အနမ်းတိုင်းမှာလည်းအဓိပ္ပါယ်ကိုယ်စီရှိတယ်ဆိုတာ သင်တို့သိထားပြီးပြီလား
trend.com.mm
|
2018-12-30

အချစ်ကို ဖော်ပြတဲ့အချစ်ဘာသာစကားတွေထဲကမှအနမ်းအက္ခရာတွေအနက် ကွဲပြားခြားနားတဲ့အနမ်းတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။


လောကကြီးမှာ လူတိုင်းလိုလို ချစ်ဖူးကြမှာပါ။ တစ်ယောက်နဲ့တစ်ယောက်နဲ့ ချစ်ပုံချစ်နည်းသာ မတူရင်မတူမယ် ချစ်တာချင်းတော့အတူတူပါပဲ။ ဒါ့အပြင်အချစ်ကိုပိုင်ဆိုင်ပြီးတဲ့နောက်မှာ ကိုယ့်အချစ်ကို နည်းမျိုးစုံနဲ့ ဖော်ပြတတ် ကြပါတယ်။အချစ်ကိုဖော်ပြတဲ့နည်းလမ်းတွေဟာလည်း တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။အနမ်းဆိုတာကတော့အချစ်ကိုဖော်ပြတဲ့နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။အချစ်ကို ဖော်ပြတဲ့အချစ်ဘာသာစကားတွေထဲကမှအနမ်းအက္ခရာတွေအနက် ကွဲပြားခြားနားတဲ့အနမ်းတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။







၁။ နဖူးအနမ်း






နဖူးကို နမ်းတယ်ဆိုတာ ခင်မင်မှုကို ဖော်ပြတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် နဖူးကိုနမ်းခြင်းဟာ မရိုင်းတဲ့အပြင် မိတ်ဆွေရင်းချာချင်း ချစ်ခင်နှစ်လိုတဲ့သဘောကိုဆောင်ပါတယ်။ ဒီအနမ်းဟာအရှေ့တိုင်းနဲ့အနည်းငယ်စိမ်းပေမဲ့ Globalization ခေတ်မှာတော့ တဖြည်းဖြည်း ယဉ်ကျေးမှုကူးလူးဆက်နွယ်လာနေပါပြီ။


၂။အက်စကီးမိုးအနမ်း






နှုတ်ခမ်းချင်းမထိဘဲ နှာခေါင်းထိပ်ဖျားချင်းနမ်းတဲ့အနမ်းမျိုးကိုအက်စကီးမိုးအနမ်းလို့ခေါ်ပါတယ်။အက်စကီးမိုးတွေဟာ ကနေဒါမြောက်ပိုင်း၊အမေရိကန်ကအလက်စကာ၊ ဂရင်းလန်းစတဲ့ဒေသတွေမှာနေတဲ့ လူမျိုးနွယ်စုတွေဖြစ်ပါတယ်။အက်စကီးမိုးအနမ်းဟာ မြတ်နိုးကြင်နာမှုကို ကိုယ်စားပြုပါတယ်။အမေက သားကိုနမ်းတဲ့အနမ်း၊ ညီအစ်ကိုမောင်နှမချင်း ချစ်ခင်တဲ့အကြောင်းဖော်ပြတဲ့အခါအက်စကီးမိုးအနမ်းနဲ့ဖော်ပြလေ့ရှိပါတယ်။ တစ်ခါတလေမှာလည်း ချစ်သူချင်း နူးညံ့တဲ့ ချစ်ခြင်းကိုထုတ်ဖော်ပြလိုတဲ့အခါအက်စကီးမိုးအနမ်းနမ်းလေ့ရှိပါတယ်။အက်စကီးမိုးလူမျိုးတွေရဲ့ဘာသာစကားအရ ဒီအနမ်းကို ကူးနစ်(Kunik) လို့ခေါ်ပါတယ်။


၃။ ပြင်သစ်အနမ်း






ချစ်သူချင်း၊ ရည်းစားချင်း ချစ်ရည်ရွှမ်းလဲ့စွာနမ်းတဲ့အနမ်းမျိုးပါ။ ပြင်သစ်အနမ်းဟာ နှုတ်ခမ်းချင်းနမ်းရုံမဟုတ်ဘဲ လျှာချင်းပါ ထိတွေ့ကစားပြီးအချိန်ကြာကြာအားပါးတရနမ်းတဲ့အနမ်းမျိုးဖြစ်ပါတယ်။ ချစ်သူရည်းစားထားဖူးတွေကတော့ ဒီအနမ်းမျိုး နမ်းဖူးမယ်ထင်ပါတယ်။


၄။ နှုတ်ခမ်းတစ်လွှာအနမ်း






ချစ်သူရဲ့အပေါ်နှုတ်ခမ်းနဲ့ ကိုယ့်အောက်နှုတ်ခမ်း၊ ကိုယ့်အပေါ်နှုတ်ခမ်းနဲ့ ချစ်သူရဲ့အောက်နှုတ်ခမ်းချင်း နမ်းပြီး သူ့နှုတ်ခမ်းတစ်လွှာကို ကိုယ့်နှုတ်ခမ်းနှစ်လွှာကြား ဆွဲငင်ယူလိုက်တဲအနမ်းမျိုးဖြစ်ပါတယ်။ ဒီလိုအနမ်းကိုလည်း ချစ်သူတွေ နမ်းဖူးကြမှာပါ။


၅။ လက်ဖမိုးအနမ်း






အမျိုးသားတွေကအမျိုးသမီးတွေကို ပြုလေ့ပြုထရှိတဲ့ ယဉ်ကျေးမှုတစ်မျိုးပါ။ ဒီအနမ်းဟာ တစ်ဖက်သားကို မြတ်နိုးကြောင်း၊ နှစ်လိုကြောင်း၊ ကြင်နာကြောင်း ပြသခြင်းပဲဖြစ်ပါတယ်။


၆။ နားသီးအနမ်း






နားရွက်အနမ်းဟာလည်း ရိုမန်းတစ်ဖြစ်တဲ့အနမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ချစ်သူရည်းစားချင်း နမ်းရာမှာ ပိုအသုံးတည့်ပြီး နားသီးကို နှုတ်ခမ်းနဲ့ခပ်ဖွဖွနမ်းရတဲ့အနမ်းမျိုးပါ။ ဒီလိုနမ်းနေရင်းနဲ့ နားသီးကိုလျှာနဲ့ ဆော့ကစားတဲ့အခါမှာတော့ သွေးဆူပြီး ချစ်စိတ်ကြွလာတတ်ပါတယ်။ ယောကျ်ားလေးအများစု နမ်းလေ့ရှိပါတယ်။


၇။ လိပ်ပြာအနမ်း






မြန်မာမှာတောင် မျက်လုံးချင်းစကားပြောနေပြီဆိုတဲ့ သီချင်းလေးရှိပါတယ်။ လိပ်ပြာအနမ်းဆိုတာ ချစ်သူနှစ်ဦး မျက်နှာချင်းအပ်ပြီး မျက်တောင်လေးတွေကို တစ်ခုနဲ့တစ်ခုထိကပ်နေရင်းနဲ့အနမ်းပဲဖြစ်ပါတယ်။ လိပ်ပြာဆိုတာက ဝိညာဉ်လိပ်ပြာ (Soul) ကို ဆိုလိုတာမဟုတ်ဘဲ ချစ်စဖွယ်တိရစ္ဆာန် လိပ်ပြာလေးတွေကို ဆိုလိုတာဖြစ်ပါတယ်။


၈။ စပိုက်ဒါမင်းအနမ်း






တိုဘီမက်ဂွီးနဲ့ ခါစတန်ဒန့်စ်တို့တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Spider Man ဇာတ်ကားထဲကအနမ်းဇာတ်ဝင်ခန်းကနေ ပေါက်ဖွားလာတဲ့အနမ်းဖြစ်ပါတယ်။ သာမန်လူတွေအဖို့တော့ စပိုက်ဒါမင်းလို ဇောက်ထိုးမနေတတ်တော့အိပ်ရာ ပေါ်မှာ လဲှရင်း နမ်းတာက ပိုအဆင်ပြေပါလိမ့်မယ်။


၉။ ဇိဝှာအနမ်း






ဒီအနမ်းမျိုးကတော့ နှုတ်ခမ်းသားနယ်နိမိတ်ကိုကျော်ပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ နူးညံ့တဲ့လျှာသားလွှာချင်းပါ ထိတွေ့နမ်းတဲ့အနမ်းမျိုးပါ။ လျှာချင်းချစ်မှုပြုရင်း တတ်နိုင်သလောက်အနမ်းရဲ့သက်တမ်းကိုအချိန်ဆွဲခြင်းဖြင့် ဆွဲဆန့်ပြီး ကြာလေချစ်ရမ္မက်စိတ်ကို ပိုနှိုးဆွလာစေပါတယ်။


၁၀။ ပါးအနမ်း






ရိုးရှင်းပြီးအခြားနက်ရှိုင်းတဲ့အဓိပ္ပာယ်တွေမပါပါဘူး။ သူငယ်ချင်းချင်း၊ မိတ်ဆွေချင်း၊ ခင်မင်သူချင်း ခင်မင်မှု၊ နှစ်လိုမှုနဲ့ လေးစားအသိအမှတ်ပြုမှုကို ဖော်ကျူးတဲ့အခါ နမ်းလေ့ရှိကြပါတယ်။


၁၁။ နှုတ်ခမ်းနီအနမ်း






ဒီအနမ်းက ပျော်ရွှင်ကျေနပ်မှုနဲ့ သန့်ရှင်းစွာနမ်းလိုတဲ့ စိတ်အလိုကို ကိုယ်စားပြုပါတယ်။ နှုတ်ခမ်းပေါ်မှာ နှုတ်ခမ်းနီဆိုးထားပြီး နမ်းတဲ့အခါ နှုတ်ခမ်းဆီ(နှုတ်ခမ်းနီ)လေးတွေ တစ်လွှာနဲ့တစ်လွှာ ထိတွေ့မှုက တစ်ယောက်ရဲ့နှုတ်ခမ်းပေါ်က နှုတ်ခမ်းဆီဟာ တစ်ယောက်ရဲ့နှုတ်ခမ်းဆီထံကို ကူးဆက်သွားပြီး မွှေးပျံ့တဲ့ရနံ့နဲ့အရောင်လေးတွေ ကူးလူးဖလှယ် ဝတ်မှုန်ကူးကြမှာဖြစ်ပါတယ်။


၁၂။ ဝှက်ဖဲအနမ်း






Secret Message Kiss လို့ ခေါ်လေ့ရှိပါတယ်။ ဒီအနမ်းဟာအနမ်းမမြောက်တဲ့အနမ်းလောင်းဘဝနဲ့ စိတ်ကူးအိပ်မက်ချင်း နှိုးဆွပေးခြင်းပဲဖြစ်ပါတယ်။ ချစ်သူချင်း မနမ်းခင်မှာ ချစ်ရမ္မက်စိတ်တွေ နှလုံးအိမ်မှာ ဖြစ်တည်လာနေပြီဆိုတာကို တစ်ဖက်လူ ရဲ့ နှုတ်ခမ်းနဲ့အနီးဆုံးထိလုနီးပါးအထိ ပူးကပ်သွားပြီး သင့်ရဲ့အချစ်ပီယမက်ဆေ့လေးတွေ ပေးပို့ဆက်သွယ်လို့ ရပါတယ်။


၁၃။အိမ်မြှောင်အနမ်း






အိမ်မြှောင်မျိုးနွယ်သတ္တဝါတွေရဲ့လျှာတွေကို မြင်ဖူးကြမှာပါ။ ချစ်သူနဲ့နမ်းနေချိန်မှာ ကိုယ့်လျှာကိုအပြင်ထုတ်လိုက်၊အထဲပြန်သွင်းလိုက်နဲ့ ချစ်စိတ်ကိုဆက်လက်တည်တံ့စေနိုင်ပါတယ်။ လျှာကိုကစားတာမြန်လေ ချစ်စိတ်ပိုရုန်းကြွလေပါပဲ။


၁၄။ မွမွအနမ်း






ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ နှုတ်ခမ်းချင်းထိကပ်မနမ်းချင်တဲ့အခါ၊ နမ်းလို့မရတဲ့အခြေအနေမျိုးမှာ မွမွလို့အသံထွက်ရင်း နှုတ်ခမ်းစူပြီး နမ်းတဲ့ဟန်လုပ်ပြလေ့ရှိပါတယ်။ ဒါဟာ မွမွအနမ်းပါပဲ။


၁၅။အိန်ဂျယ်အနမ်း






ချစ်သူနတ်သမီးလေးက သူ့ချစ်သူကိုအိပ်ရာဝင်ပုံပြင်တွေပြောပြတော့မယ့်အချိန်မျိုးမှာ နမ်းလေ့ရှိတဲ့အနမ်းမျိုးပါ။ ချစ်သူရဲ့ မျက်တောင်လေးကို ဖွဖွလေးနမ်းပြီး ပြုံးရယ်လိုက်တဲ့အခါ ကိုယ်ဟာ ချစ်သူရဲ့ နှာငွေ့ထဲအသက်ဓာတ် မှုတ်ထည့်ပေးလိုက်တဲ့အိန်ဂျယ်တစ်ပါးဖြစ်သွားတယ်လို့ပဲ ဆိုရမှာပါ။


၁၆။အနမ်းနဲ့အကိုက်






ကိုက်တယ်ဆိုပေမဲ့ Bite ဆိုတာထက် Nibble ဖွဖွကိုက်တယ်ဆိုတဲ့သဘော ပိုဆောင်ပါတယ်။ ချစ်သူရဲ့ မျက်နှာပြင် ပေါ်မှာ ကိုယ့်အနမ်းဖြစ်တည်ရာနေရာကစလို့ နှုတ်ခမ်းနဲ့မျက်နှာပြင်နေရာတွေကို ခပ်ဖွဖွကိုက်ရင်း နမ်းတဲ့အနမ်းဖြစ်ပါတယ်။ ဒီလို နမ်းတဲ့အခါ နှုတ်ခမ်းလွှာနှစ်ချပ်ကို ဖွင့်ဟထားဖို့တော့ လိုပါတယ်။


၁၇။ လည်တိုင်အနမ်း






ရွှေလည်တိုင်အနမ်းကတော့ တစ်သားတည်းဖြစ်မှု၊ ချစ်စိတ်နိုးထမှုနဲ့အချစ်ရဲ့အခြား Etc များကို ကိုယ်စားပြုပါတယ်။




Some text some message..