Fasting လုပ်တယ်ဆိုတာ ဘာကိုပြောချင်တာလဲ
lotaya.mpt.com.mm
|
2023-02-25

Fasting လုပ်တယ်ဆိုတာ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာအတွင်းမှာ အစာလုံးဝမစားပဲ နေခြင်းကို ဆိုလိုတာပဲဖြစ်ပါတယ်။ ဒါက ပုံမှန် ၁၂နာရီကနေ ၂၄ နာရီအထိကြာနိုင်ပြီး တစ်ခါတစ်လေကြရင်လည်း ရက်အနည်းငယ်ကြာနိုင်ပါတယ်။ ဒီလိုမျိုး Fasting လုပ်နေတဲ့အချိန်မှာ လုံးဝမစားတာမျိုးလည်း ရှိသလို ရေ / လက်ဖက်ရည် ဒါမှမဟုတ် snack လိုမျိုး အနည်းငယ်စားနိုင်ပါတယ်။


အရင်ဆုံးလူတွေက Fasting လို့ကြားလိုက်ပြီဆိုတာနဲ့ ဒါက ဝိတ်ချဖို့ သီးသန့်အတွက် သုံးတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် Fastingလုပ်ခြင်းက ကိုယ့်ရဲ့ ကိုလက်စထရော ပမာဏကို ထိန်းညှိပေးတဲ့အပြင် သွေးဖိအားနဲ့ အခြား ကျန်းမာရေးအတွက် လိုအပ်တဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါတယ်။

အစပိုင်းမှာတော့ ဗိုက်ဆာတာကို တော်တော်ခံရမှာဆိုပေမယ့် တစ်ခါနှစ်ခါလောက်လုပ်ပြီးပြီဆိုရင်တော့ အသားကျသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်မှာ အခြား ပြင်းထန်တဲ့ ရောဂါအခံရှိတယ်ဆိုရင်တော့ ဆရာဝန်သေချာတိုင်ပင်ကြည့်ပြီးမှ လုပ်ကြည့်ကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။


ကိုယ်က ည၈နာရီမှာ ညစာစားလို့ပြီးတယ်ဆိုရင် နောက်နေ့မနက် ၈နာရီထိ ဘာမှမစားဖူးဆိုရင် ဒါက ကိုယ်က ၁၂နာရီထိ Fasting လုပ်ပြီးတာဖြစ်ပြီး နေ့လည် ၁၂ နာရီအထိပဲ မစားပဲနေမယ်ဆိုရင် အားလုံးပေါင်း၁၆နာရီကြာအောင် Fasting လုပ်ပြီးတာပဲ ဖြစ်ပါတယ်။


နောက်ပြီးFasting period ပြီးသွားရင် ကိုယ်စားချင်တာကို စားလို့ရတယ်ဆိုပေမယ့် အဆီအစိမ့်အစားအသောက်တွေကို တက်နိုင်သလောက် ရှောင်ပြီး အသီးအနှံလိုမျိုး အစားအသောက်တွေကို များများစားကြဖို့ကိုလည်း သတိထားစေချင်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်ကို ပုံမှန် detox လုပ်ချင်တဲ့ သူတွေပဲဖြစ်ဖြစ် ဝိတ်ကျအောင် လုပ်ချင်တဲ့သူတွေအတွက်ပဲ ဖြစ်ဖြစ် Fasting လုပ်တာက ကျန်းမာရေးအတွက်လည်း အကျိုးရှိတာမို့လို့ ဒီနည်းလမ်းလေးကို အသုံးပြုကြည့်ဖို့ အကြံပေးချင်ပါတယ်။

#fasting #whyfasting #healthylife #habit #detoxing #body 

(Akhayar Lifestyle)




Some text some message..