
ဒီနေ့မှာတော့ Jogging လုပ်ခြင်းကနေ ဘယ်လိုမျိုး ကျန်းမာရေးကို ကောင်းကျိုးတွေရရှိနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
Jogging လုပ်တာက လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခုအပြင် တစ်ကယ်လည်း ကောင်းကျိုးတွေများတာကြောင့် နာမည်ကြီးတဲ့ Physical exerciseတစ်ခုပဲ ဖြစ်ပါတယ်။

ဒါဆို Jogging လုပ်ခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်လဲ
-အရိုးအဆစ်တွေ သန်မာလာအောင် အထောက်အကူပြုတယ်
-ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းပေးတယ်
-အဆီပိုတွေ လျှော့ချတဲ့နေရာမှာ အကူအညီပေးတယ်
-ကယ်လိုရီတွေ လောင်ကျွမ်းစေတယ်
ဒီလို လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးခြင်းက ကိုယ့်ရဲ့ စိတ်ကျန်းမာရေး,ယုံကြည်မှု, ကျန်းမာရွှင်လန်းတဲ့ ဘဝတွေ အပေါ်မှာလည်း တိုးတက်မှုဖြစ်စေပါတယ်။

ဆောင်ရန်ရှောင်ရန်အချက်တွေ
-အစားပုံမှန်စားပေးပါ
-အစာစားပြီး ချက်ချင်း မပြေးပါနဲ့
-နွေရာသီလို အရမ်းပူတဲ့ နေ့တွေမှာ ပြေးခြင်းကို ရှောင်ပါ
-ရေများများသောက်ပါ
ကဲ ဒါဆိုရင်တော့ Jogging လုပ်ခြင်းကနေ ရရှိနိုင်တဲ့ ကောင်းကျိုးတွေအပြင် ဆောင်ရန်ရှောင်ရန်တွေအထိပြောပြပေးလိုက်ပြီမလို့ ကျန်းမာရွှင်လန်းတဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်ဖို့ ဒီလိုမျိုး လွယ်ကူတဲ့ လေ့ကျင့်ခန်းလေးကို လုပ်ကြည့်ကြပါလို့ ပြောချင်ပါတယ်။
#Jogging #benefitsofJogging #whyjogging #exercises #healthylife
(Akhayar Lifestyle)