ချစ်သူနဲ့ ပထမဆုံးအကြိမ် ချိန်းတွေ့တဲ့အခါ အသင့်တော်ဆုံးနေရာ (၄) ခု
lifestylemyanmar.com
|
2022-05-12

ကိုယ့် Crush လေးနဲ့ အဆင်ပြေသွားပြီလား။ ပထမဆုံး ချိန်းတွေ့တဲ့ ခံစားချက်က အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်အတိ ဖြစ်နေမှာပါ။ ဒီလို ရင်ခုန်စရာ အထိမ်းအမှတ်ကို ဘယ်လိုရိုမန်တစ်ဖြစ်မယ့် နေရာမျိုးမှာ ဆင်နွှဲသင့်သလဲ။ ရွေးချယ်ရခက်နေမှာပဲဖြစ်ပါတယ်။

ကော်ဖီဆိုင်

စဉ်းစားရတာလွယ်ကူပြီး ရွေးချယ်ဖို့လည်းမခက်ခဲပါဘူး။ တိတ်ဆိတ်ပြီး အပြင်အဆင်လှပတဲ့ ကော်ဖီဆိုင်တွေက နေရာအနှံ့မှာရှိနေလို့ပါပဲ။ ရိုမန်တစ်ဆန်ဆန် ပထမဆုံးတွေ့ဆုံမှုမှာ အချစ်နဲ့ပတ်သက်တဲ့ ကော်ဖီအမျိုးအစားတွေကို စိတ်တိုင်းကျရွေးချယ်ပေးလို့ရပါတယ်။


ဘုရား

ကိုယ့်ချစ်သူလေးနဲ့ ပထမဆုံးတွေ့ဆုံမှုမှာ ကုသိုလ်တွေနဲ့ပြည့်ဝနေဖို့ ရည်ရွယ်သူတွေအတွက်ကတော့ ဘုရားသွားတာအကောင်းဆုံးပါပဲ။ စိတ်လက်အေးချမ်းပြီး ချစ်သူနဲ့ဘုရားအတူတူဖူးရတဲ့ ခံစားချက်ကလည်း ပထမဆုံးတွေ့ဆုံမှုကို မမေ့နိုင်အောင်ဖန်တီးပေးနိုင်ပါတယ်။ ရွေးချယ်လိုက်တဲ့နေရာက ဘုရားမှာဖြစ်တဲ့အတွက် ချစ်သူရဲ့အထင်ကြီးလေးစားမှုကိုလည်း ရရှိနိုင်ပါတယ်။


ညနေခင်းချိန်လမ်း

နေညိုချိန်မှာ ကိုယ့်ချစ်သူလေးလက်ကိုဆွဲပြီး လူရှင်းတဲ့လမ်းမထက်မှာ တွဲလျှောက်ရတဲ့ခံစားချက်ဟာ နွေးထွေးပြည့်စုံနေမှာပဲဖြစ်ပါတယ်။ ပထမဆုံးတွေ့ဆုံမှုဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုသိပ်မရသေးချိန်ဖြစ်တဲ့အတွက် စကားတွေအများကြီးပြောဖို့လည်းလိုအပ်တယ်လေ။


ပန်းခြံ

ပထမဆုံးတွေ့ဆုံမှုအတွက် နေရာစဉ်းစားတဲ့အခါမှာ ပန်းခြံကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ပန်းဥယျာဉ်ထဲမှာ ချစ်သူနဲ့အတူအချိန်တွေကုန်ဆုံးဖို့ အဆင်ပြေပါတယ်။

Lifestyle_Myanmar

ref-bestlifeonline




Some text some message..