
စုံတွဲတစ်တွဲအနေနဲ့ relationshipကို နောက်တစ်ဆင့်တက်ဖို့၊ လက်ထပ်ဖို့ ဆုံးဖြတ်တဲ့အခါ စိတ်လှုပ်ရှားပျော်ရွှင်မှုတွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒါပေမယ့်လည်း သူတို့အိမ်မက်ထဲက မင်္ဂလာပွဲလေးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုစီစဉ်ရမလဲဆိုတဲ့ မေးခွန်းတွေလည်း အများကြီးရှိပါတယ်။
သတို့သား/သတို့သမီးတွေအနေနဲ့ အပေါင်းအသင်းမိတ်ဆွေတွေကို မင်္ဂလာပွဲသတင်းမျှဝေဖို့ စိတ်လှုပ်ရှားနေကြမှာဖြစ်သလို အတွေ့အကြုံမရှိတဲ့အတွက် ကိစ္စအတော်များများမှာ စိုးရိမ်စိတ်တွေ ဖြစ်နေမှာပါ ။ မင်္ဂလာမောင်နှံအတွက် မင်္ဂလာဝတ်စုံ၊ မိတ်ကပ်၊ ဓါတ်ပုံရိုက်ကူးရေးကအစ ဖိတ်စာ၊ ဧည့်သည်စာရင်း၊ အစားအသောက်အစီအစဉ်၊ ဟန်းနီးမွန်းနှင့် လက်စွပ်တွေအထိ စီစဉ်ရမယ့် ကိစ္စတွေက ပြီးသွားပုံမပေါ်ပါဘူး။ ဒီတော့ အကြံပြုချက်အချို့က အဆင်ပြေနိုင်ပါတယ်။

သင့်အိမ်မက်ထဲက မင်္ဂလာပွဲကို စီစဉ်ဖို့ အကြံပြုချက်
ပထမဆုံး သင်တို့နှစ်ဦးစလုံးက organization နဲ့ ပြင်ဆင်မှုတွေမှာ တက်ကြွစွာ ပါဝင်ဖို့လိုပါတယ်။ ဒီနည်းအားဖြင့် သတို့သမီး (သို့) သတို့သားအပေါ်မှာ တာဝန်အားလုံး အကျုံးဝင်မှာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်ကို အလွန်အမင်း စိတ်ဖိစီးတာမျိုး မဖြစ်စေဖို့ဆိုရင် အကောင်းဆုံးရွေးချယ်မှုက သတို့သမီးနဲ့ သတို့သားနှစ်ဦးစလုံးဟာ မတူညီတဲ့အလုပ်တွေကို ခွဲခြမ်းဖို့ ဖြစ်ပါတယ်။ အတိုချုပ်ပြောရရင် အဆင့်တစ်ဆင့်ပြီးတစ်ဆင့် အတူတကွ လုပ်ဆောင်ခြင်းက သင်တို့နှစ်ယောက်စလုံးအား အရမ်းလွှမ်းမိုးမှုမဖြစ်အောင် ကူညီပေးပါလိမ့်မယ်။
ထို့အပြင် တစ်ချိန်ချိန်မှာ လုပ်ငန်းတာဝန်တွေကို လွှဲအပ်ဖို့ လိုအပ်နိုင်တာကြောင့် ကိုယ့်ကို ကူညီဖို့ ယုံကြည်ရမယ့် လူတစ်ချို့ကို ရွေးချယ်ဖို့ ကြိုးစားသင့်ပါတယ်။

၁။ နေ့သတ်မှတ်ပြီး မင်္ဂလာပွဲအမျိုးအစားကို သတ်မှတ်ပါ
အစီအစဉ်ဆွဲခြင်းအတွက် အချိန်လုံလောက်ဖို့ဆိုရင် မင်္ဂလာရက်ကို လပေါင်းများစွာ ကြိုတင်ရွေးချယ်ထားတာက အဆင်ပြေပါလိမ့်မယ်။ သတို့သားနဲ့ သတို့သမီးအတွက် anniversary လို ထူးထူးခြားခြားနေ့တစ်နေ့ရှိပေမယ့် တခြားစဉ်းစားရမယ့် အချက်တွေလည်း ရှိပါသေးတယ်။
သင်ဆုံးဖြတ်တဲ့ နှစ်ရဲ့အချိန်ပေါ်မူတည်ပြီး ဥပမာ- ဝတ်စုံလိုမျိုး သတိထားရမယ့် အရေးကြီးတဲ့အချက်တွေလည်းရှိပါတယ်။ အမှန်တော့ ဆောင်းရာသီမင်္ဂလာဝတ်စုံက နွေရာသီမင်္ဂလာပွဲမှာ ဝတ်နိုင်တဲ့ ဝတ်စုံနဲ့ မတူပါဘူး။ သင့်အိမ်မက်ထဲက မင်္ဂလာပွဲလေးကို ပြီးမြောက်ဖို့ အရာအားလုံးကို ဂရုတစိုက် စီစဉ်ပြီး ချိတ်ဆက်ထားရမယ်ဆိုတာ သတိရဖို့ လိုပါတယ်။
ပြီးတော့ ကိုယ်က မင်္ဂလာပွဲကို အိမ်မှာဆောင်မှာလား(သို့)ဟိုတယ်၊ စားသောက်ဆိုင်၊ မင်္ဂလာခန်းမမှာ လုပ်မှာလား? ဘာသာရေးအဆောက်အဦးမှာ ကျင်းပမှာလားဆိုတာကို ဆွေးနွေးထားရပါမယ်။ ပြီးနောက် ကိုယ့်အိမ်မဟုတ်ဘဲ တခြားနေရာတစ်ခုခုမှာ ဆောင်မယ်ဆိုရင် ရွေးချယ်ထားတဲ့နေ့ရက်နဲ့ ကြိုတင်စာရင်းသွင်းဖို့တွေကို လုပ်ရပါမယ်။

၂။ မင်္ဂလာပွဲဖိတ်မယ့် ဧည့်သည်စာရင်းလုပ်ပါ
ဧည့်သည်စာရင်းရဲ့ ပထမမူကြမ်းကို အတူတူပြုလုပ်ပါ။ အကောင်းဆုံးကတော့ အဲဒါကို မိသားစုနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြင့် တိုင်ပင်လုပ်သင့်ပါတယ်။ ဒါက နောက်ပိုင်းမှာ ခေါင်းကိုက်ခြင်းကို ကြီးကြီးမားမားဖြစ်စေနိုင်တဲ့ ဖိတ်ဖို့ မေ့သွားတာတို့၊ အမှားတွေ ပြုလုပ်မိတာတို့ကို ရှောင်ရှားနိုင်မှာပါ။ ဒီပထမမူကြမ်းရှိခြင်းဖြင့် လူအရေအတွက်ပေါ်မူတည်ပြီး ကုန်ကျစရိတ်တွေကို တွက်နိုင်မှာဖြစ်ပါတယ်။

၃။ နေရာရှာပါ
ပထမဆုံးအနေနဲ့ နေရာမှန်ကို ရွေးချယ်ဖို့ အခမ်းအနားအမျိုးအစားကို ရွေးချယ်ရပါမယ်။ နေ့ဘက် (သို့) ညဘက်ဆောင်မှာလား? banquet hall မှာလား (သို့) လေဟာပြင်မှာလား စသဖြင့် ရွေးရပါမယ်။ ဒါတွေကို ဆုံးဖြတ်ပြီးတာနဲ့ ကိုယ်ကြိုက်တဲ့ ခန်းမတွေကို စတင်ပြီး ကြိုတင်စာရင်းသွင်းပါ။ အများစုက ကြိုတင်စာရင်းပေးသွင်းထားတာကြောင့် ကြိုတင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ဒီအဆင့်မှာ ကျွေးမယ့် အစားအသောက် အမျိုးအစားကိုလည်း သင်ဆုံးဖြတ်နိုင်ပါတယ်။ ယေဘုယျအားဖြင့် စားသောက်ဆိုင်၊ ဟိုတယ်လို ပွဲကျင်းပမယ့်နေရာတွေမှာ ကျွေးဖို့ ကိုယ်ပိုင်အစားအသောက်တွေ ရှိနှင့်ပြီးဖြစ်ပါတယ်။ သို့သော် ကိစ္စအများစုမှာ အလှဆင်ခြင်းကိုတောင် စုံတွဲတစ်တွဲစီရဲ့ အကြိုက်နဲ့ သူတို့ရဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။

၄။ အခြားကျွမ်းကျင်ပညာရှင်တွေကို ငှားပါ
သင့်မင်္ဂလာပွဲအတွက် ဂီတသမားတွေ ငှားချင်နိုင်ပါတယ်။ အချို့ကိစ္စတွေမှာ အချို့သောအလုပ်တွေအတွက် ပြင်ပဝန်းထမ်းတွေ ငှားရမ်းဖို့ လိုအပ်ပါတယ်။ သူတို့က ဧည့်ခန်းမမှ ပေးဆောင်တဲ့ ဝန်ဆောင်မှုမျိုး မဟုတ်ရင် အချို့သော ကျွမ်းကျင်သူတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။ ဥပမာ
ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေး
ဂီတနဲ့ Lighting
မိတ်ကပ်နဲ့ ဆံပင်ပညာရှင်
Special shows (ဖျော်ဖြေရေးသမားတွေ (သို့) တီးဝိုင်းတစ်ခု ထည့်မယ်လို့ ဆုံးဖြတ်ရင်)
အခမ်းအနား အလှဆင်သူများ
သတို့သမီး ပန်းစည်းဒီဇိုင်း

၅။ သတို့သားနဲ့ သတို့သမီးရဲ့ဝတ်စုံကို ရွေးချယ်ပါ
သတို့သားဝတ်စုံနဲ့ သတို့သမီးဝတ်စုံအတွက် ဒီဇိုင်နာကို ရွေးချယ်ပါ။ ဒီလိုနည်းနဲ့ သင့်အိမ်မက်ထားတဲ့ မင်္ဂလာပွဲအတွက် စိတ်ကူးထားတဲ့ ဝတ်စုံကို အတိအကျ ပြောပြနိုင်မှာပါ။ fitting အတွက် ၊ လိုအပ်ပါက အချို့သော အပြောင်းအလဲတွေအတွက် အခမ်းအနားမကျင်းပခင် ဒီဇိုင်နာဆီကို အကြိမ်အနည်းငယ်လောက်တော့ သွားရမှာဖြစ်ပါတယ်။ သတို့သားအဝတ်အစားတွေကို အတူတူချုပ်ဖို့အတွက်လည်း ရွေးချယ်နိုင်ပါတယ်။

၆။ မင်္ဂလာလက်စွပ်တွေကို ရှာပါ
သင်တို့နှစ်ယောက်စလုံးက ပေါင်းစည်းမှုရဲ့ သင်္ကေတဖြစ်လိမ့်မယ့် လက်စွပ်တွေကို အတူတူ သွားရွေးသင့်ပါတယ်။ မင်္ဂလာလက်စွပ်အမျိုးအစားက အများကြီးရှိတာကြောင့် ကိုယ့်ဘတ်ဂျက်နဲ့ အကြိုက်ပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ ပြီးတော့ မင်္ဂလာလက်စွပ်ဗန်းကို ဘယ်သူသယ်ဆောင်မှာလဲ? ဘယ်သူ့ကို ဆင်မြန်းခိုင်းမှာလဲ ဆိုတာကိုလည်း ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

၇။ မင်္ဂလာပွဲအတွက် ဖိတ်စာတွေလုပ်ပါ
အကောင်းဆုံးရွေးချယ်မှုက ဖိတ်စာတွေကို တစ်လလောက် ကြိုတင်ပေးပို့ဖို့ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် ဧည့်သည်တွေအားလုံးက သင့်ရဲ့နေ့ထူးနေ့မြတ်အတွက် အဝတ်အစားကအစ ကြိုတင်ပြင်ဆင်နိုင်ခြေရှိပါတယ်။ ဖိတ်စာကတ်မှာ လိုအပ်တဲ့ အချက်အလက်အားလုံး ပါဝင်သင့်ပါတယ်။ မင်္ဂလာဆောင်အမျိုးအစား၊ ဝတ်စားဆင်ယင်မှု အမျိုးအစား၊ အချိန်၊ နေရာ စသဖြင့် ပါဝင်ပါတယ်။ ချစ်စရာကောင်းပြီး ရိုမန့်တစ်ဆန်တဲ့ စကားစုတွေကလည်း welcome ဖြစ်ပြီး ဆွဲဆောင်မှုလည်းရှိပါတယ်။ အကောင်းဆုံးကတော့ ဒီဇိုင်းက အခမ်းအနားရဲ့ ကျန်အသေးစိတ်အချက်တွေနဲ့ ကိုက်ညီသင့်ပါတယ်။

၈။ တခြားနေရာကလာရမယ့် ဧည့်သည်တွေကြောင်း စဉ်းစားပါ
ဒီမှော်ဆန်တဲ့နေ့ကို မျှဝေဖို့ အဝေးမှ လာရမယ့်သူတွေကို အစီအစဉ်မှာ ထည့်စဉ်းစားသင့်ပါတယ်။ သူတို့အတွက် တည်းခိုစရာနေရာ သီးသန့်ထားပေးပါ။ ထို့အပြင် မင်္ဂလာပွဲကို မြို့ပြင်မှာ ကျင်းပမယ်ဆိုရင် ဧည့်သည်တွေ အဲဒီနေရာကို ဘယ်လိုလာရမလဲဆိုတာကို စဉ်းစားဖို့ လိုအပ်ပါတယ်။ အပို့အကြိုလုပ်ရမယ်ဆိုရင် ကားစီစဉ်ရပါမယ်။

၉။ သတို့သမီးနဲ့ သတို့သားအတွက် ကားမောင်းသမားရှာပါ
သတို့သားနဲ့ သတို့သမီးအတွက် သယ်ယူပို့ဆောင်ရေးကို ဆုံးဖြတ်ပြီး စီစဉ်သင့်ပါတယ်။ မင်္ဂလာပွဲနေရာကို ဘယ်ကားနဲ့လာမှာလဲ? ဘယ်သူက မောင်းမလဲ? ကားကို ဘယ်လိုအလှဆင်မလဲ? စသဖြင့် စီစဉ်ရပါမယ်။

Lifestyle_Myanmar
LM_Nandar
Source-steptohealth.