အွန်လိုင်းချစ်သူထားခြင်းရဲ့ ဆိုးကျိုးများ
mmload.com
|
2023-06-04

အင်တာနက်နှင့်ပဲ အရာရာကိုလုပ်ဆာင်လာနိုင်တဲ့အချိန်မှာ ချစ်သူထားတာနှင့် အိမ်ထောင်ဖက်တွေရွေးချယ်တာကအစ အွန်လိုင်းကနေပဲတစ်ဆင့်လုပ်ကိုင်လာကြပါတယ်။ ဒီလိုအွန်လိုင်းကနေ ချစ်သူထားတာဟာကောင်းတဲ့အချက်တွေရှိနေပေမဲ့ ကြောက်စရာကောင်းတဲ့ဆိုးကျိုးတွေလည်းအများကြီးရှိပါတယ်။


ဒီလိုအင်တာနက်ကနေတစ်ဆင့် ချစ်သူဖြစ်ခြင်းဟာအပြင်က ကိုယ်ပိုင်ဘဝအချိန်ကိုအများကြီးသက်ရောက်စေပါတယ်။ အင်တာနက်နှင့်ပဲ ယုံကြည်မှုတည်ဆောက်ရတာကြောင့် ချက်ချင်းစာမပြန်တာ ရုတ်တရက်လိုင်းဆင်းသွားတာ စတဲ့ပြဿနာတွေကိုအများကြီးဖြစ်စေပါတယ်။ ဒီလိုပြဿနာအသေးလေးတွေကစပြီး ကြီးကျယ်တဲ့ပြဿနာတွေအထိပါဖြစ်စေပါတယ်။


အပြင်မှာမတွေ့ဖူးရတာကြောင့် ကိုယ်တစ်ကယ်သဘောကျနေတဲ့သူရဲ့ရုပ်ရည်သွင်ပြင် နှင့်စိတ်ထားတွေကို အမှန်အတိုင်းသိနိုင်ဖို့ခက်ခဲပါတယ်။ ဆိုရှယ်မီဒီယာမှာတွေ့ရုံနှင့်အမူအကျင့်တွေကိုသေချာမသိနိုင်တာကြောင့် ဒီလိုအွန်လိုင်းအတွဲတွေဟာကြာရှည်မြဲလေ့လည်းမရှိပါဘူး။ တစ်ချို့အယုံလွယ်သူတွေဆိုရင် အွန်လိုင်းဒိတ်တင်းတွေကနေတစ်ဆင့် ငွေညှစ်ခံရတာ ခြိမ်းခြောက်ခံရတာမျိုးလည်းကြုံတွေ့ရတတ်ပါတယ်။


တစ်ချို့လူတွေအတွက်ဆို အင်တာနက်ချစ်သူတွေကနေတစ်ဆင့် လက်တွေ့ဘဝကိုပါထိခိုက်စေနိုင်တဲ့ အချစ်ရေးဆိုင်ရာမကောင်းတဲ့အတွေ့အကြုံတွေကိုရရှိတတ်ပါတယ်။ သစ္စာဖောက်ခံရတာနှင့် လိမ်လည်ခံရတာမျိုး ကိုအွန်လိုင်းချစ်သူတွေကြားမှာ အများဆုံးတွေ့ရပါတယ်။ အွန်လိုင်းဒိတ်လုပ်ခြင်းဟာ ကောင်းကျိုးတစ်ချို့တော့ရှိပေမဲ့ အချက်အလက်တွေအရတော့ ဆိုးကျိူးတွေကပိုများနေတာဖြစ်ပါတယ်။




Some text some message..