လောကဓံရဲ့ ပြင်းထန်လှတဲ့ ရိုက်ပုတ်ကျီစယ်မှုကို ဘယ်လိုရင်ဆိုင်ကြမလဲ
lifestylemyanmar.com
|
2022-08-18

လူတိုင်းဟာ လောကဓံ ဆိုတဲ့ အရာနဲ့ မလွဲမသွေ ကြုံကြရစမြဲပါ။ စိတ်ဓာတ်မကြံ့ခိုင်သူများအဖို့ လောကဓံ ရဲ့ ရိုက်ပုတ်မှုဒဏ်ကို ခံနိုင်ရည် မရှိဘဲ အလဲလဲအပြိုပြို ခံကြရပါတယ်။ လောကဓံရဲ့ ရိုက်ပုတ်ကျီစယ်မှုဟာလည်း အတော်ကို ပြင်းထန်ဆိုးရွားလွန်းလှပါတယ်။ ဒီလို ပြင်းထန်တဲ့ လောကဓံကို ဘယ်လိုရင်ဆိုင်ကြမလဲ။

လောကဓံဆိုတာ စိန်ခေါ်မှုတစ်မျိုးပါ။

လူတိုင်း လောကဓံကို ရင်ဆိုင်ရစမြဲပါ။ ဒီလို လောကဓံတရားနဲ့ တွေ့တဲ့အခါမှာ ကိုယ်က ကြောက်ရွံ့မနေဘဲ လောကဓံကို စိန်ခေါ်မှုအဖြစ် ပြောင်းလဲခံစားတတ်ရပါမယ်။ ဒီလို စိန်ခေါ်မှုကို ကိုယ်က ဘယ်လို ပြန်လည် တုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကြဖို့ကို အတော်စိုးရွံ့ကြပါတယ်။ တစ်စုံတစ်ယောက်က စိန်မခေါ်မချင်း ကိုယ့်ရဲ့ ပုံသေနေ့စဉ်ဘဝထဲမှာ နေနေတတ်ကြပါတယ်။ တကယ်တော့ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ဖို့ အထူး အထူးကို လိုအပ်ပါတယ်။


ဘယ်လို ကြောက်တတ် စိုးရွံ့တတ်သူဖြစ်နေပါစေ။ လောကဓံကို ရဲရဲကြီး ရင်ဆိုင်ပါ။အထက်က ပြောခဲ့သလိုပါပဲ။ ကြုံတွေ့ရတဲ့ လောကဓံတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ကြုံတွေ့ရသမျှ အားလုံးကို ကိုယ့်ရဲ့ ဘဝတက်လမ်းအတွက် စိန်ခေါ်မှုတွေလို သဘောထားပြီး ရင်ဆိုင်ကျော်ဖြတ်နိုင်မှသာ လောကဓံကို ရင်ဆိုင်နိုင်တဲ့သူဖြစ်မှာပါ။


လူတစ်ယောက်ဟာ ဘဝမှာ စိတ်ဓာတ်ခွန်အားတွေ မဖြစ်မနေလိုအပ်ပါတယ်။ လူ့ခန္ဓာကိုယ်က အားအင်ချိနဲ့ မမာမကျန်းဖြစ်နေလည်း စိတ်ဓာတ်ခွန်အားရှိတဲ့ လူတစ်ယောက်က ဘဝမှာဘယ်တော့မှ လဲပြိုတယ်ဆိုတာ မရှိနိုင်ပါဘူး။ ကိစ္စတစ်ခုကိုဖြစ်အောင်လုပ်မယ်၊ ရအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးက ပြင်းထန်တဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။ မဖြစ်မနေ စိတ်ဓာတ်မျိုးကို ဘဝရဲ့အောင်မြင်မှုတွေအတွက် မွေးမြူထားသင့်ပါတယ်။


Lifestyle_Myanmar

ref-inspiringtips




Some text some message..