
မိန်းကလေးတွေရဲ့ စိတ်ကခန့်မှန်းရခက်တဲ့ အထဲမှာပါပါတယ်။ တစ်ခါတစ်လေမှာ အရမ်းလိမ်မာပြနေတဲ့ ယောကျာ်းလေးတွေထက် မိုက်တိမိုက်ကန်း ခပ်ကြမ်းကြမ်း ကောင်းဆိုးလေးတွေကို ပိုပြီးသဘောကျတတ်ကြပါတယ်။ အများအားဖြင့် ဒီလို ဂျစ်ကန်ကန် ခပ်ဆိုးဆိုးကောင်လေးတွေကို ဆယ်ကျော်သက်ကောင်မလေးတွေ ပိုပြီးသဘောကျတတ်ကြတာဖြစ်ပြီး ရင့်ကျက်သွားတဲ့ အမျိုးသမီးတွေကတော့ အနည်းစုသာ သဘောကျကြတာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂျစ်ကန်ကန်ကောင်လေးတွေကို မိန်းကလေးတွေဘာကြောင့်ပိုပြီး သဘောကျကြတယ်ဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) သတ္တိရှိတယ်
ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ကောင်လေးတွေဟာ နေရာတိုင်းမှာ ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲရှိတာမို့ သာမာန်အမျိုးသား တွေထက်ပိုပြီး သတ္တိရှိတယ်လို့ မြင်ကြပါတယ်။ ရန်ပွဲတွေမှာလည်း ထိပ်ဆုံးကပါဝင်နေတတ်တဲ့ သူတွေဖြစ်တာကြောင့်နာမည်ဆိုးနဲ့ ကျော်ကြားပေမယ့် သတ္တိရှိတယ်ဆိုတဲ့ဘွဲ့ကိုတော့ ရရှိထားကြတာဖြစ်ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေကြားမှာတော့ အဲ့လိုခပ်မိုက်မိုက်ကောင်လေးတွေနဲ့ တွဲရတာဂုဏ်ယူစရာလို့ ခံယူထားကြပါတယ်။

(၂) အားကိုးရတယ်
မိန်းကလေးရဲ့ သဘာဝကိုက အားကိုးအားထားရှိတဲ့ ကောင်လေးတွေကိုပိုပြီး သဘောကျတတ်ကြတာဖြစ်ပါတယ်။ ခပ်ဆိုးဆိုးကောင်လေးတွေဟာ သူမတို့ အရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးပြီး ကိစ္စတိုင်းကို ဖြေရှင်းပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ လိုက်နှောက်ယှက်တတ်တဲ့ ကောင်လေးတွေဒဏ်ကလည်း လွတ်မြောက်မှာဖြစ်သလို လူလည်းရှိန်စေတာကြောင့် ဒီလိုခပ်ဆိုးဆိုးကောင်လေးတွေကို တွဲရတာ ဆုလာဒ်တစ်ခုလို့ သတ်မှတ်ထားတတ်ကြပါတယ်။

(၃) ဆွဲဆောင်မှုရှိတယ်
ခပ်ဆိုးဆိုးကောင်လေးတွေရဲ့ ဂျစ်ကန်ကန်စကားပြောဆို နေထိုင်ပုံ၊ ဝတ်စားဆင်ယင်ပုံ စရိုက်တွေဟာ မိန်းကလေးတွေရဲ့အမြင်မှာ တစ်မျိုးဆွဲဆောင်မှုရှိနေတတ်ပါတယ်။ မိုက်ချင်မိုက်လိုက်မယ် ဆိုးချင်ဆိုးလိုက်မယ်။ သို့သော် အထာတွေ ပကာသနတွေကို ဦးစားမပေးဘဲ ဟန်ဆောင်မှုကင်းစွာ အရှိရှိတိုင်းဘဝကို ရိုးသားစွာနေထိုင်တတ်ကြတာဖြစ်ပါတယ်။ အများစုကတော့ ရိုင်းတယ်ထင်ရပေမယ့် ပွင့်ပွင့်လင်းလင်းနေတတ်တဲ့အချက်က ကောင်မလေးတွေအတွက်တော့ ပိုပြီးစွဲဆောင်မှုရှိစေတာပဲဖြစ်ပါတယ်။

(၄) ဆုံးဖြတ်ချက်ပြတ်သားတယ်
ဆိုးတဲ့ကောင်လေးတွေအများစုက ကိုယ်ပိုင်ဆုံးဖြတ်ကို ရဲရဲဝင့်ဝင့် ချမှတ်တတ်ကြပါတယ်။ ကိစ္စတိုင်းကို တွေဝေခြင်းမရှိ Do Or Die လုပ်တက်တဲ့အတွက် ခပ်ဆိုးဆိုးကောင်လေးအများစုက ဆုံးဖြတ်ချက်ပြတ်သားသူတွေဖြစ်ကြပါတယ်။ ဆုံးဖြတ်ချက်က မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ရလာတဲ့ အကျိုးဆက်ကိုလည်း တာဝန်ယူမှုအပြည့်ရှိတတ်ကြပါတယ်။ ဒါကြောင့် မိန်ကလေးတွေ ပိုခိုက်ရတဲ့အကြောင်းအရင်းမှာ ဆုံးဖြတ်ချက်ပြတ်သားမှုကလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။

Lifestyle_Myanmar
ref-medium.com