
လူတော်တော်များများဟာမိသားစုနေအိမ်ကနေ အဝေးကိုသွားပြီးအဆင်ပြေရာမှာအလုပ်လုပ်ကိုင်နေကြတာများပါတယ်။ ဒီလိုလူတွေအတွက် အိမ်လွမ်းခြင်းကအတော်ဆိုးဝါးပြီးခံရခက်တဲ့ခံစားချက်ဖြစ်ပါတယ်။ ဒီလိုခံစားချက်ကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

(၁) အိမ်လွမ်းခြင်းကပုံမှန်ခံစားချက်သာဖြစ်ကြောင်းလက်ခံရပါမယ်။ ကိုယ်လွမ်းတာကိုငြင်းပယ်ပြီးအတင်းခံစားချက်ကိုလျှို့ဝှက်ထားမယ်ဆိုရေရှည်အတွက်မကောင်းပါဘူး။

(၂) အိမ်လွမ်းနေချိန်မှာ တစ်ခုခုလုပ်လိုက်ပါ။ ကိုယ်ကအိမ်ကိုလွမ်းနေတဲ့ခံစားချက်ဝင်လာပြီဆိုရင် ဒီတိုင်းထိုင်ငိုင်နေတာထက် အိမ်မှာရှိတဲ့လူတွေအတွက်လို့ရည်စူးပြီးလက်မှုပစ္စည်းလေးတွေလုပ်တာမျိုးနှင့်အာရုံပြောင်းနိုင်ပါတယ်။

(၃) အိမ်နှင့်အဆက်အသွယ်ရှိအောင်လုပ်ပါ။ ကိုယ်လွမ်းနေတဲ့အချိန်ပ သတိရတာမျိုးမဟုတ်ဘဲ ပုံမှန်လေးဆက်သွယ်ပေးတာကလည်း အိမ်လွမ်းနာကိုသက်သာစေနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။

(၄) အသိအကျွမ်းအသစ်တွေရှာပါ။ ကိုယ့်ရဲ့မိတ်ဆွေဟောင်းတွေအပြင် သူငယ်ချင်းအသစ်တွေထပ်ရှာပြီးကိုယ့်ကိုယ့်ကိုယ် စိန်ခေါ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းက သင့်ရဲ့ခံစားချက်ကိုလန်းဆန်းစေပြီး ခံစားချက်တွေပိုကောင်းလာစေနိုင်ပါတယ်။

(၅) အိမ်လွမ်းနေချိန် ခံစားချက်အတိုင်းပဲနေပါ။ လွမ်းနေတဲ့ခံစားချက်ကိုဖုံးကွယ်တာလိုမျိုးမလုပ်ဘဲ ပွင့်ပွင့်လင်းလင်းခံစားပြီး သတိရလိုက်ပါ။ သတိရလွန်းလို့ ငိုချချင်စိတ်တွေဖြစ်လာရင်ငိုချလိုက်တာဟာ ခံစားချက်တွေကိုအတော်လေးသက်သာစေနိုင်ပါတယ်။

၆) အိမ်ပြန်သွားလည်မယ့်အချိန်ကိုတိကျတဲ့အချိန်တစ်ခုသတ်မှတ်ပါ။ ဒီလိုသတ်မှတ်လိုက်ခြင်းက ကိုယ့်ရဲ့အိမ်ကိုလွမ်းလိုက်တိုင်း တစ်ချိန်မှာပြန်တွေ့ရမယ်ဆိုတဲ့ခံစားချက်ကိုဖြစ်စေတဲ့အပြင် အပြင်းအထန်ခံစားရတာကို လျော့ကျစေနိုင်တာကြောင့်ဖြစ်ပါတယ်။