မကောင်းတဲ့စိတ်ခံစားချက်နဲ့အတွေးတွေကို ဖယ်ရှားပေးနိုင်မယ့်အချက် ၅ ချက်
mystylemyanmar.com
|
2023-03-17

မကောင်းတဲ့ စိတ်ခံစားချက်တွေ ဝင်နေရင် ပျော်စရာရှိရင်တောင် အပြည့်အဝမပျော်ရွှင်နိုင်တော့ စိတ်ညစ်ရပါတယ်။ အမြဲတမ်း စိတ်ထိုင်းမှိုင်းပြီး ပူလောင်နေရပါတယ်။ ဒါကြောင့် မကောင်းတဲ့စိတ်ခံစားချက်နဲ့ အတွေးတွေကို ဖယ်ရှားပေးနိုင်မယ့်အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။

တရားထိုင်ပါ


တရားထိုင်တာက မကောင်းတဲ့ စိတ်ခံစားချက်နဲ့အတွေးတွေကို ကောင်းကောင်း ထိန်းချုပ်ပေးနိုင်ပါတယ်။ စိတ်ကြည်လင်ပြီး စိတ်ချမ်းသာစေပါတယ်။ စိတ်ပင်ပန်းမှုတွေလျော့ကျစေလို့ မကောင်းတဲ့အတွေးတွေကိုလည်း ဖယ်ထုတ်ပေးပြီးသား ဖြစ်ပါတယ်။

အကောင်းဘက်ကိုပဲတွေးပါ


ဘယ်လောက်ပဲ မကောင်းတဲ့အတွေးတွေ၊ မကောင်းတဲ့စိတ်ခံစားချက်တွေ ရှိနေပါစေ အကောင်းမြင်စိတ်နဲ့ ကြိုးစားပြီး တွေးကြည့်ပါ။ အရာရာကို အကောင်းမြင်စိတ်ထားပြီး ပြောင်းလဲနိုင်ရင် မကောင်းတဲ့ စိတ်ခံစားချက်နဲ့ အတွေးတွေကလည်း အလိုလိုပျောက်သွားမှာပါ။ စိတ်သက်သာရာလည်း ရစေပါတယ်။

စိတ်တည်ငြိမ်စေမယ့်အရာတွေလုပ်ပါ


မကောင်းတဲ့စိတ်ခံစားချက်တွေနဲ့ အတွေးတွေကို ဖယ်ရှားနိုင်ဖို့ဆိုရင် အားနေလို့မရပါဘူး။ အားနေရင် လျှောက်တွေးမိမှာပါ။ ဒါကြောင့် စိတ်တည်ငြိမ်စေမယ့်အရာလေးတွေ ဥပမာ – စာဖတ်တာ၊ ချည်ထိုးတာ၊ ပန်းချီဆွဲတာ စတာတွေကို လုပ်ကြည့်ပါ။

ကိုယ်ပျော်တဲ့အရာတွေကိုလုပ်ပါ


လူတိုင်းက ကိုယ်ပျော်တဲ့အရာကို လုပ်နေရရင် စိတ်သက်သာရာရပြီး ပျော်ရွှင်ရပါတယ်။ စိတ်ပျော်ရွှင်နေတဲ့အတွက် မကောင်းတဲ့ စိတ်ခံစားချက်နဲ့ အတွေးတွေကိုလည်း ဖယ်ရှားပြီးသားဖြစ်ပါတယ်။

စာဖတ်ပါ


စာဖတ်တာက စိတ်တည်ငြိမ်ပြီး အတွေးတွေကိုလည်း ပြောင်းလဲပစ်နိုင်ပါတယ်။ မကောင်းတဲ့ စိတ်ခံစားချက်တွေ၊ အတွေးတွေ အားလုံးကို ဖယ်ရှားပစ်နိုင်ပါတယ်။ အတွေးအခေါ်တွေလည်း ပြောင်းလဲပြီး ရင့်ကျက်လာမှာပါ။ ကိုယ့်အတွက်လည်း အကျိုးရှိစေပါတယ်။




Some text some message..