အသက် (၃၀) ကျော်လာချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့်မေးခွန်းများ
lifestylemyanmar.com
|
2022-12-14

လူ့သက်တမ်းရဲ့ ၃ ပုံတစ်ပုံဖြစ်တဲ့ အသက် ၃၀ အရွယ်ကစပြီး ဘဝမှာ နေမှုထိုင်မှုပုံစံတွေ ပြောင်းလဲလာတတ်ပါတယ်။ လူနေမှု ပုံစံပြောင်းလဲတာနဲ့အတူ ကိုယ့်ရဲ့ ကျန်းမာရေးဟာလည်း အမြဲတမ်း စာမေးပွဲစစ်သင့်တဲ့ အချိန်ကို ရောက်လာပြီ ဖြစ်ပါတယ်။

ဝနေပြီလား

လူလတ်ပိုင်းကို အကူးမှာ ကိုယ့်အရပ်အမောင်းနဲ့ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်ထက် ပိုပြီး ဝနေပြီဆိုရင် သွေးတိုး ၊ နှလုံးလို ရောဂါဆိုးကြီးတွေ ဝင်လာအောင် ဖိတ်ခေါ်နေသလို ဖြစ်တတ်ပါတယ်။ ဒီတော့ ဝိတ်မတက်အောင် အစားအသောက် အနေအထိုင်ကို ဂရုစိုက်ဖို့လိုပြီ ဖြစ်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး Gym ကို ၃-၄ ခေါက်သွားပြီး တစ်ကြိမ်မှာ အနည်းဆုံး ၄၅ မိနစ် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။


သောက်တာ သိပ်များနေပြီလား

အရက်ကို ဘယ်အချိန်က စပြီး သောက်ဖြစ်ခဲ့သလဲက စလို့ ကိုယ့်ကိုယ်ကို ပြန်မေးသင့်ပါတယ်။ အခုဘယ်လို သောက်နေတာလဲ။ ဘယ်လောက်တောင် သောက်ဖြစ်နေလဲ။ ဒါတွေဟာ ကိုယ့်ရဲ့ ကြီးပွားရေးနဲ့ ကျန်းမာရေးကို ဘယ်လောက် ထိခိုက်လာနေပြီလဲဆိုတာဟာ မဖြစ်မနေ မေးသင့်တဲ့ မေးခွန်းတွေပါ။ အပျော်အဖြစ် သောက်ခဲ့တဲ့ အရက်ကြောင့် ဘဝပျက်မှာကိုတော့ ရှောင်ရတော့မှာပါ။

ဖိအားဒဏ် ဘယ်လောက်ခံနေရပြီလဲ

အသက် ၃၀ ဟာ အလုပ်နဲ့ အကိုင်နဲ့ အခြေတကျ ဖြစ်နေတဲ့ အချိန်ပါ။ အလုပ်ဟာ ဒီအချိန်မှာ ပိုက်ဆံအပြင် ဖိအားပါ ပေးတော့မှာပါ။ ဒီဖိအားတွေကြောင့် ကိုယ့်မှာ ထိန်းချုပ်ရခက်ခဲနေပြီလားဆိုတာကို ဆန်းစစ်သင့်ပါတယ်။ ဖိအားကို တိုက်ဖျက်နိုင်ဖို့ တရားထိုင်တာ ၊ ယောဂလေ့ကျင့်တာတွေကို နေ့စဉ် အချိန်ဇယားနဲ့ ပုံမှန် လုပ်သွားသင့်ပါတယ်။


တစ်နေ့ကို ဖုန်းဘယ်လောက် သုံးဖြစ်လဲ

စီးပွားရေးလုပ်နေတာမှ မဟုတ်ရင် ဖုန်းကို ဖျော်ဖြေရေးအနေနဲ့ အချိန်အများကြီး ပေးပြီး မသုံးသင့်ပါဘူး။ ဖုန်းသုံးတာ များလေလေ ငယ်ငယ်ရွယ်ရွယ်နဲ့ အဝေးမှုန်ဖို့ အလားအလာ များလေလေပါပဲ။ ဒီမေးခွန်းတွေအပြင် ပုံမှန်ဆေးစစ်တာလုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် အနေအထိုင် ပုံစံ လုပ်ဖြစ်သလားဆိုတာကိုပါ ကိုယ့်ကိုယ်ကို မေးနေသင့်ပါတယ်။

အိပ်မပျော်တာ များနေပြီလား

ဘာကြောင့် အိပ်မပျော်တာလဲဆိုတာကလည်း မေးသင့်တဲ့ ကျန်းမာရေး မေးခွန်းပါ။ အိပ်မပျော်တဲ့ညတွေ များလာရင် ကျန်းမာရေးဟာ အနုတ်လက္ခဏာဘက်ကို ရောက်သထက် ရောက်လာပါလိမ့်မယ်။ အသက် ၃၀ ဆိုတာ လုပ်နိုင်ကိုင်နိုင်စွမ်းအား မြင့်နေတဲ့ အချိန်ပါ။ ဒီအချိန်မှာ ကျန်းမာရေးအတွက် ပြဿနာဖြစ်နိုင်တာတွေကို သတိထားသင့်ပါတယ်။


Lifestyle_Myanmar

ref-askmen




Some text some message..