မချစ်သင့်တဲ့ အချစ်နဲ့မထိုက်တန်တဲ့ လူတစ်ယောက်ရဲ့ ဆိုးဝါးတဲ့ လက္ခဏာရပ် ၅ ခု
lifestylemyanmar.com
|
2022-02-21

မင်းကို တစ်ယောက်ယောက်က ပြောဖူးသလား မသိပေမယ့် မင်းဟာ ထူးခြားပြီးရင်း ထူးခြားတဲ့ သူတစ်ယောက်ပါ။ မင်းက လျော်ညီစွာ ဆက်ဆံခံရပြီး လေးစားမှုနဲ့ ထိုက်တန်တဲ့ သူတစ်ယောက်ပါ။ ဒါကြောင့် မင်းကို သာမာန်လူတစ်ယောက်လို အစားထိုးနိုင်တဲ့ သူကို ဘယ်တော့မှ ချစ်ဖို့မကြိုးစားပါနဲ့။ မင်းနဲ့ အဆင်မပြေတဲ့အချိန် မှာတောင် အခြားတစ်ယောက်နဲ့ ပျော်စရာတွေ ရှာနေတဲ့ သူတစ်ယောက်အတွက်နဲ့ မင်းအနာဂတ်ကို မစွန့်လွှတ်လိုက်ပါနဲ့။ မင်းကဒီထက်ကောင်းတဲ့ သူနဲ့ ထိုက်တန်ပြီး မင်းမှာရှေ့ဆက်ရမယ့် ပန်းတိုင်တွေ ရှိပါသေးတယ်။ ကျရှုံးသွားရင်တောင် အနိုင်မခံ အလျော့ပေးဖို့ မလုပ်ပါနဲ့။


၁။ မင်းကိုလွယ်ကူတဲ့ သူလိုထင်နေတဲ့ သူကိုမချစ်ပါနဲ့

မိန်းကလေးတွေက တကယ် ချစ်လာပြီဆိုရင် အရာရာ အရှုံးပေး တတ်ကြပါတယ်။ ဒါကလုံးဝမလုပ်သင့်တဲ့ အကြောင်းအရာပါ။ မင်းရဲ့ခန္ဓာကိုယ်ကြောင့် ဒါမှမဟုတ် မင်းကိုဖမ်းစားဖို့ လွယ်တယ်လို့ သူထင်နေမယ်ဆိုရင် ပိုလို့တောင် မင်းအတွက် အလျှော့မပေးပါနဲ့။ သင့်အား တစ်သက်လုံးချစ်ရန် အစီအစဉ် ရှိသူမဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး အားလုံးကို မမြင်နိုင်သူ တစ်ဦးအတွက် အခြေချမနေပါနှင့်။


၂။ မင်းက သာမာန်ပဲလို့ မြင်နေတဲ့သူကို မချစ်ပါနဲ့

သင့်အား ပြောင်းလဲလိုတဲ့ အံဝင်ခွင်ကျဖြစ်စေရန် သူမျှော်လင့်ထားတဲ့ သူ့ကိုယ်ပိုင် စံနှုန်းရှိသူကို မချစ်ပါနှင့်။ သင်မဟုတ်တဲ့ အရာတစ်ခုဖြစ်လာဖို့ မျှော်လင့်နေသူ တစ်ယောက်က သင့်ကိုချစ်တာမဟုတ်ပါဘူး။ သင့်ရဲ့ အားနည်းချက်တွေနှင့် မပြည့်စုံမှုတွေကို သင့်ကိုယ်ရည်ကိုယ်သွေးရဲ့ အစိတ်အပိုင်းများအဖြစ် လက်ခံပြီး နှစ်သက်တဲ့သူ မဟုတ်ရင် မချစ်ပါနဲ့။မင်းကိုမထူးခြားသလို ခံစားရစေမယ့်သူကို ဘယ်တော့မှမချစ်ပါနဲ့။


၃။ မင်းနေရာမှာ လွယ်လွယ်အစားထိုးနိုင်တဲ့ သူကို မချစ်ပါနဲ့

မင်းကို သာမန်လူတစ်ယောက်လို အစားထိုးနိုင်တဲ့သူကို ဘယ်တော့မှ မချစ်ပါနဲ့။ မင်းရဲ့ထူးခြားမှုကို မြင်ပြီး မြတ်နိုးမယ့် သူမဟုတ်ပဲ မင်းမရှိလည်း ဖြစ်တယ်ဆိုတဲ့ လူကမင်းကို တကယ်မချစ်ပါဘူး။ မင်းကို တကယ်ချစ်တဲ့သူက မင်းလိုမိန်းမ တစ်ယောက်ရှိရတာကို လူတိုင်းရှေ့မှာ မင်းကို ဂုဏ်ယူပါလိမ့်မယ်။


၄။ မင်းလို တစ်ယောက်မက ရှိတယ်လို့ ပြောနေတဲ့သူကို မချစ်ပါနဲ့

မင်းကိုတကယ်ချစ်တဲ့ ယောက်ျားက မင်းနဲ့အတူရှိတိုင်း မင်းက ကမ္ဘာပေါ်က တစ်ဦးတည်းသော အမျိုးသမီးတစ်ယောက်လို ခံစားရစေပါလိမ့်မယ်။ ဒီလူက မင်းရဲ့မပြည့်စုံမှုတွေလိုပဲ မင်းရဲ့ချို့ယွင်းချက်တွေကို မြတ်နိုးပါလိမ့်မယ်။ မင်းရဲ့ အဆိုးဆုံးနဲ့ အကောင်းဆုံးမှာသူ မင်းနဲ့ အတူတူရှိနေပြီး ရပ်တည်ပေးပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ပဲ မင်းကိုဘယ်တော့မှ အလေးမထားပဲ အနိုင်ယူဖို့ ထပ်ခါခါ လုပ်နေမယ့်သူကို မချစ်ပါနဲ့။


၅။ မင်းကို ပိုင်ဆိုင်ဖို့ မကြိုးစားတဲ့ သူကိုမချစ်ပါနဲ့

မင်းကိုချစ်တဲ့သူက ပိုင်ဆိုင်ခွင့် ရဖို့ မင်းရဲ့လိုအပ်ချက်တွေကို ပြည့်မီအောင် သူအမြဲကြိုးစားနေလိမ့်မယ်။ သူက သင့်အား နေ့ရက်တိုင်း ချစ်မိသွားစေရန်အတွက် အမြဲပို၍ ကြိုးစား အားထုတ်နေပါ လိမ့်မယ်။ သူက မင်းကို မိဖုရားလို ဆက်ဆံပြီး မင်းကို ဖြစ်နိုင်သမျှ နည်းမျိုးစုံနဲ့ ပိုင်ဆိုင်ဖို့ အခွင့်အရေးတစ်ခုအနေနဲ့ နေ့သစ်တိုင်းကို အသုံးပြုလိမ့်မယ်။ သင်က သူရွေးချယ်ဖူးမယ့် တစ်ဦးတည်းသော သူဖြစ်ပြီး သူ့အတွက် မင်းက အစားထိုးလို့ မရနိုင်တဲ့သူဖြစ်ကြောင်း အမြဲပြသပါလိမ့်မယ်။ ဒီလူက မင်းနဲ့ထိုက်တန်တဲ့သူပဲ။

Lifestyle_Myanmar

Nadi

ref-herway




Some text some message..