ကိုယ်ပေါင်းသင်းနေတဲ့သူဟာ မိတ်ဆွေကောင်းလား မိတ်ဆွေအတုယောင်လားဆိုတာ ခွဲခြားသိရှိစေဖို့
lifestylemyanmar.com
|
2022-04-07

ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ မိတ်ကောင်းဆွေကောင်း တစ်ယောက်ရဖို့ အင်မတန် ခဲယဉ်းလှပါတယ်။ အပေါ်ယံတွေ ကိုယ့်အပေါ် ဂျင်းထည့်မယ့်သူတွေကသာ ခပ်များများရယ်ပါ။ စိန်ကောင်းကျောက်ကောင်း တစ်လုံးရဖို့ထက် မိတ်ဆွေကောင်းတစ်ယောက်ရဖို့ ပိုပြီးခက်ခဲတယ်ဆိုတဲ့ စကားက အရမ်းကိုမှန်ပါတယ်။ သင့်အနေနဲ့ ဒီလူဟာ မိတ်ဆွေကောင်းလား မိတ်ဆွေအတုအယောင်လား ဆိုတာ အကဲခတ်တတ်ဖို့တော့ လိုပါမယ်။

ဒီတစ်ခေါက်မှာတော့ ကိုယ်ပေါင်းသင်းနေတဲ့သူဟာ မိတ်ဆွေကောင်းလား မိတ်ဆွေအတုယောင်လားဆိုတာ ခွဲခြားသိရှိစေဖို့ သိထားသင့်တဲ့အချက်လေးတွေ ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

(၁) အကျိုးအမြတ်ကြည့်မပေါင်းဘူး

မိတ်ဆွေကောင်းတစ်ယောက်ဟာ ဘယ်တော့မှ အကျိုးအမြတ်ကိုကြည့်ပြီး ပေါင်းသင်းရေးဆက်ဆံရေးတစ်ခု မတည်ဆောက်ကြပါဘူး။ အဓိကအားဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပဲ အလေးထားကြတာဖြစ်ပြီး ဘယ်လိုအကျိုးရမှ ဘာဖြစ်မှညာဖြစ်မှ ဆိုတာတွေ ထည့်မတွက်ဘဲ အဖြူသက်သက်ပေါင်းသင်းဆက်ဆံတတ်ကြပါတယ်။


(၂) ငွေကြေးဂုဏ်ဒြပ်တွေနဲ့ မဆုံးဖြတ်ဘူး

လူတစ်ယောက်နဲ့ တစ်ယောက် ခင်မင်ကြတဲ့အခါ စည်းစိမ်ဥစ္စာ ရာထူးဂုဏ်ဒြပ်တွေနဲ့ တွက်ချက်နေမယ်ဆိုရင်တော့ မိတ်ဆွေကောင်းတစ်ယောက် ဘယ်တော့မှ ရရှိလာနိုင်မှာမဟုတ်ပါဘူး။ ငွေကြေးဂုဏ်ဒြပ်တွေကြောင့် ခင်မင်လာတဲ့သူတွေဟာလည်း အပေါ်ယံ မိတ်ဆွေအတုအယောင်တွေပဲ ဖြစ်ပါလိမ့်မယ်။


(၃) မျှော်လင့်ချက်နဲ့ မကူညီဘူး

မိတ်ဆွေကောင်းတို့မည်သည် ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက် ဒုက္ခရောက်တဲ့အခါ အမြဲကူညီဖို့ အသင့်ရှိနေတတ်ပါတယ်။ ကိုယ်အခက်အခဲဖြစ်လို့ ကူညီတဲ့အခါတိုင်းမှာလည်း စေတနာသန့်သန့်နဲ့ပဲ ဘာမှပြန်လိုချင်တဲ့ မျှော်လင့်ချက်မရှိဘဲ ကူညီတတ်ကြပါတယ်။ လုပ်ပေးနိုင်တဲ့အရာကို တတ်နိုင်သလောက်ကူညီမယ်။ Give And Take မရှိပဲပေါ့။


(၄) မျှဝေခံစားဖို့ ဝန်မလေးဘူး

မိတ်ဆွေကောင်းဆိုတာ ကောင်းတဲ့အရာတွေအတွက် မျှဝေခံစားဖို့ ဝန်မလေးပါဘူး။ ဥပမာ သင့်အတွက် ပိုကောင်းတဲ့အလုပ်ခွင် ပိုကောင်းတဲ့ အခွင့်အလမ်း စတဲ့အရာတွေကို လျှို့ဝှက်မထားဘဲ အလျင်းသင့်ရင်သင့်သလို ဝေမျှပြောပြ ပေးတတ်ကြပါတယ်။ ဝမ်းနည်းစရာကြုံလာလည်း မျှဝေခံစားမယ်။ ပျော်စရာရှိလည်း မျှဝေခံစားမှာဖြစ်ပါတယ်။ ဘယ်တော့မှ ပြိုင်ဘက်တစ်ယောက်လို သဘောမထားပါဘဲ ရဲဘော်ရဲဘက် စစ်သည်တစ်ယောက်လို အမြဲဖေးမတတ်ကြတာဖြစ်ပါတယ်။


(၅) ဘယ်တော့မှ မေ့မထားဘူး

မိတ်ဆွေကောင်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ မိသားစုဝင်တစ်ယောက်လို ဖြစ်လာပါတယ်။ ဘယ်နေရာ ဘယ်လိုအချိန်ပဲရောက်ရောက် သင့်ကို အမြဲသတိရနေမှာပါ။ သင်နဲ့ တစ်ယောက်တစ်နေရာစီ ဖြစ်နေတယ်ဆိုရင်တောင် အဆက်အသွယ် အပြတ်ခံမှာမဟုတ်ပါဘူး။ ဖုန်းနဲ့ ဖြစ်စေ အွန်လိုင်းပေါ်ကဖြစ်စေ အမြဲစကားတွေပြော အဆက်သွယ်လုပ်နေဦးမှာ ဖြစ်ပါတယ်။

Lifestyle_Myanmar

ref- hellorelish




Some text some message..