Crush ရှေ့ရောက်တဲ့အခါ ပြောစရာစကားတွေ ခန်းခြောက်နေတတ်တဲ့ အမျိုးသားတို့အတွက် တော်ကီများ
lifestylemyanmar.com
|
2022-06-12

အမျိုးသားထုကြီး တစ်ရပ်လုံးအတွက် အရေးကြီးတဲ့ လိုအပ်ချက် တစ်ခုရှိနေပါတယ်။ ဒါကတော့ ကိုယ်ချစ်နေရတဲ့ မိန်းကလေးကို ဘယ်လိုစကားလုံးတွေသုံးပြီး ကျလာအောင် လုပ်ရမလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ တချို့သော အမျိုးသားတွေက နဂိုတော်ကီကြွယ်တဲ့ ဓတ်ခံရှိပေမယ့် တချို့သော ပုရိသတွေကတော့ Crush ရှေ့ရောက်တဲ့အခါ ပြောစရာစကားတွေ ခန်းခြောက်နေတတ်ပါတယ်။

သူမဘာတွေ ကြိုက်တတ်သလဲ။

စကားစပြောကြတဲ့အခါမှာ ကိုယ်ဘာတွေသဘောကျတယ်၊ ဘာအိမ်မက်တွေ ရှိတယ်ဆိုတာထက် သူမ ဘာတွေနှစ်သက်တယ်၊ ဘယ်လိုစိတ်ကူးတွေ ရှိနေတယ်ဆိုတာကို စကားလမ်းကြောင်းပြီး မေးမြန်းသင့် ပါတယ်။ ဦးစားပေးတတ်တဲ့ အမျိုးသားတစ်ယောက် အဖြစ် Crush လေးက အမှတ်တွေ ပေးပါလိမ့်မယ်။


သူမရဲ့ အလှအပတွေ

ကိုယ်သဘောကျနှစ်သက်နေတဲ့ မိန်းကလေးနဲ့ စကားပြောတဲ့အခါမှာ သူမဘယ်လိုလှကြောင်း၊ ချောမောကြောင်းကို မကြာမကြာ ထည့်သွင်းပြောကြားပေးသင့်ပါတယ်။ ပေါ်တင်ကြီး ချီးမွမ်းတာမျိုး မဖြစ်စေပဲ မသိမသာလေး ပြောကြားပေးခြင်းဖြင့် ချစ်သူလေးရဲ့ သဘောကျနှစ်သက်မှုကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။


ရီစရာ ပျက်လုံးများ

သင်ဟာ တခြားအချိန်တွေမှာ ဘယ်လိုပင် အနေတည်သူတစ်ဦး ဖြစ်နေပါစေ။ သင့်ချစ်သူမိန်းကလေး ရှေ့ရောက်ပြီဆိုလျင် ဟာဒယရွှင်ဆေး တိုက်ကျွေးတတ်တဲ့ လူရွှင်တော်တစ်ဦး အဖြစ် ချက်ခြင်း ပြောင်းလဲပစ်လိုက်သင့်ပါတယ်။ သင့်ဟာသ ပျက်လုံးများကြောင့် Crush လေးက အပြုံးပန်းတွေကို ရက်ရက်ရောရော ပေးပါလိမ့်မယ်။


ဂရုစိုက်တတ်သော ယောကျ်ား

Crush လေးနဲ့ တွေ့တဲ့အခါမှာ သူမဘာဖြစ်နေတယ်၊ ဘယ်လိုတွေကြုံတွေ့ခံစားနေရတယ်ဆိုတာကို စိုးရိမ်တဲ့ပုံမျိုးနဲ့ မေးမြန်းသင့်ပါတယ်။ သင်ဟာ ဂရုစိုက်တတ်သူ တစ်ယောက်ဖြစ်တယ်ဆိုတဲ့ အချက်ဟာ ချစ်သူမိန်းကလေးအတွက် သဘောကျစရာ အချက်တွေဖြစ်ပဲ ဖြစ်ပါတယ်။


Lifestyle_Myanmar

ref-cosmopolitan




Some text some message..