတ္တာနဲ့ လွှဲနေပြီလို့ခံစားရတော့မှာ အသေအချာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဂရုစိုက်ဖို့ သူငယ်ချင်း၊ ချစ်သူနဲ့ မိသားစုတွေကို အားကိုးတာက ကိုယ်ကိုတိုင်အတွက် ဘယ်လိုမကောင်းနိုင်ပါဘူး။ ကိုယ့်အတွက် ကိုယ်ပဲ တာဝန်ရှိသင့်ပါတယ်။


၃။ အချစ်ဆိုတာ ဘယ်လိုမျိုးလဲ

အချစ်ဆိုတာရဲ့ နွေးထွေးမှုအမြင်က တကယ့်အစစ်အမှန်လို မမြင်ရတဲ့ အတွက်ကြောင့် မင်းမချစ်တတ်ဘူးလို့ ခံစားရနိုင်ပါတယ်။ အဆင်မပြေတဲ့ဆက်ဆံရေးတွေကို မြင်ဖူးတာ၊ သင်ကိုယ်တိုင်ဖြတ်သန်းခဲ့ရဖူးတယ်ဆိုရင် ကျန်းမာပြီး အဆိပ်အတောက်ကင်းတဲ့ ဆက်ဆံရေးမျိုး သင်ဘယ်တော့မှ မယုံကြည်တာ မဆန်းကျယ်ပါဘူး။ ဒါက သင့်အမှားလည်း မဟုတ်ပါဘူး။ ဒီမညီမျှမှုကို ဖြေရှင်းရန် အရေးကြီးတဲ့ အချက်က ပြဿနာတွေရဲ့ အရင်းမြစ်ကို လက်ခံဖို့ပါပဲ။


၄။ အတော်အတန် ချစ်ခဲ့ဖူးပြီးပြီ

နောက်ဆုံးအနေနဲ့၊ မင်းတို့ရဲ့ဆက်ဆံရေးက ပြီးသွားပြီး မင်းနဲ့မင်းရဲ့လက်တွဲဖော်ကြားက ချစ်ခြင်းမေတ္တာတွေ ကုန်ဆုံးသွားတဲ့အတွက် မင်းရဲ့ဆက်ဆံရေးမှာ မင်းအချစ်မခံရဘူးလို့ ခံစားရနိုင်တယ်။ ဒါက ဘယ်သူ့အပြစ်မှမဟုတ်ပေမယ့် နှစ်ယောက်စလုံးက အဲဒါတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး ရှေ့ဆက်သွားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။ ဘယ်သူကမှ အချစ်မခံရဘူးလို့ မခံစားထိုက်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် ရိုးသားရန် အရေးကြီးပြီး အခြေအနေတိုးတက်စေရန် လိုအပ်သမျှ လုပ်ဆောင်ရန်လည်း အရေးကြီးပါတယ်။

Lifestyle_Myanmar

Nadi

ref-bolde




Some text some message..