လက်ရှိဘဝထက် ပိုမိုပျော်ရွှင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ရဖို့ လိုက်နာသင့်တဲ့ အချက်တွေ
lifestylemyanmar.com
|
2022-11-07

လူတိုင်းလူတိုင်း ကိုယ်ဖြတ်သန်းနေရတဲ့ ဘဝတစ်ခုမှာ စိတ်ချမ်းသာမှု ပျော်ရွှင်မှုပဲလိုချင်ကြတာပါ။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမှာဖြစ်သလို ဖြတ်သန်းရတဲ့နေ့ရက်တိုင်းဟာလည်း အဓိပ္ပါယ်ပြည့်ဝနေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ လက်ရှိဘဝထက် ပိုမိုပျော်ရွှင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ရဖို့ အခွင့်အရေးများစွာရှိပါတယ်။ ဒီလို ပိုမိုပျော်ရွှင်ရတဲ့ ဘဝတစ်ခုပိုင်ဆိုင်ရစေဖို့ သင့်အနေနဲ့ လိုက်နာသင့်တဲ့ အချက်တွေတော့ ရှိနေပါတယ်။ ဘာတွေဖြစ်မလဲ ဆက်ဖတ်ကြည့်ရအောင်။

အတိတ်က နာကျင်စရာတွေ မေ့ပစ်ပါ

အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေအတွက် ကိုယ်အနေနဲ့ ပြန်လည်ပြန်ဆင်ခွင့်မရှိတော့ပေမယ့် အနာဂတ်ကိုတော့ အကောင်းဆုံး ပြင်ဆင်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ပြုပြင်လို့မရတော့တဲ့ အတိတ်က အမှားတွေအတွက် အကောင်းဆုံး သင်ခန်းစာတစ်ခုအဖြစ် သတ်မှတ်လိုက်ပါ။ ကိုယ်ရဲ့ရှေ့ဆက်မယ့်ဘဝမှာတော့ နောင်တရစရာတွေ အတိတ်ကနာကျင်စရာတွေကို ဆက်သယ်မလာဘဲ မေ့ပစ်လိုက်တာဟာ အကောင်းဆုံး အဖြေတစ်ခုပါ။


မကောင်းမြင်စိတ်တွေ ဖျောက်ပါ

Negative Sense တွေ ကိုယ့်အပေါ် ကြီးစိုးလာတဲ့အခါ အရာရာတိုင်းကို အကောင်းမြင်နိုင်စိတ်တွေ ပျောက်ရှလာတတ်ပါတယ်။ တစ်ခုခုဆို မကောင်းမြင်တဲ့စိတ်က ရှေ့ကကာနေတဲ့အတွက် ဘဝမှာ ပျော်ရွှင်စရာဆိုတာကလည်း တဖြေးဖြေးပျောက်ရှလာပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး မကောင်းမြင်တဲ့ စိတ်တွေအတွေးတွေအားလုံးကို ဖျောက်ဖျက်ဖို့လိုပါတယ်။


ဒေါသစိတ်တွေလျော့ပါ

ဘယ်အရာမဆို ဒေါသစိတ်နဲ့ ဖြေရှင်းတဲ့အခါ အမှားများစွာ ဖြစ်သွားတတ်ပါတယ်။ ဒေါသစိတ်ကြောင့် အပ်နဲ့ထွင်းရမယ့်အရာတွေဟာ ပုဆိန်နဲ့ထွင်းရတဲ့အရာတွေ ဖြစ်သွားတတ်ပါတယ်။ ဒေါသစိတ်တွေလျော့ပြီး ကိစ္စတိုင်းကို စိတ်ရှည်သည်းခံစွာနဲ့ ဖြေရှင်းမယ်ဆိုရင် မလိုအပ်တဲ့စိတ်ညစ်စရာတွေလည်း ရလာမှာမဟုတ်ပါဘူး။


အနာဂတ်အတွက်အစီအစဉ်ဆွဲပါ

အနာဂတ်မှာ ကိုယ်ဖြစ်စေချင်တဲ့ ဘဝပုံစံကို Plan ဆွဲပါ။ လူတော်တော်များများ လျှောက်သာလျှောက်နေကြတာ ပန်းတိုင်က ဘယ်ဆီနေမှန်းမသိဘူးဆိုတဲ့အဖြစ်တွေ အများကြီးရှိနေပါတယ်။ ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့ အစီစဉ်တစ်ခုရှိသူတိုင်းဟာ သေချာရေရာတဲ့ အနာဂတ်ပန်းတိုင်အတွက် အမြဲပျော်ရွှင်တက်ကြွစွာ ကြိုးစားလျှောက်လှမ်းနေကြသူတွေဖြစ်ပါတယ်။


Lifestyle_Myanmar

ref-success




Some text some message..