နေပျော်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ - လေ့ကျင့်ခန်း ၁
byohls.com
|
2022-10-04

လေ့ကျင့်ခန်း - ၁

တစ်ခါတလေမှာ အလုပ်တွေများပြီး အဆင်မပြေမှုတွေနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေချင်စိတ်တွေ ပေါက်တတ်ကြမှာပါ။ အလုပ်တွေသာများပြီး ရလာတဲ့အကျိုးရလဒ်က မကောင်းဘူးဆိုရင် ဘဝဟာ ရေတွင်းထဲမှာ ရေငတ်နေသလိုပါပဲ။ ဒီလိုအဖြစ်မျိုးတွေ မကြုံရလေအောင် နေပျော်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးနေပါတယ်။ အဲဒီနည်းလမ်းတွေ အောင်မြင်ဖို့ ဖော်မြူလာတော့မရှိပါဘူး။ နေ့စဥ် လေ့ကျင့်ဖို့တော့လိုပါတယ်။

“ဘာမှမရှိ ဘာမှမသိ၊ သုည”

သတင်းတွေကို လိုတာထက်ပိုပြီး သိဖို့မကြိုးစားလေနဲ့။ သတင်းတွေကို ရှာဖွေနေမယ့်အစား အလုပ်ထလုပ်သင့်ပါတယ်။  သတင်းတွေဖတ်တာ ရပ်လိုက်မယ်ဆိုရင် စာအုပ်တွေ ပိုဖတ်မိလာလိမ့်မယ်၊ အချက်အလက်၊ အတွေးအခေါ်တွေ ပိုရလာလိမ့်မယ်၊ နေရတာ ပိုပျော်လာလိမ့်မယ်၊ ကြောက်တာတွေ လျော့နည်းလာလိမ့်မယ်။ အနည်းဆုံးတော့ အလုပ်မှာ ဘာတွေဖြစ်နေလဲဆိုတာ သိရလိမ့်မယ်။ အပေါင်းအသင်းတွေနဲ့ အတင်းအဖျင်းပြောတာတွေကို ရှောင်ပါ။ မဟုတ်တမ်းတရားစကားတွေဟာ ဘယ်လိုလူမျိုးကိုမှ မအောင်မြင်စေနိုင်ပါဘူး။ နောက်ပြီး ကိုယ်မလုပ်ချင်တဲ့အရာ၊ ကိုယ်မလုပ်နိုင်တဲ့အရာတွေအတွက် ဘယ်သောအခါမှ လက်မခံပါနဲ့။ မသိသင့်တာတွေ မသိတာ၊ မသိတာတွေ မလုပ်တော့တဲ့အခါ ဘဝဟာ ပိုပြီး နေလို့ကောင်းလာတာ တွေ့ရပါလိမ့်မယ်။




Some text some message..