Lotayamm

အိမ်တွင်းမှုရေးရာ တိုတိုထွာ ထွာ
sundaymyanmar.com
|
2018-12-31



Microfiber ဆိုဖာတွေကို ဒီလိုသန့်ရှင်းမယ်။

Microfiber ဆိုဖာတွေဟာ လှပေမယ့် ညစ်ပတ်လွယ်ပါတယ်။ သူ့ကိုလွယ်ကူ စွာသန့်ရှင်းပေးနိုင် မယ့် နည်းလမ်းကတော့ ဆပ်ပြာ မှုန့်နဲ့ အရက်ကို နည်းနည်းရောပြီး ညစ်ပတ်နေတဲ့ ဆိုဖာပေါ် ဘရက်ရှ် နဲ့ပွတ်လိုက်ပါ။ အချိန်တိုအတွင်း ဆိုဖာအသစ် တိုင်း ပြန်ဖြစ်သွားတာ တွေ့ရပါလိမ့်မယ်။

ကြွေပြားတွေကို ဘယ်လို တိုက်ချွတ်မလဲ

နေ့တိုင်းရေနဲ့ထိတွေ့နေတဲ့ ကြွေပြားတွေဟာလည်း ညစ်ပတ် ပြီး အဝါရောင်တွေစွဲသွားမှာပါပဲ။ ညစ်ပတ်တဲ့အဝါရောင်တွေကို တိုက်ချွတ်ဖို့ ရှာလကာရည်နဲ့ မုန့် ဖုတ်ဆော်ဒါမှုန့်ကို ရောပြီး ဘရက် ရှ်နဲ့ တိုက်ပေးပါ။ မိနစ် ၃၀ ကြာ ထားပြီးတာနဲ့ ရေဆေးချလို့ရပါပြီ။


အမှိုက်အိတ်သုံးခြင်း အကျိုး ကျေးဇူး

အခြားအိတ်တွေ လျှောက်သုံး မယ့်အစား အမှိုက်ထည့်ဖို့ သီးသန့် ထုတ်ထားတဲ့ အမှိုက်အိတ်တွေက သင့်ကို အချိန်ပိုလည်း ထွက်စေ သလို သယ်ရလွယ်ကာ ပတ်ဝန်း ကျင်ကိုလည်း ထိခိုက်မှုနည်းစေပါ တယ်။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..