
ESFP ဆိုတာ Extraverted (E), Sensing (S), Feeling (F) နှင့် Perceiving (P) တို့ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ESFP ကိုယ်ရည်ကိုယ်သွေးအမျိုးအစားရှိသူတိုင်းက အလွန်တက်ကြွပြီး စွမ်းအားတွေပြည့်နေကြသူတွေဖြစ်ပါတယ်။ သဘာဝတရားအတိုင်း ဖျော်ဖြေသူတွေဆိုပါစို့။ ဥပမာ – လူတစ်ယောက်က တစ်ခြားလူတွေရှေ့မှာ လန်းဆန်းတက်ကြွပြီး ဟာသတွေနဲ့ တစ်ချိန်လုံးလှုပ်ခတ်နေသူကို သဘာဝအတိုင်းဖျော်ဖြေသူလို့ ခေါ်ပါတယ်။ သူတို့က သဘာဝတရားထဲမှာပဲဖြစ်ဖြစ် တိရစ္ဆာန်တွေနဲ့ အတူရှိနေချိန်၊ အဝတ်အစား၊ အစားအသောက် စသည်ဖြင့် ဘယ်လိုနေရာမျိုးမှာမဆို တက်ကြွနေကြပြီး အရေးကြီးဆုံးကတော့ လူတွေဆီမှာ ပျော်ရွှင်မှုကိုပဲ ရှာဖွေကြသူတွေဖြစ်ပါတယ်။
ESFP ကိုယ်ရည်ကိုယ်သွေးအမျိုးအစားက တော်တော်လေးကောင်းမွန်ပြီး လူတွေနဲ့ ရောနှောနေရတာကို နှစ်သက်သူတွေဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေနဲ့ သတင်းအချက်အလက်အပေါ် အလေးပေးမှု၊ တန်ဖိုးထားမှုတွေနဲ့ ခံစားချက်တွေကို ဦးစားပေးပြီး စည်းစနစ်တင်းကြပ်လွန်းတာထက် အလိုအလျောက်ညီထွေနေထိုင်တတ်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ပင်ကိုယ်စရိုက်တွေကို မျှဝေပေးချင်ပါတယ်။
၁။ စစ်မှန်ပြီး ရဲရင့်သော ကိုယ်ရည်ကိုယ်သွေးရှိခြင်း

ESFP တွေက ထူးချွန်တာ တစ်ခုခုရှိနေပြီဆိုရင် အဲ့ဒီ့အရာက ပင်ကိုယ်ဖြစ်ပြီး စစ်မှန်တဲ့အရာဖြစ်ပါတယ်။ ပင်ကိုယ်ထူးချွန်မှုကို ရဲရင့်မှုပေါင်းလိုက်တဲ့အခါ ကမ္ဘာပေါ်မှာ အောင်မြင်နိုင်ဆုံးလူတွေဖြစ်လာကြပါတယ်။ သူတို့က လူစုလူဝေးတွေကြားမှာ ပေါ်လွင်နေစေဖို့ အမြဲရှာဖွေနေကြပြီး အသစ်အဆန်းနှင့် ထူးထူးခြားခြားးတစ်ခုခုကို ခံစားခွင့်ရမယ်ဆိုရင် သက်တောင့်သက်သာဇုန်ထဲကနေ ထွက်ခွာကြမယ့်သူတွေဖြစ်ပါတယ်။
၂။ သဘာဝတရားမှာတင် ဖျော်ဖြေခြင်းမုဒ်တွေပါဝင်နေကြတဲ့ အနုပညာရှင်တွေဖြစ်ခြင်း
သရုပ်ပြခြင်းနှင့် အလှတရားအပေါ် အာရုံစိုက်ခံစားမှုတွေဆိုတာ ESFP တို့အတွက် သီးသန့်ကိုယ်ရည်ကိုယ်သွေးတွေလိုပါပဲ။ သူတို့က လူတွေကို ဖျော်ဖြေဖို့ အရမ်းကြိုးစားစရာမလိုဘဲ သူတို့သဘာဝမှာတင် သရုပ်ဆောင်စွမ်းတွေအပြည့်ပါဝင်နေတာမျိုးဖြစ်ပါတယ်။ ဖျော်ဖြေခြင်းနဲ့ပတ်သက်ရင် ပါရမီအပြည့်နဲ့ မွေးလာကြသူတွေပါ။ သူတို့ရဲ့ အပြုအမူတွေ၊ အတွေးတွေနဲ့ စကားလုံးတွေတိုင်းက လူတွေကို အပန်းပြေစေပါတယ်။
၃။ စိတ်ခံစားမှုလွန်ကဲပြီး ပဋိပက္ခတွေကို မုန်းတီးသူတွေပါ

ESFP ကိုယ်ရည်ကိုယ်သွေးအမျိုးအစားက ဘယ်လိုပဲ အပြုသဘောဆောင်သည်ဖြစ်ပါစေ ဝေဖန်မှုတွေနဲ အသားကျနေသူတွေမဟုတ်ပါဘူး။ ဝေဖန်ခံရတိုင်း သူတို့က နောက်ကျောဓားနဲ့ ထိုးခံရသလို ခံစားကြရပြီး သူတို့ရဲ့ အားနည်းချက်တွေကို ထောက်ပြဖို့က စိန်ခေါ်မှုတစ်ခုပါပဲ။
ပဋိပက္ခတွေနဲ့ ပတ်သက်လာရင် ချီတုံချတုံဖြစ်တတ်တာကြောင့် အများစုက လုံးဝရှောင်ဖယ်သွားကြတာများပါတယ်။
၄။ မပြတ်သားတဲ့ စိတ်သဘောထားမျိုးရှိပြီး ငြီးငွေ့လွယ်သူတွေပါ

ESFP တွေက အပြုသဘောအမြင်တွေ မြင့်မားပြီး ရေရှည်စီမံကိန်းတွေမှာတော့ သူတို့အတွက် အဆင်မပြေပါဘူး။ သူတို့ရဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ လိုက်တတ်ကြတဲ့ စိတ်မြန်သူတွေဖြစ်ပြီး အနာဂတ်အကြောင်းတွေ စဉ်းစားလေ့မရှိသူတွေပါ။ ဒီသဘောထားက တစ်ခါတရံမှာ ပြဿနာတွေဖြစ်စေတတ်ပါတယ်။ မမျှော်လင့်ထားတဲ့ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မသိဘဲဖြစ်တတ်ပါတယ်။
ESFP ရဲ့ နောက်ထပ် အဓိကအားနည်းချက်က သူတို့ဟာ အလွယ်တကူငြီးငွေ့လွယ်ခြင်းဖြစ်ပါတယ်။ ဘယ်လောက်ပဲအရေးကြီးနေပါစေ ကိစ္စတစ်ခုတည်းအပေါ်မှာ အချိန်အတော်ကြာ မြှပ်နှံထားဖို့က အတော်လေးခက်ခဲပါတယ်။ သူတို့အတွက် ပစ္စုပ္ပန်ပျော်ရွှင်မှု၊ စွန့်စားမှုရယူခြင်းနှင့် မိမိကိုယ်ကိုယ် ကျေနပ်မှုကို ခံယူခြင်းက အရေးကြီးဆုံးအရာဖြစ်ပါတယ်။
၅။ သိမ်းငှက်လို မျက်လုံးမျိုးနှင့် သွက်လက်လက်တွေ့ကျခြင်း

ESFP ဆိုတာ အလွန်အကဲခတ်တော်သူတွေဖြစ်ကြပြီး သူတို့ရဲ့ မျက်လုံးတွေကလည်း တစ်ခြားသူတွေထက် ပိုပြီးအလုပ်လုပ်ကြပါတယ်။ မျက်စိရှင်တာမျိုးကို ဆိုလိုတာပါ။ တစ်ခြားလူတွေ လွဲချော်သွားနိုင်တဲ့အရာမျိုးကို မြင်တတ်ကြတာပေါ့။ သူတို့က ပစ္စုပ္ပန်ကိုပဲ အမြဲအာရုံစူးစိုက်သူတွေဖြစ်တာကြောင့် သူတို့ရဲ့ ပတ်ဝန်းကျင်ရှိသမျှအရာတိုင်းကို သတိပြုမိကြပါတယ်။
ESFP တွေ နောက်ထပ်ထူးချွန်တဲ့အရာက လက်တွေ့ကျခြင်းဖြစ်ပါတယ်။ သူတို့က အကြောင်းအရာတွေကို အချိန်အကြာကြီး တွေးမနေဘဲ နောက်ထပ်အာရုံစိုက်နိုင်မယ့် အရာတစ်ခုကို အမြဲလိုလိုရွေးချယ်ကြပါတယ်။ သူတို့မှာ စိတ်ကူးယဉ်တာတွေနှင့် ဘဝရဲ့ အကြောင်းအရာတွေအပေါ်မှာ စွဲလမ်းတာမျိုး တွေ့ရမှာမဟုတ်ပါဘူး။
၆။ ပေါင်းသင်းဆက်ဆံရေးမှာ ဆရာကျပြီး လိမ္မာပါးနပ်သူတွေ

သူတို့အကြောင်းပြောရင် လူမှုဆက်ဆံရေးမှာပါးနပ်ပုံတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဒီကိုယ်ရည်ကိုယ်သွေးက သူတို့ရဲ့ အကောင်းဆုံးစွမ်းရည်လို့တောင် ပြောနိုင်ပါတယ်။ လူအများနဲ့ စကားပြောဆိုရခြင်းကို နှစ်သက်ပြီး သူတို့က ပါတီရဲ့ အသက်တွေဖြစ်ပါလိမ့်မဘ်။ ဉာဏ်ရည်မြင့်မားပြီး အားကောင်းသော ဟာသဉာဏ်ရည်ကြောင့် အံ့ဩဖွယ်ရာစကားအများကြီးကို ပြောနိုင်သူတွေဖြစ်ပါလိမ့်မယ်။
သူတို့ က extrovert စစ်စစ်တွေဖြစ်တာကြောင့် အုပ်စုဖွဲ့စကားပြောရတာလောက် သူတို့ကို ပျော်ရွှင်စေတဲ့အရာမရှိတော့ပါဘူး။
၇။ မရင့်ကျက်ခြင်းနှင့် ခေါင်းမာခြင်း
ESFP ကိုယ်ရည်ကိုယ်သွေးရှိသူတွေက တစ်ချို့အရာတွေကို လေးလေးနက်နက်ထားရမယ့်ကိစ္စတွေကို နားမလည်တာမျိုးတွေရှိတတ်ပါတယ်။ မရင့်ကျက်ခြင်းနှင့် အရွယ်မရောက်ခြင်းလို့ ခေါင်းစဉ်တပ်နိုင်ပါတယ်။ ပစ္စုပ္ပန်ကိုပဲ စွဲလမ်းလွန်းပြီး အနာဂတ်အတွက် ဘာတစ်ခုမှ မပြင်ဆင်တာမျိုးတွေဖြစ်တတ်ပါတယ်။
မရင့်ကျက်ခြင်းကို ခေါင်းမာခြင်းပေါင်းထည့်လိုက်တဲ့အခါ သူတို့ကိုယ်တိုင်အတွက် အန္တရာယ်အရှိဆုံးလူတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ အကြောင်းရင်းကတော့ သူတို့ကို တွန်းအားပေးဖို့ (သို့) အားပေးဖို့၊ မှန်ကန်သော အလေ့အကျင့်တွေလုပ်ဖို့ ဘယ်လောက်ပဲ တိုက်တွန်းပါစေ သူတို့စိတ်မပါရင် လုပ်မှာမဟုတ်ပါဘူး။
၈။ ရုပ်ဝတ္ထုပစ္စည်းတွေကို မက်မောခြင်းနှင့် ငွေဖြုန်းခြင်း

ဒီအချက်ကလည်း သူတို့ကို ထိခိုက်စေတဲ့ ကိုယ်ရည်ကိုယ်သွေးဖြစ်ပါတယ်။ သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေကို ထည့်သွင်းမစဉ်းစားဘဲ ငွေအမြောက်အများကို လက်လွတ်စပယ်သုံးကြပါတယ်။ ရုပ်ဝါဒကို ချစ်မြတ်နိုးခြင်းက ငွေစုဖို့ (သသို့) အမှန်တကယ်လိုအပ်တဲ့အခါ သုံးစွဲဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီလို ငွေကို ရေလိုသုံးနေတာတွေကိုလည်း ထိန်းချုပ်တာမျိုး လုပ်လေ့မရှိသလောက်ပါပဲ။
၉။ အကောင်းမြင်တတ်ပြီး ပျော်တတ်သူတွေပါ
ESFP တွေက အလိုက်သင့်ရှင်သန်ရတာကို နှစ်သက်ကြပြီး ဘဝကို အကောင်းမြင်စိတ်တွေနဲ့သာ ကြည့်ကြပါတယ်။ ဘာပဲလုပ်လုပ် မနက်ဖြန်ဆိုတာ တစ်ခြားနေ့တစ်နေ့လို့ သတ်မှတ်ထားကြပြီး အရာအားလုံးအဆင်ပြေသွားမှာပါဆိုတဲ့စိတ်နဲ့သာ ရှင်သန်ကြပါတယ်။ နေ့ရက်တိုင်းကို နောက်ဆုံးနေ့လို နေထိုင်ပါဆိုတဲ့စကားကို အခိုင်အမာ လိုက်နာကျင့်သုံးကြသူတွေပါ။
၁၀။ နူးညံ့သိမ်မွေ့ပြီး စေတနာကောင်းသူတွေဖြစ်ခြင်း
နှလုံးသားမှာ ရွှေကွပ်ထားကြသူတွေဖြစ်လို့ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေလည်းဖြစ်ပါတယ်။ သူတို့ကြောင့် တစ်ခြားလူတွေကို စိတ်အနှောင့်အယှက်မပေးတတ်သူတွေပါ။ သင်လိုအပ်တဲ့အချိန်တိုင်း သူတို့က သင့်အနီးနားမှာရှိနေပေးမှာပါ။ သူတို့ရဲ့ သစ္စာစောင့်သိမှုကလည်း ဘယ်သူမှ လိုက်မမှီနိုင်လောက်အောင်ပါပဲ။ တစ်ဆက်တည်းမှာပဲ အလွန်ရက်ရောတတ်သူတွေလည်းဖြစ်ပါသေးတယ်။ ငွေရေးကြေးရေးကိစ္စတွေမှာလည်း ဘယ်တော့မှ မတွန့်တိုတတ်သူတွေပါ။
Lifestyle_Myanmar
Nyein_Thu
ref-themindsjournal