မြင်မြင်ချင်းအချစ်ကို ဘာကြောင့်ယုံကြည်သင့်လဲ?
mmload.com
|
2023-05-30

လူအများစုကတော့ မြင်မြင်ခြင်းအချစ်ကို တစ်ခဏတာစိတ်လှုပ်ရှားခြင်းအဖြစ်ယူဆပြီးတော့ မယုံကြည်သင့်တဲ့အချစ်အဖြစ်သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေနှင့်ဆက်ဆံရေးကျွမ်းကျင်ပညာရှင်တွေရဲ့လေ့လာချက်အရ ဒီမြင်မြင်ချင်းအချစ်ကိုယုံကြည်သင့်တဲ့ သိပ္ပံနည်းကျအကြောင်းရင်းတွေရှိပါတယ်။


ပထမဆုံးကတော့ လူတွေရဲ့ဦးနှောက်ကထုတ်လွှင့်တဲ့ Dopamine (ဒိုဖာမင်း) ဆိုတဲ့ဓာတ်ကြောင့်ဖြစ်ပါတယ်။ ဒီဓာတ်ဟာကျွန်တော်တို့လူသားတွေပျော်ရွှင်ပြီး စိတ်လှုပ်ရှားတဲ့အချိန်မှာပဲထွက်လာတာဖြစ်ပါတယ်။ လူတစ်ယောက်ကိုပထမဆုံးစတွေ့ကတည်းက ရင်ခုန်ပြီး ဒိုဖာမင်းတွေထုတ်လွှင့်နိုင်တယ်ဆိုတာ အဲ့ဒီ့လူအပေါ်ကို တစ်ကယ်စိတ်ဝင်စားပြီးချစ်နေမိခြင်းကြောင့်သာဖြစ်နိုင်တာဖြစ်ပါတယ်။


ပြီးတော့ ပထမဆုံးအမြင်ရဲ့လွှမ်းမိုးမှုဟာလူတွေရဲ့ဆက်ဆံရေးမှာအရေးအပါဆုံးဖြစ်ပါတယ်။ မြင်မြင်ချင်းလူတစ်ယောက်ကိုသဘောကျပြီး ချစ်မိသွားဖို့ဆိုတာ ပြင်းထန်တဲ့လွှမ်းမိုးမှုရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီလွှမ်းမိုးမှုဟာ ဆက်ဆံရေးတစ်ခုကိုကြာရှည်ခိုင်မာသွားစေနိုင်ပါတယ်။ တက္ကသိုလ်တစ်ခုရဲ့လေ့လာမှုအရ ဒီလိုမြင်မြင်ချင်းအချစ်ကိုတွေ့ရှိခဲ့သူတွေဟာ သူတို့ရဲ့ပါတနာဖြစ်သူနှင့်ပထမဆုံး‌‌စတွေ့ကတည်းက အလိုလိုရင်းနှီးကျွမ်းဝင်မှုတွေရှိနေတတ်ကြတယ်လို့သိရပါတယ်။တစ်ချိူ့ကတော့ အတိတ်ဘဝကရေစက်လိုမျိူးလို့ယူဆကြပါတယ်။


မျက်လုံးတွေဟာ စိတ်ရဲ့ပြတင်းပေါက်လို့ဆိုကြပါတယ်။ ဒီအတိုင်းပဲ မြင်မြင်ချင်းအချစ်တွေဟာ မျက်လုံးချင်းဆုံမှုတွေကနေပဲ တစ်ယောက်ကိုတစ်ယောက်နားလည်ပြီးဖြစ်ပေါ် လာတာဖြစ်ပါတယ်။ လူတွေရဲ့အသိနှင့် လှုပ်ရှားမှုတွေက လိမ်ညာလို့ရနိုင်ပေမဲ့ မျက်လုံးကတော့မလိမ်တတ်တာကြောင့် ဒီအကြည့်တွေကနေစတင်ဖြစ်ပေါ်လာခဲ့တဲ့ အချစ်ကိုအတိုင်းအတာတစ်ခုအထိယုံကြည်လို့ရနိုင်တယ်လို့ ချီကာဂိုတက္ကသိုလ်တစ်ခုရဲ့လေ့လာရေးစာတမ်းမှာဖော်ပြထားပါတယ်။





Some text some message..