
ရံဖန်ရံဖန်မှာ ဒစ္စနေးရုပ်ရှင်ကားတစ်ကားကို ကြည့်ရတာ အင်မတန်စိတ်ရွှင်လန်းဖို့ ကောင်းပါတယ်။ အနည်းဆုံးတော့ အချိန်အကန့်အသတ်တစ်ခုအထိ မှော်ကမ္ဘာထဲမှာနေခွင့်ရပြီးမှ လက်တွေ့ဘဝထဲ ပြန်ခုန်ဆင်းရတာကိုး။ ရိုမန့်ဇာတ်လမ်းတွေနဲ့အတူ တစ်ချို့ဒဏ္ဍာရီဆန်ဆန် စိတ်အားထက်သန်မှုတွေက ကြည့်နေချိန်မှာ အမှန်တကယ်စိတ်အားထက်သန်ရပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဆက်ဆံရေးကို အမှန်တကယ် ကျေနပ်အားရမှုကို လျော့ကျစေနိုင်တယ်လို့ ဒီလေ့လာမှုတွေအရ သိရပါတယ်။
၁။ soulmate မှန်ခဲ့ရင် အကြိုက်တွေကို သိနေရမယ်(သို့) အကြိုက်ချင်းတူနေရမယ်၊ တိုက်ဆိုင်မှုတွေ ရှိရမယ်

soulmate (သို့) တစ်စုံတစ်ယောက်၊ သင်နဲ့တစ်သက်လုံး အတူရှိမယ့်သူ စသဖြင့် တွဲဖက်ရှာတဲ့ ရုပ်ရှင်တွေက ကံကြမ္မာကို ယုံကြည်သူတွေအတွက်တော့ ဆွဲဆောင်မှုအတော်လေးရှိတဲ့ ရုပ်ရှင်တွေဆိုပါတော့။ ဥပမာ – နူးညံ့တဲ့ တိုက်ဆိုင်မှုလေးတွေ၊ ထူးဆန်းတဲ့ အကြိုက်လေးတွေတူညီတာမျိုး…ဒါတွေကို သင်ကောင်းကောင်းသိပါတယ်။ ဒီအရာတွေက သင်တို့ကို ပိုပြီးတက်ကြွစေပါတယ်။ အဲ့ဒီ့တက်ကြွခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးလေးက ပြဿာနာနည်းနည်းပေါ်လာတာနဲ့ တစ်ပြိုင်နက် သူတို့ဟာ အလွယ်တကူ လက်လျှော့လိုက်ကြပါတယ်။ ဒါ့ကြောင့် ဆက်ဆံရေးဟာ အချိန်တိုလေးအတွင်းမှာပဲ ပြီးဆုံးသွားတာပေါ့။
သူတို့ဟာ သူတို့ရဲ့ အချစ်ရေးဘဝကို ကောင်းကောင်းထိန်းချုပ်နိုင်စွမ်းရှိသလိုပါပဲ။
၂။ အကြည့်တစ်ချက်နဲ့တင် လုံလောက်တယ်၊ မြင်မြင်ချင်း ချစ်တယ်(သို့) အရာရာကို အကြည့်တစ်ချက်နဲ့တင် စတင်တယ်

တိုက်တန်းနစ် (၁၉၉၇), After , West Side Story (1961)…စသဖြင့် ရုပ်ရှင်တော်တော်များများမှာ မြင်မြင်ချင်း( အကြည့်တစ်ချက်) နဲ့ လုံလောက်ပြီး အချစ်မှာ ပျော်ဝင်သွားကြသူတွေအကြောင်း မကြာခဏကြည့်ဖူးပါလိမ့်မယ်။ ဒီအချက်က ရုပ်ရှင်ရိုက်ကူးသူတွေ တော်တော်လေးသဘောကျကြတဲ့အချက်ဖြစ်ပါတယ်။ လက်တွေ့မှာလည်း တစ်ချက်ကြည့်လိုက်ရုံနဲ့ သင့်ဆွဲဆောင်နိုင်သူတစ်ယောက်ကို သင်ရှာတွေ့နိုင်ပါလိမ့်မယ်။ သို့ပေမယ့် နောက်ဆက်တွဲ အဓိပ္ပာယ်ရှိတဲ့ ချိတ်ဆက်မှုတစ်ခုတည်ဆောက်ဖို့ ထင်သလောက်မလွယ်တာတော့ အမှန်ပါပဲ။ အချိန်တွေ ကြာနိုင်သလို အကြောင်းကြောင်းကြောင့် လုံးဝမရလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
၃။ ရန်ဖြစ်တာက အချစ်ရဲ့ ပြယုဂ် (သို့) ချစ်စိတ်ပြင်းပြနေတာကြောင့်ပါ
တကယ်ကြီးလား? Notebook (2004) လိုဇာတ်လမ်းမျိုး ဆိုပါစို့။ ဆက်ဆံရေးပိုင်း ကျွမ်းကျင်သူတွေက တစ်ခါတရံမှာ စုံတွဲတွေအကြား ကျယ်လောင်သော ရန်ပွဲတွေ၊ ပဋိပက္ခတွေက ပုံမှန်ပါပဲလို့ ပြောကြပါတယ်။ သို့ပေမယ့် သင့်ရဲ့ အသံအက်ကွဲပြီး လည်ချောင်းတွေနာကျင်နေရလောက်အောင် အော်ဟစ်တိုက်ခိုက်နေရာက အန္တရာယ်ရှိတဲ့ တွန်းအားတွေ ပိုဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ဒေါသကို မထိန်းချုပ်နိုင်တဲ့ ပြဿနာတွေလည်းဖြစ်နိုင်ပါသေးတယ်။
၄။ သူရဲကောင်းတစ်ဦးက တစ်နေ့မှာ သင့်ကို လာကယ်လိမ့်မယ်

တကယ်ပါ၊ သူရဲကောင်းတွေဟာ အမှန်တကယ်ချစ်ဖို့ကောင်းပါတယ်။ ဒီအချက်က တော်တော်မဖြစ်နိုင်မှန်း သိသာတဲ့အချက်တစ်ခုလို့တောင် ပြောနိုင်ပါတယ်။
တစ်ချို့ရုပ်ရှင်တွေမှာ သင့်ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ အရာတစ်ခုအဖြစ် ပြသကြပါတယ်။ အချစ်ရေးက ဘဝကို ပိုကောင်းစေမယ့်အရာတစ်ခုဖြစ်နိုင်ပေမယ့် ချိန်းတွေ့ရုံနဲ့ ဘဝပြီးပြည့်စုံသွားမှာ မဟုတ်တာတော့ အသေအချာပါပဲ။ တကယ်တော့ နောက်ပိုင်းမှာဆိုရင် တစ်ယောက်တည်းရှင်သန်ရတာက လူတွေကိုပိုပျော်ရွှင်စေတယ်လို့တောင် ပြောလာကြပါတယ်။
သင့်ကို ကယ်တင်မယ့်တစ်စုံတစ်ယောက် ကြီးပွားချမ်းသာနေမယ်ဆိုရင်တော့ ကောင်းကောင်းပံ့ပိုးနိုင်ပါလိမ့်မယ်။ ဒီ့အတွက် သင်ပျော်ရွှင်ရမယ်ဆိုပါတော့။ ဒါပေမယ့် ချိန်ခွင်လျှာကို ညှိဖို့၊ အလေ့အထတွေ၊ ထုံးတမ်းဓလေ့တွေရဲ့ ခြားနားမှုတွေက ဆက်ဆံရေးကို အလွယ်တကူပျက်စီးစေပါတယ်။
၅။ တစ်စုံတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးက သင့်အတွက် သီးသန့်ပြောင်းလဲပေးမယ်

10 things i hate about you (1999) ဒီရုပ်ရှင်ကိုတော့ တော်တော်များများ ကြည့်ဖူးပါလိမ့်မယ်။ တစ်ယောက်ယောက် သူ့ရဲ့ မွေးရာပါဗီဇတွေကို တစ်ခြားတစ်စုံတစ်ယောက်ကြောင့် ပြောင်းလဲပေးလိုက်ပါတယ်ဆိုတာက လက်တွေ့မှာ အမှန်တကယ်ရှိနေတာလား? တကယ်တော့ သူတို့ဘယ်သူတွေဖြစ်တယ်၊ ဘယ်လိုစိတ်ရင်းတွေရှိတယ်ဆိုတာ လက်တွေ့မချပြမဖြစ် ချပြရမှာက သူတို့ရဲ့ ပါတနာတွေကိုပါပဲ။ ဘယ်သူ့ကြောင့် ဘယ်လိုတွေပြောင်းလဲသွားတယ်ဆိုတာ အဲ့ဒီ့ကိုယ်ရည်ကိုယ်သွေးတွေကို ဆက်ဟန်မဆောင်နိုင်တော့တဲ့တစ်နေ့ ဆက်ဆံရေးပြဿနာတွေအကြီးအကျယ်ဖြစ်လာပါလိမ့်မယ်။
၆။ ရုပ်ရည်အလှတရား (မိတ်ကပ်)တွေက သင်လိုအပ်သမျှ အရာရာပဲလား

Examples: Cinderella (1950), The Princess Diaries (2001), She’s All That (1999)
ရုပ်ရှင်တွေထဲမှာ အမြဲပါနေတတ်တဲ့ သင့်ရဲ့ ဆံပင်ကို ပြောင်းလိုက်ရုံ၊ ဒါမှမဟုတ် မိတ်ကပ်(skin လဲ care ကြဦး)လိမ်းခြယ်လိုက်ရုံနဲ့ သင်ကြိုက်တဲ့လူကို ချည်နှောင်နိုင်တယ်၊ ဆွဲဆောင်နိုင်ပါတယ်တဲ့။ အရင်က သင့်ရဲ့ ဆိုးရွားလှတဲ့ ဖက်ရှင်စတိုင်လ်၊ ဝက်ခြံတွေ ပလစ်ဗျစ်နဲ့ အကျည်းတန်နေတဲ့ သင့်မျက်နှာကို သဘောမကျခဲ့သူက သင့်ကို ကြိုက်ပါလိမ့်မယ်။
သင့်ရဲ့ အသွင်အပြင်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲချင်တာက အမှန်တကယ်ကောင်းပါတယ်။ ဒါပေမယ့် သင်ပြောင်းလဲမှ သဘောကျမယ့်သူနဲ့ ရေရှည်မှာ ဖြစ်ပါ့မလား? တစ်ခြားလူတွေ အထင်ကြီးဖို့တော့ မပြောင်းလဲသင့်ပါဘူး။ ခဏတာပဲ ဖြစ်လိမ့်မယ်လေ။
၇။ ငါတို့က သူငယ်ချင်းတွေတော့ ဖြစ်နိုင်ကြသေးတာပဲ
သင်အချိန်တွေ၊ ခွန်အားတွေကို မြှပ်နှံထားတဲ့ ဆက်ဆံရေးကို စွန့်လွှတ်ပြီးချိန် (သို့) အငြင်းခံရချိန်မှာ သူငယ်ချင်းအဖြစ် ဆက်ရှိနေဖို့က တော်တော်လေးမလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ တစ်ခါတရံမှာ စစ်မှန်တဲ့ ရင်းနှီးမှုရှိဖို့က အကောင်းဆုံးပါပဲ။ မဟုတ်ရင် အနာဂတ်ဆက်ဆံရေးကို ပျက်စီးသွားစေနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိမရှိသိဖို့ သင့်ရည်းစားဟောင်းနှင့် ခင်မင်ရင်းနှီးမှုစတင်ဖို့ ၆ လကနေ တစ်နှစ်အထိ စောင့်သင့်ပါတယ်လို့ စိတ်ပညာရှင်တွေက အကြံပြုထားပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-brightsideme