
အိမ်ရှင်မတွေ အိမ်မှာ ကြုံတွေ့ရတဲ့ အကြီးမားဆုံး ပြဿနာတွေထဲက တစ်ခုကတော့ အနံ့အသက်ဆိုးတွေပဲ ဖြစ်မှာပါနော်။ အထူးသဖြင့် ပိတ်ထားတဲ့နေရာတွေမှာဆိုရင် နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပါတယ်။ ကိုယ့်ရဲ့အဝတ်အစားတွေက အရမ်းတန်ဖိုးကြီးတယ်။ ကိုယ်က နေ့တိုင်းသန့်သန့်လေးနဲ့ အနံမွှေးနေတဲ့ အဝတ်အစားတွေကို ဝတ်ရတာ ကြိုက်တယ်။ ဒါပေမယ့် အဲဒီအဝတ်တွေကို အချိန်အကြာကြီး အသုံးမပြုဘဲထားတာမျိုး (သို့) အစိုဓါတ်ပြန်တာမျိုး (သို့) ပိုးဟပ်ဝင်တာမျိုးဆိုရင် အနံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။ ပြီးတော့ အဝတ်ဗီဒိုလို ပရိဘောဂတွေကလည်း ကိုယ့်အိပ်ခန်းထဲမှာပဲ ထားတတ်ကြတာကြောင့် ဒီအနံ့ဆိုးတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်ရှင်မတွေအနေနဲ့ ဗီဒိုတွေနဲ့ အံ့ဆွဲတွေမှာ ကောင်းမွန်တဲ့ ရနံ့တွေ ထုတ်လုပ်ဖို့ ဖော်မြူလာအချို့ကို အသုံးပြုနိုင်ပါတယ်။
ဗီဒိုတွေနဲ့ အံဆွဲတွေမှာ ကောင်းမွန်တဲ့ ရနံ့တွေ ဖန်တီးဖို့ နည်းလမ်း (၄)ခု
မိုးတွင်းလို ရာသီဥတုမျိုးမှာ အဝတ်ဗီဒိုတွေ၊ အံဆွဲတွေက အစိုပြန်လေ့ရှိပါတယ်။ ဒီတော့ ဆန်စေ့လေးတွေကို အိတ်တစ်ချို့နဲ့ထည့်ပြီး ဗီဒိုရဲ့ ထောင့်လေးတွေမှာ လိုက်ထားလိုက်ရင် အကျိုးရှိမှာဖြစ်ပါတယ်။ တဖန် တံခါးဖွင့်လိုက်တာနဲ့ ရနံ့ကောင်းကောင်းရနိုင်စေဖို့ဆိုရင် ရနံ့စက္ကူလိပ်တစ်ချို့ ထားရှိတာက အဆင်ပြေပါတယ်။
အစိုဓါတ်ကို ကာကွယ်ဖို့ နောက်တစ်နည်းက ဆားနဲ့ မုန့်ဖုတ်ဆိုဒါကို ရောနယ်ပြီး ရေမွှေးဆီနဲ့ ရောထားတဲ့ potpourri အမွှေးပန်းခြောက်ကို ဖန်တီးဖို့ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သူတို့ကို အဝတ်အိတ်ထဲမှာထည့်ပြီး အံဆွဲထဲမှာ ထားတာမျိုး ဒါမှမဟုတ် ဗီဒိုထဲမှာ ချိတ်ထားတာမျိုးလုပ်ပါ။
ပရုတ်လုံးတွေက သင့်အဝတ်အစားတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ (သို့) အခြားပိုးမွှားတွေရဲ့ အသွင်အပြင်ကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။ ဒီနည်းဖြင့် ကောင်းတဲ့အနံ့ကို ထုတ်ပေးပါတယ်။ ပရုတ်လုံးတစ်လုံးက လုံလောက်တာကြောင့် အလွန်အကျွံမလုပ်သင့်ပါဘူး။
နောက်ဖြေရှင်းနည်းတစ်ခုကတော့ hand soap တစ်တုံးကိုခြစ်ပြီး အဝတ်နဲ့လုပ်ထားတဲ့ အိတ်သေးသေးလေးထဲမှာ ထည့်ပါ (သို့) fabric softener အလုံးလေးတွေကိုလည်း သုံးနိုင်ပါတယ်။ သူတို့က ကြာရှည်ခံတဲ့ ရနံ့ကို ထုတ်ပေးပါတယ်။

ဗီဒိုတွေနဲ့ အံ့ဆွဲတွေမှာ အနံ့ကောင်းစေဖို့ homemade air freshener ဖန်တီးနည်း
ရေတိုမှာ အနံ့ပျောက်တဲ့ စီးပွားဖြစ် ထုတ်ကုန်တွေကို အစားထိုးဖို့ air freshener ကိုကိုယ့်ဘာသာ အလွယ်တကူ ဖန်တီးနိုင်ပါတယ်။ ပထမဆုံးလုပ်ရမှာက သင်အနှစ်သက်ဆုံး အထည်ပျော့ဆေး (fabric softener) ကိုဝယ်ပါ။ ပြီးတော့ အိုးကြီးကြီးတစ်လုံးထဲကို လောင်းချပြီး gelatin ဂျယ်လီမှုန့်နည်းနည်းနဲ့ ရောမွှေပါ။ အပေါ်ယံတင်းတင်းလေးဖြစ်သွားပြီဆိုရင် မှိုခွက်သေးသေးလေးတွေထဲမှာ ထည့်ထားပြီး ၁၄နာရီလောက် အအေးခံထားပါ။ အတုံးလေးတွေရရှိပြီဆိုရင် အဝတ်စအိတ်တွေထဲမှာထည့်ပြီး ဗီဒိုတွေ၊ အံဆွဲတွေထဲမှာ ထည့်ထားနိုင်ပါတယ်။

ဗီဒိုတွေနဲ့ အံ့ဆွဲတွေမှာ ကောင်းတဲ့ရနံ့ကို ဖန်တီးဖို့ အခြားအသုံးဝင်တဲ့ အလေ့အထများ
အလေ့အကျင့်ကောင်းတွေက သင့်ကို နေ့စဉ်နေ့တိုင်း ကူညီပေးနိုင်ပါတယ်။ ဒါ့ပြင် စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုကို ပေးစွမ်းနိုင်ပြီး တစ်ကိုယ်ရည်ကျန်းမာချမ်းသာမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီအတွက်ကြောင့် မနက်တိုင်း အိမ်ကို လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေ ၊ဗီဒိုတံခါးတွေကို ဖွင့်ပေးထားပါ။ အံဆွဲတွေမှာ လေဝင်လေထွက်ကောင်းအောင် အမြဲဖွင့်ထားဖို့ဆိုတာ မလွယ်ပါဘူး။ ဒီတော့ ဖြစ်နိုင်ရင် တစ်ပတ်တစ်ခါလောက် သန့်ရှင်းပေးပါ။

Lifestyle_Myanmar
LM_Nandar
Source-decortips