Crush နေရတဲ့ သူငယ်ချင်းလေးနဲ့ ဖူးစာဆုံနိုင်အောင် Friend Zone ကို ဘယ်လို ကျော်ဖြတ်ရမလဲ
lifestylemyanmar.com
|
2022-06-08

ကိုယ့်အနားက သူငယ်ချင်းလေးက ကြည့်ရင်းနဲ့ ချစ်စရာကောင်းလာပြီ မဟုတ်လား။ တစ်နေ့တစ်နေ့ သူ့မျက်နှာလေးကို ခိုးငေးမိတဲ့ အခိုက်ဟာ တကယ်ကြည်နူးရပြီလား။ ပြဿနာတစ်ခုတော့ ရှိမှာပါ။ အဲဒါ Friend Zone ဆိုတဲ့ အဆုံးမမြင်ရတဲ့ မြင်ကွင်းတစ်ခုပါ။ Friend Zone ဟာ ကန့်သတ်နယ်မြေဖြစ်သလို တစ်ချိန်တည်းမှာ လွတ်လပ်တဲ့ အဖြူရောင်နယ်မြေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပြဿနာမှ မရှိတာကိုက ပြဿနာ ရှိနေပါတယ်။ အကြောင်းက ကိုယ်က သူ့အပေါ် ရင်ခုန်လှုပ်ရှားနေပြီကိုး။ ဒီတော့ Friend Zone ကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ ဒီဆောင်းပါးက အကြံတစ်ချို့ ပေးသွားပါမယ်။

(၁) ဖွင့်ပြောပါ

အချိန်အခါကြည့်ပြီးတော့ ပြောဖို့လိုပါတယ်။ မမှည့်ခင် စားရင် သရက်သီးလည်း ချိုမှာ မဟုတ်ဘူးဆိုတဲ့ စကားအတိုင်း အဆင်သင့်ဖြစ်မယ့်အချိန်မှာ သူ့ကို ဘယ်လောက်ချစ်ကြောင်း ဖွင့်ပြောလိုက်ပါ။ “ငါတို့က သူငယ်ချင်းတွေလေ။ ဒီလိုပဲ နေရအောင်ဟာ” ဆိုတဲ့ စကားလုံးတွေကိုလည်း ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါ။

(၂) အချိန်ပေးပါ

အရင်ဆုံး သူ့အတွက် အချိန်ပိုပေးလိုက်ပါ။ ဒီနေရာမှာ စိတ်ရှည်တာက သော့ချက်ပါ။ အနစ်နာခံခြင်းဟာ ရေရှည်ရလဒ်ကောင်းတွေ ပေးပါလိမ့်မယ်။


(၃) နားထောင်ပါ

ကိုယ့်ဘဝအကြောင်း သူ့ကို ပြောပြရမှာဖြစ်သလို သူ့ရဲ့ရင်ထဲက ပြောချင်တာတွေကိုလည်း အသေအချာ နားထောင်ပေးဖို့ လိုပါတယ်။ ဒီကောင်လေးဟာ ကိုယ့်ဘဝအတွက် အရေးပါသူဖြစ်ကြောင်းကို သူကိုယ်တိုင် ခံစားနားလည်အောင် လုပ်ပေးဖို့လိုပါတယ်။ တစ်ခုရှိတာက အလွန်အကျွံကြီး ရုပ်ပျက်ဆင်းပျက်တော့ ဂရုစိုက်မပြသင့်ပါဘူး။


(၄) အတူရင်ဆိုင်ပါ

အခက်အခဲတစ်ခုခု သူ့မှာ ကြုံလာရင်၊ ပြဿနာတစ်ခုခု သူနဲ့ ပတ်သက်ပြီး ဖြစ်လာရင် အတူရင်ဆိုင်ဖြေရှင်းပေးပါ။ ကိုယ်နဲ့ သူ နှစ်ယောက်ပေါင်းရင် အင်အားတစ်ခု ဖြစ်တယ်ဆိုတာကို နားလည်ပါ။ မိန်းကလေးတွေဟာ သူတို့ အားကိုးလို့ ရမယ့် ၊ အခက်ကြုံချိန် မားမားမတ်မတ် ရှေ့ထွက်ပြီး ရပ်တည်ပေးတဲ့ ယောကျာ်းကောင်းကို ခေါင်းမခါတတ်ပါဘူး။


(၅) ဆက်ကြိုးစားပါ

တကယ်ချစ်ရင် မစွန့်ပစ်ပါနဲ့။ သူမရဲ့ တုန့်ပြန်မှုကို မျှော်လင့်လို့မရတဲ့ အချိန်မှာတောင် ကိုယ့်နှလုံးသားကို ပြင်ဆင်တည့်မတ်ပြီး သူမကို ဆက်ချစ်ပြနေ ၊ ဂရုစိုက်အားပေးနေပါ။ လူတစ်ယောက်ရဲ့ အချစ်ကို ရဖို့ နည်းလမ်းတကျ အားကြိုးမာန်တက် ကြိုးစားပါတယ်ဆိုရင်တောင် သီအိုရီအရ မှန်ရင်တောင် တကယ့်ဘဝမှာ အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် ကြိုးစားပါ။ အနည်းဆုံး သူမကို ချစ်နေတဲ့ သူတစ်ယောက် ကမ္ဘာပေါ်မှာ ရှိနေတယ်ဆိုတာကို သူမသိနေပါစေ။


Lifestyle_Myanmar
ref-




Some text some message..