
ဝက်ခြံဆိုတာ လူတိုင်းကို စိတ်ဒုက္ခပေးတတ်တဲ့ အရာတွေထဲက တစ်ခုပါ။ ဝက်ခြံက ခန္ဓာကိုယ်မှာ ပေါက်တတ်တယ်ဆိုပေမယ့် မျက်နှာမှာထွက်တဲ့ ဝက်ခြံတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးတာတွေ ဖြစ်ရတာပါ။ ဒီလိုတွေမဖြစ်ရလေအောင် အလှကြိုက်တဲ့ လေဒီလေးတွေအတွက် အတတ်နိုင်ဆုံး ဝက်ခြံမထွက်အောင် ဒီ နည်းလမ်းလေး (၃) ခုက ကူညီပေးပါလိမ့်မယ်နော်။
မျက်နှာကိုပုံမှန်သစ်ပါ။

မျက်နှာကိုမနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်သစ်ဖိုလိုအပ်ပါတယ်။အပြင်က ပြန်လာပြီး ဘယ်လောက်ပင်ပန်းပင်ပန်း မျက်နှာကိုတော့ ရအောင် သစ်သင့်ပါတယ်။ ဒါအပြင် အစိုဓာတ်ကလေးကျန်ခဲ့ပြီး မျက်နှာခြောက်သွေ့မသွားစေတဲ့မျက်နှာသစ်ကောင်းကောင်းလေးသုံးပေးသင့်ပါတယ်။
Chemical နည်းတဲ့ Skin care တွေ သုံးပါ။

ဝက်ခြံထွက်တယ်ဆိုကတည်းကကို Skin က sensitive ဖြစ်နေတာမို Chemical ပါဝင်မှုများတဲ့ SkinCare တွေကို ရှောင်သင့်ပါတယ်။ ဒါကြောင့် သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ Skincare လေးတွေ နေ့စဉ်သုံးပြီး အသားရည်ထိန်းသိမ်းပါ။
အချိန်မှန်အိပ်ပါ။

အသားအရေကိုထိန်းသိမ်းတဲ့နေရာမှာအိပ်ရေးဝအောင် အချိန်မှန်ပြီး အိပ်ဖိုလည်း လိုအပ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ၈နာရီ ပြည့်အောင် အိပ်သင့်ပါတယ်။
ဒါ့အပြင်ဝမ်းမှန်အောင် အသီး အရွက်များများစားပါ။ အပူ၊ အစပ်နဲ့ အငံတွေ အချိုမှုန့်တွေ လျော့စားမယ်ဆိုရင်တော့ ဝက်ခြံကင်းစင်တဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။