
အသဲကွဲတာ ပျောက်တယ်ဆိုတဲ့ဆေး မရှိသေးပေမယ့် စိတ်ကောက်တာပျောက်စေမယ့် ဆေးတော့ရှိပါတယ်နော်။ RS ရှိတဲ့ အမျိုးသားတို့အားလုံး ကိုယ့်ချစ်သူကောင်မလေး စိတ်ကောက်တာတော့ ခံဖူးကြမယ်ထင်ပါတယ်။ အမြဲတမ်း စိတ်ဆိုးစိတ်ကောက်တတ်တဲ့ ချစ်သူလေးတစ်ယောက် ပိုင်ဆိုင်ထားပြီဆိုရင်တော့ သေချာပါတယ် သူမဟာသင့်ကို သိပ်ချစ်တယ်ဆိုတာပါပဲ။ မိန်းကလေးတွေရဲ့ သဘာဝကိုက အချော့ကြိုက်တဲ့သူတွေမလို့ပါ။
ဒါပေမယ့်လည်း တစ်ခါတစ်လေမှာ ကိုယ့်ချစ်သူကောင်မလေး စိတ်ဆိုးနေတဲ့အချိန် ကိုယ်လည်းနေရခက်ပြီး ပျော်စရာကောင်းတဲ့အချိန်လေးတွေ ဆုံးရှုံးရတတ်ပါတယ်။ ဒါကြောင့် စိတ်ဆိုးနေတဲ့ ကိုယ့်ချစ်သူကောင်မလေး အမြန်ဆုံးစိတ်ကောက်ပြေစေမယ့် ချောနည်းလေးတွေကို မျှဝေပေးလိုက် ပါတယ်။
(၁) အစားအသောက်နဲ့ စည်းရုံးပြီး ချော့ပါ
မိန်းကလေးတွေအများစုကတော့ ဘယ်လောက်ပဲစိတ်ကောက်နေပါစေ သူတို့ကြိုက်တက်တဲ့ အစားအစာလေးတွေ မြင်ရရင်တော့ စိတ်ကောက်နေတဲ့ စိတ်တွေလျော့ကျသွားတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကောင်မလေးကြိုက်တက်တဲ့ အစားအသောက်လေးတွေနဲ့ စည်းရုံးပြီးချော့မယ်ဆိုရင် အမြန်ဆုံးစိတ်ကောက်ပြေနိုင်မှာပါ။

(၂) ရင်ခုန်စရာကောင်းတဲ့ အရာလေးဖန်တီးပေးပါ
ကြီးကြီးမားမားလက်ဆောင်ပေးမှ ကောင်မလေးတွေအတွက် Suprise ဖြစ်တာမဟုတ်ပါဘူး။ ပန်းလေးတစ်ပွင့်၊ စာလေးတစ်စောင်ကလည်း မိန်းကလေးတွေအတွက် အများကြီးရင်ခုန်စရာအရာလေးတွေ ဖြစ်သွားစေနိုင်ပါတယ်။ အဓိက သူမလုံးဝထင်မှတ်မထားတဲ့ အရာလေးတွေဖြစ်ဖို့တော့လိုတာပေါ့နော်။

(၃) ဈေးဝယ်ထွက်ပါ
စိတ်ဆိုးတယ် စိတ်ကောက်တယ်ဆိုတာကလည်း စိတ်ဖိစီးမှု တစ်ခုပါပဲ။ ဒီလိုစိတ်ဖိစီးစရာအရာတွေ ပြေပျောက်သွားဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ဈေးဝယ်ထွက်တာဖြစ်ပါတယ်။ သူမနဲ့အတူခြင်းတောင်လေးကိုင်ပြီး လိုအပ်တဲ့ပစ္စည်းလေးတွေ လျှောက်ဝယ်လိုက်ပါ။ ငွေရှင်းကောင်တာ မရောက်ခင်မှာပဲ သင့်ကိုစိတ်ဆိုးပြေသွားပါလိမ့်မယ်။

(၄) ရင်ဘတ်ချင်းနီးပါ
စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာကတော့ အကြောင့်မဲ့သက်သက်ဖြစ်တတ်တဲ့ အရာတစ်ခုမဟုတ်ပါဘူး။ စိတ်ဆိုးစေတဲ့ အကြောင်းအရင်းတစ်ခုတော့ရှိကိုရှိနေတာကြောင့် ကိုယ်ကမသိခဲ့ရင်တောင် သူမကိုသေချာလေးမေးကြည့်ပါ။ သူမ ပြောပြလာတဲ့အချိန်မှာလည်း အလေးအနက်ထား နားထောင်ပေးပြီး နှစ်သိမ့်မှုတွေ တောင်းပန်စကားတွေနဲ့ သူမကောက်နေတဲ့စိတ်လေးကို ပြေလည်သွားအောင်လုပ်ပေးပါ။

(၅) ရယ်စရာအမှတ်တရလေးတွေ ပြောပြပေးပါ
စိတ်ဆိုးနေတဲ့သူကို ရယ်စရာပြောတယ်ဆိုတာက တကယ်ကို ပညာသားပါမှရမယ့်အလုပ်တစ်ခုပါ။ အဆက်စပ်မရှိဘဲ ရယ်စရာကောင်းတဲ့စကားပြောခြင်းဟာ စိတ်ဆိုးနေသူအဖို့ ဒေါသပိုထွက်စရာဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့ အတူတူ အရင်ကကြုံခဲ့ရတဲ့ ရယ်စရာအဖြစ်အပျက်လေး တွေကို အချိန်ကိုက် ပြန်ပြောရင်တော့ နှစ်ယောက်လုံးရယ်မော ပျော်ရွှင်ရပြီး သူမလည်း အမြန်ဆုံးစိတ်ပြေလာစေမှာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-inspiringtips