ထမင်းစားပြီး ရေချိုးသင့်လား
mmload.com
|
2023-01-23

မြန်မာတွေရဲ့ရှေးရိုးအစဉ်အလာ စကားတွေအရ  “ထမင်းစားပြီးချက်ချင်းရေမချိုးနဲ့နော်”ဆိုတဲ့စကားကို လူတိုင်းငယ်ငယ်ကတည်းက ရင်းနှီးကြမယ်လို့ ထင်ပါတယ်။ အဲဒီလိုဘာလို ပြောကြတာလဲဆိုတာ တကယ်တော့အကြောင်းအရင်းရှိပါတယ်။


ထမင်းစားပြီးချက်ချင်းရေချိုးလိုက်မယ်ဆိုရင်ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ ရေချိုးပြီးတဲ့နောက်မှာ ခန္ဓာကိုယ်အေးသွားတာနဲ့ အစာခြေဖျက်ဖိုအတွက် သတ်မှတ်ထားတဲ့အပူချိန်ကိုထိန်းဖိုခက်ခဲသွားပါတယ်။ရလဒ်အနေနဲ့ အစာခြေတာကို အကူညီပေးတဲ့ သွေးက အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုစီးဆင်းနေတဲ့အတွက် အစာခြေဖျက်တဲ့ဖြစ်စဉ်က နှေးသွားပါတယ်။



နေလိုထိုင်လိုမကောင်းတာ၊အစာအိမ်အချဉ်ပေါက်တာတွေလည်းဖြစ်စေနိုင်ပါတယ်လိုသိရပါတယ်။ သင်ကထမင်းစားပြီး ရေချိုးမယ်ဆိုရင်တောင် အနည်းဆုံး ၂နာရီ ကနေ ၃ နာရီကြာမှ ရေချိုးသင့်ပါတယ်။





Some text some message..