ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်တွေရဲ့ အဓိပ္ပာယ်
lotaya.mpt.com.mm
|
2023-01-28

လူတိုင်း ထူးဆန်းတဲ့ အိပ်မက်တွေ မက်ဖူးကြမယ်လို့ ထင်ပါတယ်။ ဒီလို အိပ်မက် အိပ်မက်တွေတိုင်းမှာ သူနဲ့ဆိုင်တဲ့ အဓိပ္ပာယ်လေးတွေ ရှိတက်ကြပါတယ်။

အောက်မှာ လူတော်တော်များများ အမက်များတဲ့ အိပ်မက်တချို့နဲ့ အဓိပ္ပာယ်လေးတွေကို ပြောပြပေးထားတာမို့လို့ ကိုယ်မက်တဲ့ အိပ်မက်က ဘာကို ဆိုလိုတာလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အောက်မှာ ဆက်လက် ဖတ်ပေးကြဦးနော်။


1.အိပ်မက်ထဲမှာ သွားကျိုးခြင်း

ဒီအိပ်မက်ကို လူတိုင်းနီးပါး မက်ဖူးကြမယ်ထင်ပါတယ်။ ဒီလိုမျိုး အိပ်မက်ထဲမှာ သွားကျိုးတယ်ဆိုတာက ကိုယ်ရဲ့ အသွင်အပြင် ဒါမှမဟုတ် အခြားသူတွေက ကိုယ့်အပေါ် ဘယ်လိုမြင်လဲဆိုတာကို စိုးရိမ်ပူပန်ခြင်းကနေ စတယ်လို့လည်း ပြောကြပါတယ်။ နောက်တစ်ခုကတော့ သွားကျိုးတယ်ဆိုရင် စကားပြောတဲ့နေရာမှာ အနည်းနဲ့ အများ ခက်ခဲမှုတွေ ရှိလာပါတယ်။ ဒါကြောင့် ဒီလိုမျိုး အိပ်မက်မက်တယ်ဆိုရင် သင်က အခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့ အခါမှာ အခက်အခဲရှိနေတာတို့ ကိုယ့်ရဲ့ ပုံစံအမှန်ကို ထုတ်ဖော်ပြဖို့ ဝန်လေးနေတာတို့ကြောင့်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

2.အိပ်မက်ထဲမှာ ထွက်ပြေးနေရခြင်း

ဒီလိုမျိုး အိပ်မက်ထဲက အကြောင်းအရင်းသေချာမရှိဘဲ ပြေးနေရတာမျိုးက သင်က လက်တွေ့မှာလည်း ရင်ဆိုင်ရမှာ ကြောက်ရွံ့နေတဲ့ အရာကနေ ထွက်ပြေးနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။





3.အိပ်မက်ထဲမှာ စာမေးပွဲဖြေရမှာကို စာမရခြင်း

ဒါကတော့ စိတ်ဖိစီးမှုတွေများနေတဲ့ လူငယ်တွေနဲ့ ကလေးတွေမှာ အမက်များတဲ့ အိပ်မက်တစ်ခုပါ။ဒီလို စာမေးပွဲနဲ့ဆိုင်တဲ့ အိပ်မက်တွေက အခြားသူတွေနဲ့မဆိုင်ဘဲ လက်တွေ့မှာ ကိုယ်ကိုယ်တိုင်က confident မရှိတာတွေကြောင့် ဖြစ်ပါတယ်။ဒါကလည်း လူ ၅ ယောက်မှ ၁ ယောက်ကတော့ အနည်းဆုံးကြုံဖူးကြတဲ့ အိပ်မက်ပဲ ဖြစ်ပါတယ်။


4.အိပ်မက်ထဲမှာ အမြင့်တစ်နေရာကနေ ပြုတ်ကျခြင်း

ဒီ အိပ်မက်ကတော့ လက်တွေ့ဘဝက ကိစ္စတစ်ခုက ကိုယ်ထင်ထားသလို မဖြစ်လာလို့ စိတ်ဖိစီးမှုရတာကနေ ဖြစ်လာတတ်ပါတယ်။နောက်တစ်ခုကတော့ ကိုယ်က ရေထဲကို ပြုတ်ကျတာဆိုရင် ဒါဟာ တစ်စုံတစ်ယောက်က ကိုယ့်အပေါ်မှာ ပြင်းထန်တဲ့ ခံစားချက်ရှိနေတာကြောင့်လို့လည်း ပြောလို့ရပါသေးတယ်။


5.အိပ်မက်ထဲမှာ နောက်ကျခြင်း

ဒီလိုမျိုး အိပ်မက်ထဲမှာ နောက်ကျတယ်ဆိုတာက လက်တွေ့ဘဝမှာ ရင်ဆိုင်ရမယ့် အရာတစ်ခုအပေါ် စိတ်ပူပန်နေလို့ပဲ ဖြစ်ပါတယ်။နောက်ပြီး ကိုယ်က တစ်ခုခုလုပ်ဖို့ အချိန်နောက်ကျသွားခဲ့ပြီလို့ ထင်တာကြောင့်လည်းပါပါတယ်။ ဒါကြောင့် ဘဝမှာ ကိုယ်လုပ်ချင်တဲ့အရာကို လုပ်ဖို့ ဘယ်တော့မှ မနောက်ကျဘူးလို့ မသိစိတ်က ပြောနေတာလည်း ဖြစ်ပါတယ်။

#dreamsmeaning #winterdreams #facts

(Akhayar Lifestyle)




Some text some message..