လူချစ်လူခင်ပေါများလှတဲ့ ဒီဇင်ဘာ Born လေးတို့ရဲ့ ပင်ကိုယ်စရိုက်များ
lifestylemyanmar.com
|
2022-11-19

သင့်ရဲ့မွေးလက သင့်အကြောင်းတွေကို ပြောပြပေးနိုင်တယ်ဆိုတာ သင်သိပါသလား? မွေးလတွေဟာ လူတယောက်ရဲ့ အလုပ်အကိုင်၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များနဲ့ အပြုအမူတွေအားလုံးအပေါ် လွှမ်းမိုးမှုရှိနေတယ်လို့ ဆိုပါတယ်။ ဒီတစ်ခေါက်မှာတော့ Confident အပြည့်ရှိပြီး လွတ်လွတ်လပ်လပ်နေချင်ကြတဲ့ December born လေးတွေရဲ့ အကြောင်းကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

ကျိုးကြောင်း ဆင်ခြင်တတ်ကြပြီး ရင်းနှီးဖော်ရွေတယ်

ဒီဇင်ဘာလ Born တွေမှာ မြင်တွေ့နေကျ အရည်အသွေးတွေထဲမှာ တစ်ခုအပါအဝင်ကတော့ မောက်မာခြင်း၊ ရင့်သီးခြင်းတွေမရှိဘဲ နှိမ့်နှိမ့်ကျကျ နေထိုင်ပြောဆိုတတ်ခြင်းပဲဖြစ်ပါတယ်။ သူတို့ဘယ်လောက်ပဲ အောင်မြင်နေပါစေ သူများအပေါ်မှာ ဘယ်တော့မှ နှိမ်ခြင်းမရှိ၊ မော်ကြွားခြင်းတွေ မရှိကြပါဘူး။


၂။ ရိုးသားမှုကို ဦးစားပေးတယ်

ဒီဇင်ဘာလမွေးဖွားသူတွေဟာ “Honesty is the best policy” ဆိုတဲ့ စကားကို လက်ဝယ်ကိုင်ထားကြလို့ တရားမမျှတတဲ့ အခြေအနေ၊ ကိစ္စတွေအပေါ်မှာ အားပေးအားမြှောက်လုပ်တာမျိုးကို မြင်တွေ့ဖို့က တော်တော်လေးရှားပါလိမ့်မယ်။ သူတို့အတွက်က ရိုးသားမှုဟာ အသက်ရှူရှိုက်ခြင်းတမျှ အရေးပါလှတယ်လို့ တွေးယူထားကြပါတယ်။ နောက်ပြီး ဘယ်လိုအခွင့်အရေး၊ ချမ်းသာမှုတွေအတွက်ကိုမှ ရိုးသားမှုနဲ့ လဲလှယ်ပြီး ယူရတာမျိုးလုပ်ရပ်ကို လုံးဝလုပ်ကြမယ့်သူတွေမဟုတ်ပါဘူး။

၃။ စည်းစနစ်ကျကျ နေတတ်ထိုင်တတ်တယ်

အကယ်လို့ သင့်မှာ ဒီဇင်ဘာလ မွေးနေ့ရှင် မောင်နှမ သို့မဟုတ် သူငယ်ချင်းရှိတယ်ဆိုရင် သူတို့ရဲ့ ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ် ထားတတ်တယ်ဆိုတာကို သတိထားမိမယ်လို့ထင်ပါတယ်။ ဘယ်တော့မှ ညစ်ပတ်ရှုပ်ထွေးနေတာမျိုးကို မြင်တွေ့ရမှာမဟုတ်ပါဘူး။


၄။ ဆုံးဖြတ်ချက်ချထားရင် ဖြစ်အောင်လုပ်တယ်

သူတို့ချမှတ်ထားတဲ့ ပန်းတိုင် သို့မဟုတ် ရည်မှန်းချက်တစ်ခုခုကို ဖြစ်မြောက်အောင်ကြိုးစားရာမှာ ဒီဇင်ဘာ Born တွေက ဘယ်တော့မှ နောက်ကောက်မကျန်တတ်ကြပါဘူး။ သူတို့ရဲ့ ရည်မှန်းချက်တွေ အိမ်မက်တွေကို ဖြည့်စွမ်းရာမှာ ဆုံးဖြတ်ချက်ခိုင်မာကြပြီး ဘယ်လောက်ပဲခက်ခဲနေပါစေ တစ်စက်ကလေးမှ လျော့မသွားပါဘူး။

၅။ သူများတကာအပေါ် ကြင်နာသနားတတ်တယ်

အကယ်လို့ သင့်မှာ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့နေရတယ်ဆိုရင် ဒီဇင်ဘာ Born သင့်သူငယ်ချင်းတွေက ဘယ်တော့မှ သင့်ကိုတစ်ယောက်တည်း ထားမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လည်း သူများတကာတွေအပေါ် ကူညီဖော်ရပြီး ကြင်နာသနားတတ်တဲ့စိတ်ရှိတယ်လို့ ပြောနိုင်တာလည်းဖြစ်ပါတယ်။ ကိုယ်ကျိုးမငဲ့ဘဲ သူများကို အားတက်သရော ကူညီဖြည့်ဆည်းပေးကြကာ ဘာအကျိုးကျေးဇူးမှလည်း ပြန်ပြီး မမျှော်ကိုးတတ်ပါဘူး။


၆။ မွေးရာပါ ထက်မြက်ကြတယ်

ဒီဇင်ဘာလ မွေးဖွားသူတို့က တော်တော်လေးကို ဥာဏ်ကောင်းကြ၊ တော်တတ်၊ ထက်မြက်ကြတယ်လို့ ဆိုကောင်းဆိုနိုင်ပါတယ်။ တစ်ခုခုကို စမလုပ်ခင် အားသာချက်၊ အားနည်းချက်တွေကို အရင်ဆုံး ပိုင်းခြားစိတ်ဖြာတတ်တဲ့ အကျင့်ရှိကြပါတယ်။ အလျင်စလို ဆုံးဖြတ်ချက်ချတာမျိုးက သူတို့ရာဇဝင်မှာမရှိပါဘူး။

၇။ ရေရှည်တည်မြဲတဲ့ Relationship ကို လိုချင်ကြတယ်

ဒီဇင်ဘာ Born တွေဟာ သူတို့ရဲ့ လက်တွဲဖော်အပေါ်ဖြစ်စေ မိသားစုဝင်တွေအပေါ်ဖြစ်စေ အမြဲတမ်း အလေးထားကြ သစ္စာရှိကြပါတယ်။ အခြေအနေ ဘယ်လောက်ပဲ ခက်ခဲနေပါစေ သူတို့ရဲ့ချစ်ရသူတွေအပေါ်မှာ ဘယ်တော့မှ ကျောခိုင်းမသွားတတ်ကြဘဲ အမြဲတမ်း အနားမှာ အတူရှိနေပေးတတ်ပါတယ်။


Lifestyle_Myanmar

ref-boldsky




Some text some message..