Lotayamm

လိပ္ျပာေလးေတြပ်ံ၀ဲေနတာကုိ မၾကာခဏျမင္ေတြ႔ရတာက ဘယ္လိုအဓိပၸာယ္မ်ိဳးလဲ?
trend.com.mm
|
2019-01-02

လိပ္ျပာေလးေတြက ကမာၻေျမရဲ႔ အလွအပတစ္ခုပါပဲ။အေရာင္စံုလွပေနတဲ႔လိပ္ျပာေလးေတြကုိ ျမင္ေတြ႔ရတာ ၾကည္ႏူးစရာေကာင္းသလုိ တစ္ခိ်ဳ႔လူေတြကေတာ့ ဒီလိပ္ျပာေလးေတြဟာ နတ္သမီးေလးေတြဆီက မက္ေဆ့ခ်္ေလးေတြသယ္ေဆာင္လာေပးတယ္လုိ႔ယံုၾကည္ထားၾကပါတယ္။တစ္ခါတစ္ေလ ကုိယ့္အနားမွာရွိေနတဲ႔အရာေတြက အခ်က္ျပသေကၤတေတြျဖစ္ေပမဲ႔ ေသခ်ာမၾကည့္တဲ႔အခါ မျမင္ႏုိင္ပါဘူး။တကယ္လုိ႔ သင္ဟာ လိပ္ျပာေလးေတြပ်ံ၀ဲေနတာကုိ မၾကာခဏျမင္ေတြ႔ရတယ္။အိပ္မက္ထဲမွာ ျမင္ေတြ႔ရတယ္ဆုိရင္ ဘယ္လိုအဓိပၸာယ္ေလးေတြျဖစ္မလဲ ၾကည့္လုိက္ပါဦး


အေျပာင္းအလဲသစ္တစ္ခုျဖစ္လာေတာ့မယ္
တကယ္လုိ႔ အိပ္မက္ထဲမွာျဖစ္ေစ၊အျပင္မွာျဖစ္ေစ လိပ္ျပာေလးေတြကုိ မၾကာခဏျမင္ေတြ႔ရတယ္ဆုိရင္ ဒါကသင့္မွာ အေျပာင္းအလဲသစ္တစ္ခုျဖစ္လာေတာ့မယ္ဆုိတဲ႔အဓိပၸာယ္ပါတဲ႔။ၾကီးမားတဲ႔အေျပာင္းအလဲတစ္ခုျဖစ္လာေတာ့မယ္လုိ႔ အခ်က္ျပတဲ႔သေဘာျဖစ္သလုိ အဲ႔ဒီအေျပာင္းအလဲဟာလည္း ေကာင္းေသာအေျပာင္းအလဲျဖစ္တယ္လုိ႔အခ်က္ျပတာပါ။








လြတ္လပ္ျခင္ း
လိပ္ျပာေလးေတြက ပန္းတစ္ပြင့္ကေန တစ္ပြင့္အလြယ္တကူကူးလူးပ်ံသန္းၾကပါတယ္။တကယ္လုိ႔မ်ား သင္ဟာ စိတ္အက်ဥ္းအက်ပ္ျဖစ္ေနခိ်န္၊စိတ္ပင္ပန္းျပီး ပိတ္ေလွာင္ခံရသလိုခံစားေနရခ်ိန္ လိပ္ျပာေလးေတြျမင္ေတြ႔ရတဲ႔အခါ ဒါက မၾကာခင္မွာသင္ဟာ စိတ္လြတ္လပ္ေတာ့မွာဆုိတဲ႔သေကၤတတစ္မ်ိဳးပါ။ျပီးေတာ့ ဒီစိတ္ရႈပ္ေထြးမႈေတြကေန လြတ္ေျမာက္ဖုိ႔ ၾကိဳးစားသင့္ျပီဆုိတဲ႔သတိေပးအခ်က္ျပတဲ႔သေဘာလည္းျဖစ္ပါေသးတယ္။








ဘ၀ကုိအဓိပၸာယ္ရွိစြာေနပါလို႔ေျပာေနျခင္း
လိပ္ျပာေလးေတြရဲ ႔သက္တမ္းကတုိပါတယ္။အမ်ားဆံုးေနလွ တစ္ပတ္၊ႏွစ္ပတ္ပါပဲ။တစ္ခ်ိဳ႔လိပ္ျပာမ်ိဳးစိတ္ေတြသာ ၆လနီးပါးၾကာေအာင္အသက္ရွင္ေနထိုင္ႏုိင္တာပါ။လူ႔ဘ၀က သူတုိ႔ထက္ သက္တမ္းၾကာရွည္တယ္ဆုိေပမဲ႔လည္း ဘ၀တစ္ေကြ႔၊အခိ်ဳးအေကြ႔ဆုိတာ မွန္းဆလုိ႔မရပါဘူး။ဒါေၾကာင့္လက္ရွိအခိ်န္ခဏေလးမွာအဓိပၸာယ္ရွိစြာေနဖုိ႔၊အမွတ္ရစရာေတြဖန္တီးဖုိ႔ လိပ္ျပာေလးေတြက သတိေပးေနတာဆုိတဲ႔အေၾကာင္း လူတစ္ခ်ိဳ႔က ယံုၾကည္ထားၾကပါတယ္။








အလွအပကုိျမင္တတ္ဖုိ႔
အေရာင္စံုလိပ္ျပာေလးေတြက မလွပဘူးလုိ႔ ဘယ္သူမွမျငင္းႏိုင္ပါဘူး။ဒါေပမဲ႔ လိပ္ျပာေလးေတြက ေမြးကတည္းကလွလာတာမဟုတ္ဘူးဆုိတာ အားလံုးသိၾကမွာပါ။ခူေကာင္ေပါက္ဖတ္ကေနမွ လွပတဲ႔လိပ္ျပာေလးအသြင္ေျပာင္းလဲသြားတာျဖစ္ပါတယ္။တကယ္လုိ႔ သင့္အနားမွာ လိပ္ျပာေလးေတြရစ္၀ဲေနတယ္ဆုိရင္ ကုိယ့္ကုိယ့္ကုိယ္ေသခ်ာျပန္ျမင္ေအာင္ၾကည့္ပါ။ကုိယ့္ရဲ႔ ကုိယ္ပုိင္အလွကုိ
ေတြ႔ေအာင္ရွာပါ။မလွမပနဲ႔အရုပ္ဆုိးလွတဲ႔ကုိယ့္ကုိယ့္ကုိယ္ထားပစ္ခဲ့ျပီး လွပတဲ႔အသြင္ေျပာင္းလဲၾကည့္လိုက္ပါ။လိပ္ျပာေလးေတြေပးတ႔ဲမက္ေဆ့ခ်္က ရုိးရွင္းေပမဲ႔ ျမင္တတ္မယ္ဆုိရင္ တကယ္ေလးနက္တဲ႔မက္ေဆ့့ခ်္တစ္ခုျဖစ္ပါတယ္။



ဒီအခ်က္ေလးေတြကေတာ့ လိပ္ျပာေလးေတြနဲ႔ပတ္သက္လုိ႔ယံုၾကည္သူတစ္ခ်ိဳ႔ရဲ ႔ယူဆခ်က္ေတြပဲျဖစ္ပါတယ္။







Ref:Yourtango

Unicode

လိပ်ပြာလေးတွေက ကမ္ဘာမြေရဲ့ အလှအပတစ်ခုပါပဲ။အရောင်စုံလှပနေတဲ့လိပ်ပြာလေးတွေကို မြင်တွေ့ရတာ ကြည်နူးစရာကောင်းသလို တစ်ချို့လူတွေကတော့ ဒီလိပ်ပြာလေးတွေဟာ နတ်သမီးလေးတွေဆီက မက်ဆေ့ချ်လေးတွေသယ်ဆောင်လာပေးတယ်လို့ယုံကြည်ထားကြပါတယ်။တစ်ခါတစ်လေ ကိုယ့်အနားမှာရှိနေတဲ့အရာတွေက အချက်ပြသင်္ကေတတွေဖြစ်ပေမဲ့ သေချာမကြည့်တဲ့အခါ မမြင်နိုင်ပါဘူး။တကယ်လို့ သင်ဟာ လိပ်ပြာလေးတွေပျံဝဲနေတာကို မကြာခဏမြင်တွေ့ရတယ်။အိပ်မက်ထဲမှာ မြင်တွေ့ရတယ်ဆိုရင် ဘယ်လိုအဓိပ္ပာယ်လေးတွေဖြစ်မလဲ ကြည့်လိုက်ပါဦး


အပြောင်းအလဲသစ်တစ်ခုဖြစ်လာတော့မယ်
တကယ်လို့ အိပ်မက်ထဲမှာဖြစ်စေ၊အပြင်မှာဖြစ်စေ လိပ်ပြာလေးတွေကို မကြာခဏမြင်တွေ့ရတယ်ဆိုရင် ဒါကသင့်မှာ အပြောင်းအလဲသစ်တစ်ခုဖြစ်လာတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါတဲ့။ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်လာတော့မယ်လို့ အချက်ပြတဲ့သဘောဖြစ်သလို အဲ့ဒီအပြောင်းအလဲဟာလည်း ကောင်းသောအပြောင်းအလဲဖြစ်တယ်လို့အချက်ပြတာပါ။


လွတ်လပ်ခြင်း
လိပ်ပြာလေးတွေက ပန်းတစ်ပွင့်ကနေ တစ်ပွင့်အလွယ်တကူကူးလူးပျံသန်းကြပါတယ်။တကယ်လို့များ သင်ဟာ စိတ်အကျဉ်းအကျပ်ဖြစ်နေချိန်၊စိတ်ပင်ပန်းပြီး ပိတ်လှောင်ခံရသလိုခံစားနေရချိန် လိပ်ပြာလေးတွေမြင်တွေ့ရတဲ့အခါ ဒါက မကြာခင်မှာသင်ဟာ စိတ်လွတ်လပ်တော့မှာဆိုတဲ့သင်္ကေတတစ်မျိုးပါ။ပြီးတော့ ဒီစိတ်ရှုပ်ထွေးမှုတွေကနေ လွတ်မြောက်ဖို့ ကြိုးစားသင့်ပြီဆိုတဲ့သတိပေးအချက်ပြတဲ့သဘောလည်းဖြစ်ပါသေးတယ်။


ဘဝကိုအဓိပ္ပာယ်ရှိစွာနေပါလို့ပြောနေခြင်း
လိပ်ပြာလေးတွေရဲ ့သက်တမ်းကတိုပါတယ်။အများဆုံးနေလှ တစ်ပတ်၊နှစ်ပတ်ပါပဲ။တစ်ချို့လိပ်ပြာမျိုးစိတ်တွေသာ ၆လနီးပါးကြာအောင်အသက်ရှင်နေထိုင်နိုင်တာပါ။လူ့ဘဝက သူတို့ထက် သက်တမ်းကြာရှည်တယ်ဆိုပေမဲ့လည်း ဘဝတစ်ကွေ့၊အချိုးအကွေ့ဆိုတာ မှန်းဆလို့မရပါဘူး။ဒါကြောင့်လက်ရှိအချိန်ခဏလေးမှာအဓိပ္ပာယ်ရှိစွာနေဖို့၊အမှတ်ရစရာတွေဖန်တီးဖို့ လိပ်ပြာလေးတွေက သတိပေးနေတာဆိုတဲ့အကြောင်း လူတစ်ချို့က ယုံကြည်ထားကြပါတယ်။


အလှအပကိုမြင်တတ်ဖို့
အရောင်စုံလိပ်ပြာလေးတွေက မလှပဘူးလို့ ဘယ်သူမှမငြင်းနိုင်ပါဘူး။ဒါပေမဲ့ လိပ်ပြာလေးတွေက မွေးကတည်းကလှလာတာမဟုတ်ဘူးဆိုတာ အားလုံးသိကြမှာပါ။ခူကောင်ပေါက်ဖတ်ကနေမှ လှပတဲ့လိပ်ပြာလေးအသွင်ပြောင်းလဲသွားတာဖြစ်ပါတယ်။တကယ်လို့ သင့်အနားမှာ လိပ်ပြာလေးတွေရစ်ဝဲနေတယ်ဆိုရင် ကိုယ့်ကိုယ့်ကိုယ်သေချာပြန်မြင်အောင်ကြည့်ပါ။ကိုယ့်ရဲ့ ကိုယ်ပိုင်အလှကို
တွေ့အောင်ရှာပါ။မလှမပနဲ့အရုပ်ဆိုးလှတဲ့ကိုယ့်ကိုယ့်ကိုယ်ထားပစ်ခဲ့ပြီး လှပတဲ့အသွင်ပြောင်းလဲကြည့်လိုက်ပါ။လိပ်ပြာလေးတွေပေးတဲ့မက်ဆေ့ချ်က ရိုးရှင်းပေမဲ့ မြင်တတ်မယ်ဆိုရင် တကယ်လေးနက်တဲ့မက်ဆေ့့ချ်တစ်ခုဖြစ်ပါတယ်။

ဒီအချက်လေးတွေကတော့ လိပ်ပြာလေးတွေနဲ့ပတ်သက်လို့ယုံကြည်သူတစ်ချို့ရဲ ့ယူဆချက်တွေပဲဖြစ်ပါတယ်။

Ref:Yourtango




ပင္မစာမ်က္ႏွာ

သတင္း

ဂိမ္း

၀န္ေဆာင္မႈမ်ား
Some text some message..