
LDRS တစ်ခုကို ကြာကြာထိန်းသိမ်းနိုင်ဖို့ဆိုတာ တကယ်ကို မလွယ်တဲ့အလုပ်တစ်ခုပါပဲ။ တစ်ယောက်အပေါ်တစ်ယောက် တကယ်ချစ်ပြီး တန်ဖိုးထားတတ်မှသာလျှင် Relationship တစ်ခု ကြာရှည်ခံမှာပါ။ ယုံကြည်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ နားလည်ခွင့်လွှတ်နိုင်မှု ရှိတဲ့သူတွေဟာ LDRS တစ်ခုကို ကြာရှည်အောင် ထိန်းသိမ်းနိုင်ကြပါတယ်။ အခုပြောပြပေးမှာကတော့ တကယ်ချစ်ကြတဲ့ LDRS တွေမှာ တွေ့ရလေ့ရှိတဲ့ လက္ခဏာတွေအကြောင်းပဲ ဖြစ်ပါတယ်။
ယုံကြည်မှု
သူက သင့်အပေါ် ယုံကြည်မူအပြည့်ရှိတယ်။ သင်ဘယ်သွားနေလဲ၊ ဘယ်သူနဲ့ရှိနေလဲဆိုတာကို သူတို့စိတ်မပူတတ်ကြပါဘူး။ ဘာလို့လဲဆိုတော့ သင့်ကိုယ်သင် ကာကွယ်နိုင်တဲ့သူ၊ တခြားသူသွေးဆောင်ဖျားယောင်းမှုနောက်ကို လွယ်လွယ်နဲ့ ပါမသွားနိူင်ဘူးဆိုတာကို ယုံကြည်ထားလို့ပါ။ များသောအားဖြင့် သံသယအတွေးတွေ၊ မယုံကြည်မှုတို့တွေက LDRS တွေ ပျက်ကြရတဲ့အကြောင်းအရင်းပါပဲ။ တစ်စုံတစ်ယောက်က သင့်ကိုတကယ်ချစ်ရင် သင့်အပေါ်ယုံကြည်မှု အပြည့်ရှိပါလိမ့်မယ်။

ရည်ရွယ်ချက်ကိုယ်စီရှိကြတယ်
သူတို့က အချစ်တခုတည်းအပေါ်မှာပဲ အချိန်တွေအင်အားတွေပုံအောပြီး မသုံးတတ်ကြပါဘူး။ ကိုယ့်ဘဝရဲ့ ရည်းမှန်းချက်အိမ်မက်တွေ ပြီးမြောက်အောင်မြင်ဖို့အတွက် အချိန်တွေပေးရမယ်ဆိုတာ သူတို့တွေ နားလည်ထားကြပါတယ်။ ဒီလို ရည်မှန်းချက်တွေအောင်မြင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ တစ်ယောက်အပေါ်တစ်ယောက် အချိန်မပေးနိုင်ကြတာကို နားလည်မှုအပြည့်အဝရှိကြပါတယ်။
အနေဝေးနေကြပေမယ့် အနားမှာရှိနေသလိုခံစားတတ်ကြတယ်
စိန်ခေါ်မှုတွေ၊ အောင်မြင်မှုတွေရဖို့အတွက် ကြိုးစားနေရတဲ့အချိန်မှာ အထီးကျန်နေတယ်လို့ သင်ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမယ့် တကယ်ချစ်ကြတဲ့ LDRS တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် အနေဝေးနေပေမယ့် စိတ်ချင်းနီးနေအောင် နေတတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းနီးအောင် တစ်ယောက်ထဲ အထီးကျန်မှုမရှိအောင် အမြဲတမ်းပြုလုပ်ပေးတတ်ကြပါတယ်။

အတူရှိနေဖို့အတွက် ရသမျှအခွင့်အရေးတွေ အသုံးချကြတယ်
၂ နာရီလောက်စကားပြောရဖို့အတွက် ၁၀ နာရီလောက်ကြာအောင် သွားရမယ်ဆိုရင်လည်း သူတို့အတွက် ပြဿနာမရှိပါဘူး။ တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက်ခွဲနေရပေမယ့် နှစ်ရက် သို့မဟုတ် သုံးရက်လောက် အတူတွေ့ပြီး ခရီးသွားရရင် သူတို့အတွက်လုံလောက်ပြီလို့ တွေးတတ်ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် ပြန်တွေ့ဖို့ စကားပြောရဖို့အတွက် ခရီးအကွားအဝေးနဲ့ အချိန်တွေက သူတို့အတွက် အတားအဆီးတစ်ခု မဟုတ်ပါဘူး။

သူတို့ မလုပ်ပေးနိုင်တဲ့ကတိတွေ မပေးကြဘူး
တကယ်ချစ်တဲ့ LDRS တွေက သူတို့မလုပ်ပေးနိုင်တဲ့ ကတိတွေမပေးတတ်ကြပါဘူး။ ဘာလို့လဲဆိုတော့ မျှော်လင့်ချက်တွေပေးပြီး မလုပ်ပေးနိုင်ဘူးဆိုရင် စိတ်ပျက်အားငယ်ရပြီး နောက်ဆုံးလမ်းခွဲရတဲ့အထိ ဖြစ်နိုင်တာကို သူတို့သိထားလို့ပါပဲ။ LDRS တွေရဲ့ ဘဝက စိတ်ပင်ပန်းရပါတယ်။ စိတ်ပျက်ရဖန်များလာတာ၊ အသည်းကွဲရဖန်များလာရင် ပိုပိုပြီး နာကျင်လာရတတ်ပါတယ်။ ကတိဆိုတဲ့စကားလုံးက Relationship တစ်ခုအတွက် အရမ်းကို အရေးကြီးပါတယ်။ ကတိပျက်ဖန်များလာရင် ယုံကြည်မှုတွေလျှော့သွားတတ်ပါတယ်။ ယုံကြည်မှုဆိုတာက Relationship တစ်ခုရဲ့အသက်ပါပဲ။ ဒါကြောင့် ကိုယ်မလုပ်ပေးနိုင်တဲ့ ကတိမျိုးတွေမပေးမိအောင် ဆင်ခြင်ကြဖို့ အကြံပေးချင်ပါတယ်။

လွတ်လပ်မှုကို မြတ်နိုးတယ်
သူတို့က တစ်ယောက်ရဲ့ဘဝကို တစ်ယောက်မထိန်းချုပ်ကြပါဘူး။ တစ်ယောက်ရဲ့ လွတ်လပ်မူကို တစ်ယောက် အပြန်အလှန် တန်းဖိုးထားကြပါတယ်။ Relationship အပြင်ဘက်မှာရှိတဲ့ဘဝကို ထိန်းချုပ်ဖို့အတွက် သူတို့မကြိုးစားကြဘူး။ သူတို့ဟာ ပျော်ရွှင်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အစွမ်းကုန် ပံ့ပိုးကူညီတတ်ကြပါတယ်။
Lifestyle_Myanmar
ref-inspiringtips