ချစ်သူနဲ့အတူတူ ခရီးအတူသွားခြင်းဖြင့် သင့်ရဲ့ အချစ်ရေးအပေါ် အကျိုးသက်ရောက်မှုများ
lifestylemyanmar.com
|
2022-11-27

ကိုယ့် ချစ်သူနဲ့အတူတူ ခရီးသွားဖူးပါလား။ အချစ်နဲ့ ခရီးတစ်ခုခု မသွားဖူးသေးရင်တော့ အနည်းဆုံး တစ်ကြိမ်တစ်ခါလောက် ခရီးထွက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလို ကိုယ်ချစ်တဲ့သူနဲ့ နှစ်ယောက်တည်းခရီးသွားတာဟာ သင့်ရဲ့ အချစ်ရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှာရှိစေလဲ ဆိုတာ ဒီဆောင်းပါးလေးမှာ ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) ရေရှည်အတွက် အကျိုးကျေးဇူးများစေတယ်

ကိုယ်ချစ်သူနဲ့ နှစ်ယောက်တည်း ခရီးသွားခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက် ပိုမိုရင်းနှီးကျွမ်းဝင်မှုကို ဖြစ်စေပါတယ်။ နေ့စဉ် ဒိတ်လုပ်နေကြ ပုံစံနဲ့လည်းမတူဘဲ ပတ်ဝန်းကျင်အသစ်မှာ အတွေ့အကြုံအသစ်တွေကို ခံစားရစေမှာဖြစ်တာကြောင့် ရင်ခုန်စရာ ပိုကောင်းစေမှာဖြစ်ပါတယ်။ တစ်ယောက်အကြောင်းလည်း တစ်ယောက်ပိုမိုသိရှိလာနိုင်ပြီး လေ့လာမှုစစ်တမ်းတွေအရ ခရီးအတူတူသွားခြင်းက တစ်ယောက်နဲ့တစ်ယောက်ကြား သံယောဇဉ် အချစ် မေတ္တာတရားတွေ ပိုတိုးလာစေပြီး ရေရှည်အတွက် ကောင်းမွန်ခိုင်မြဲစေတယ်လို့ ဆိုပါတယ်။


(၂) ယုံကြည်စိတ်ချမှု ပိုတိုးလာစေတယ်

တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်စိတ်ချမှုဆိုတာ တဖြေးဖြေးချင်း တည်ဆောက်သွားရတာမျိုးပါ။ ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်း ခရီးထွက်မယ်ဆိုရင် စွန့်စားမှုတွေ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ယုံကြည်မှုတွေအများကြီးနဲ့ သွားကြရတာမျိုးဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုအပြည့်နဲ့ ခရီးသွားမှသာ စိတ်ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုဖြစ်စေမှာဖြစ်သလို တစ်ယောက်နဲ့တစ်ယောက်လည်း ရင်ဘတ်ချင်း ပိုနီးလာစေမှာပါ။ ဒါကြောင့် ချစ်သူနဲ့ခရီးသွားခြင်းက တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုတည်ဆောက်ဖို့ အကောင်းဆုံးအချိန်ဖြစ်သလို နောင်တစ်ချိန် ဘဝခရီးကို အတူတူဖြတ်သန်းဖို့ ခွန်းအားတွေရစေမှာဖြစ်ပါတယ်။


(၃) အခက်အခဲတွေဖြေရှင်းလာနိုင်မယ်

ကိုယ်ချစ်သူနဲ့ ခရီးတစ်ခုအတူတူ ထွက်ခြင်းအားဖြင့် ချစ်သူနှစ်ဦးကြား ဆက်ဆံရေးနှင့် ချစ်ခြင်းမေတ္တာကို တိုးတက်စေရုံသာမက အခက်အခဲနဲ့ပြဿနာတွေကိုလည်း အရင်ကထက်ပိုပြီး ဖြေရှင်းလာနိုင်မှာဖြစ်ပါတယ်။ အဓိကအားဖြင့် ခရီးသွားတဲ့အခါ ကိုယ့်အကြိုက်သူ့အကြိုက်တွေကို နှစ်ဖက်ညှိညှိနှိုင်းနှိုင်း တိုင်ပင်လုပ်ဆောင်ရတာဖြစ်တာကြောင့် တစ်ယောက်ရဲ့အကြိုက်တွေ တစ်ယောက်မကြိုက်တာတွေကို ပိုမိုသိရှိလာနိုင်မှာဖြစ်ပါတယ်။ ခရီးသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် ရှိခွင့်ရတာကြောင့် တစ်ယောက်ရဲ့ ကောင်းကွက်ဆိုးကွက်တွေကို သိရှိလာပြီး ချစ်သူနှစ်ဦးကြားက အဆင်မပြေမှုတွေ အခက်ခဲတွေကိုဖြေရှင်းဖို့ ပိုမိုလွယ်ကူလာမှာသေချာပါတယ်။


Lifestyle_Myanmar

ref-




Some text some message..