စိတ်မကြည်ဖြစ်နေတဲ့ ရည်းစားကို ဘယ်လိုကိုင်တွယ်ဖြေရှင်းလို့ရလဲ
lotaya.mpt.com.mm
|
2023-03-11

တစ်ခါတလေ ကိုယ့်ရည်းစားနဲ့ တွေ့ရတော့မယ်ဆိုလို့ ပျော်ပြီး သွားတွေ့အချိန်မှာ တစ်ဖက်လူက စိတ်မကြည်ဖြစ်နေတဲ့ အပြင်ကိုယ်နဲ့ energy မကိုက်လို့ စိတ်မကောင်းဖြစ်ရတဲ့ အချိန်တွေ ရှိတတ်ကြတယ်မလား?

လူတိုင်းမှာ မပြောပြချင်တဲ့ အကြောင်းအရာ ဒါမှမဟုတ် စိတ်ညစ်စရာတွေဆိုတာ ရှိတတ်တာမို့လို့ အဲ့လိုအချိန်မှာ ကိုယ့် ပါတနာကို ဒီလိုဖြစ်ရကောင်းလားဆိုပြီး စိတ်ဆိုးတာမျိုးတွေ မလုပ်မိဖို့ကလည်း အရေးကြီးပါတယ်။ဒါကြောင့် ဒီလို အခြေအနေတွေကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ tips လေးတွေ ပြောပြပေးထားတာမို့လို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်လက် ဖတ်ပေးကြပါဦးနော်။

၁.အပြစ်မတင်ပါနဲ့

ဒီအချက်က တစ်ကယ်ကို အရေးကြီးပါတယ်။ တစ်ဖက်လူက စိတ်ညစ်နေချိန်မှာ ကိုယ်ပျော်သလို မပျော်ပေးနိုင်တဲ့ အချိန်တွေရှိတဲ့ အခါကြ ဒါကို သွားပြီး အပြစ်တင်တာမျိုးမလုပ်သင့်ပါဘူး။ သူ့ဘေးနားမှာနေပြီး အားပေးတာမျိုး ပြောစရာလူလိုရင် ကိုယ့်ကို ပြောပြအောင် စတဲ့ စကားမျိုးတွေ များများပြောပေးဖို့က အရမ်းကို အရေးကြီးပါတယ်။


၂.စကားပြောပေးနေပါ

ကိုယ့်ရဲ့ partner စိတ်ညစ်နေတဲ့ အချိန်မှာ ဘေးကနေ သူပြောပြလာအောင် ဖြေးဖြေးချင်းဆီ ပြောပေးပါ။ ဒါမှမဟုတ်လည်း ဒီအကြောင်းအရာကြီးကို ခဏမေ့သွားအောင် အခြား ပျော်ဖို့ ကောင်းတဲ့ အကြောင်းအရာလေးတွေ ပြောပေးတာမျိုးကိုလည်း လုပ်ပေးသင့်ပါတယ်။

၃.စိတ်ရှည်ပါ

ကိုယ့်မှာလည်း ဒီလိုမျိုးmood မကောင်းတဲ့ နေ့တွေ အချိန်တွေရှိတတ်တာကြောင့် ကိုယ့်ပါတနာ အလှည့်ကြရင်လည်း စိတ်ရှည်ပြီး သူတို့ဘက်က ပြောလာတဲ့ အထိ စိတ်ရှည်ပြီး စောင့်ပေးပါ။ မပြောရကောင်းလား ဆိုပြီး တစ်ဖက်လူကို ခဏခဏ မေးတာမျိုးက ပိုပြီး စိတ်ရှုပ်သွားစေတာမို့လို့ ဒီ အချက်ကိုလည်း သတိထားပေးဖို့ လိုပါတယ်။

၄.ကိုယ့်ရဲ့ ခံစားချက်ကို ထုတ်ပြောပါ

နောက်ထပ်အရေးကြီးတာ တစ်ခုက ကိုယ့်ရဲ့ ပါတနာ mood မကောင်းတာဟာ ကိုယ့်ကြောင့် မဟုတ်ဘူးဆိုတဲ့ အချက်ကိုလည်း သိရပါမယ်။ တစ်ဖက်လူက အမြဲmood မကောင်းဖြစ်နေတတ်ပြီး ကိုယ့်ကို အချိန်ကြာတဲ့ အထိ ကောင်းကောင်းမဆက်ဆံဘူး နာကျင်ရမယ့် စကားလုံးတွေပါ ပြောလာပြီဆိုရင် ကိုယ့်ဘက်ကလည်း ဘယ်လိုခံစားနေရတယ်ဆိုတဲ့ အချက်ကို ထုတ်ပြောပါ။ အမြဲတမ်းကြီး သည်းခံနေပြီး ကိုယ့်အမှားကြီးလို ခံစားနေဖို့ မလိုပါဘူးနော်။

၅.ဘာမှမလုပ်ပါနဲ့

ဒီလို အခြေအနေတွေမှာ ဘာမှမလုပ်တာကလည်း တစ်ခါတလေ ကောင်းတဲ့ အချက်တစ်ခုလို့ ပြောလို့ရပါတယ်။ ကိုယ့်ပါတနာက တစ်ယောက်တည်းနေဖို့ လိုနေတယ်ဆိုရင် သူ့ကို တစ်ယောက်တည်းနေဖို့ အချိန်ပေးလိုက်ပါ။ ဒီနေရာမှာ ပစ်ထားဖို့ ပြောတာမဟုတ်ဘူးနော်။ဘေးကနေတော့ အမြဲတမ်း အားပေးနေဖို့ အဆင်ပြေလားဆိုပြီးတော့ မေးပေးနေပါ။

#akhayarlifestyle




Some text some message..