ပရဟိတနဲ့ လူတွေအမြင်ကို ပြောင်းလဲမယ့် မြန်မာပြည်က ပန့်ခ်
mmtimes.com
|
2019-01-03

ဆာလောင်နေသူများအတွက် ပဲပလာတာ ဝေငှရန် ပန့်ခ်လူငယ်များ ပြင်ဆင်နေစဉ်။ ဓာတ်ပုံ • ညိုမီ

မင်္ဂလာဈေးဝင်းထဲက ရွှေပြည့်စုံဈေးရဲ့ပထမထပ်က ဘေထုပ်ထည်လို့အများခေါ်ကြတဲ့ နိုင်ငံခြားက ဝတ်ပြီးသားအဝတ်ဟောင်းတွေကို ရောင်းချရာမှာ နာမည်ကျော်ပါတယ်။အဝတ်ဟောင်းမျိုးစုံ၊ ဂျင်းအထည်မျိုးစုံကြားမှာအသက် ၇၀အရွယ်အဘွားဒေါ်ကြင်နု ရှိနေပြီး သူက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ဒီဆိုင်တန်းမှာ ဘေထုပ်ရောင်းနေသူပါ။ သူနဲ့ မျက်နှာချင်းဆိုင်ကလည်း ဘေထုပ်ဆိုင်ပဲဖြစ်သလို ဆိုင်ခန်းတွေအကုန်လုံးကလည်းအဝတ်ဟောင်းရနံ့တွေ လှိုင်လှိုင်ထွက်နေတဲ့ ဘေထုပ်ဆိုင်တွေပဲဖြစ်တဲ့အတွက် သူ့အတွက်တော့ ကြည့်လေမြင်လေရာမှာအဝတ်ဟောင်းထည်တွေကပဲ နေရာယူထားပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့တစ်နှစ်ကစပြီး သူ့မျက်စိရှေ့မှာ တွေ့မြင်နေကျအရာတွေက ထူးထူးခြားခြား ပြောင်းလဲလို့လာပါတယ်။ ဆူးချွန်လို ရှည်ပြီးထောင်ထွက်နေတဲ့ ဆံပင်ရှည်အချွန်တွေ၊ ချဲ့ထားတဲ့ နားပေါက်အကျယ် ကြီးတွေ၊ မျက်ခုံးနဲ့ မေးစေ့မှာ ဖောက်ပြီးတပ်ထားတဲ့အဆင်တန်ဆာတွေ၊အရိုးခေါင်းပုံအဝတ်အစားအပြင်အဆင်တွေ ဝတ်ဆင်ထားတဲ့ လူငယ်တစ်စုက သူ့မျက်နှာချင်းဆိုင်မှာ ဆိုင်လာဖွင့်တာပါ။

သူတို့အသွင်အပြင်ကိုကြည့်ပြီး လူဆိုးတွေများဖြစ်မလားလို့အဘွားဒေါ်ကြင်နု စိုးရိမ်စိတ်ဖြစ်ခဲ့တာကြောင့် နောက်ကြောင်းကို တစေ့တစောင်း စုံစမ်းကြည့်တော့ မင်္ဂလာဈေးနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ယုဇနပလာဇာက ပြောင်းရွှေ့လာတာလို့ သိခဲ့ရပါတယ်။

တစ်နှစ်အတွင်း ပန့်ခ်တွေရဲ့ လှုပ်ရှားသွားလာမှုကို သူ့ဆိုင်အတွင်းက နေ စောင့်ကြည့်နေတဲ့အဘွားဒေါ်ကြင်နုရဲ့ စိတ်လည်း တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။

"မကြောက်တော့ဘဲ ချစ်လာတယ်။ သူတို့ကို ကြည့်ရတာ နှလုံးသား ဖြူစင်တယ်" လို့ ဒေါ်ကြင်နုက ကြည်ကြည်နူးနူးလေး ပြောပါတယ်။

ပုံမှန်ဆို တစ်ယောက်၊ နှစ်ယောက်သာရှိတတ်တဲ့ ပန့်ခ်ဆိုင်ကလေးက တနင်္ဂနွေနေ့ ညနေ ၃ နာရီဝန်းကျင်မှာတော့ ပန့်ခ်အဆင်တန်ဆာတွေနဲ့ လူငယ်တွေ တဖွဲဖွဲရောက်လာကြပါပြီ။ ဆံပင်ကို ပန့်ခ်ပုံစံအတိုင်း ခပ်ချွန်ချွန်မြင့်မြင့်ထောင်ဖို့ ကြိုးစားနေကြတဲ့ ဆိုင်ပိုင်ရှင် ကိုကျော်ကြီးတို့ တစ်စုကို မျက်နှာချင်းဆိုင် ဆိုင်လေးထဲကနေ ဒေါ်ကြင်နုက ပြုံးပြုံးကလေး ရပ်ကြည့်နေပါတယ်။

ကိုကျော်ကြီးရဲ့ဆံပင်ကို သူ့သူငယ်ချင်းပန့်ခ်တစ်ယောက်က ကော်ရည်ဖျန်းပေးပြီး နောက်တစ်ယောက်ကအခြောက်မှုတ်စက်နဲ့ မှုတ်ပေးနေကြပါတယ်။ ပွဲတစ်ခုသွားဖို့ လူငယ်အချင်းချင်း ရင်းရင်းနှီးနှီး ပြင်ဆင်ဖေးမ နေတဲ့အဲဒီလိုမြင်ကွင်းကအဝတ်ဟောင်းစီးပွားရေးမှာပဲ နှစ်ပေါင်းများစွာ နစ်မြုပ်နေတဲ့ ဒေါ်ကြင်နုအတွက် စိတ်အမောဖြေစရာတစ်ခု ဖြစ်နေပုံပါပဲ။

ပြင်ဆင်နေကြတဲ့ ဝတ်စုံပြည့် ပန့်ခ်လူငယ်တွေအနားကို ဖြတ်မိတဲ့ ဈေးဝယ်လာသူအမျိုးသမီးတချို့က ရုတ်တရက်လန့်သွားတတ်ကြပေမဲ့အမျိုးသားတချို့ကတော့ ရယ်မောသွားကြပြန်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လိုတုံ့ပြန်မှုပဲပေးပေး ပန့်ခ်လူငယ်တစ်စုကတော့ သူတို့လုပ်မြဲ ဆံပင်ထောင်ခြင်းမှာသာအာရုံစိုက်ပြီး ကြိုးစားလုပ်ဆောင် နေကြပါတော့တယ်။

သူတို့က မကြာခင်ကမှ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ စတင်ခဲ့တဲ့ နှစ်ပတ်တစ်ခါ တနင်္ဂနွေလှုပ်ရှားမှုအတွက် လူစုနေကြတာဖြစ်ပြီးNot Bombs (FNB) လို့ခေါ်တဲ့ ပန့်ခ်လှုပ်ရှားမှုကို ရန်ကုန်၊ ဆူးလေတစ်ဝိုက်မှာ စတင်ခဲ့တာအခုဆိုရင် ခြောက်နှစ်မျှ ရှိပြီဖြစ်ပါတယ်။ မင်္ဂလာဈေးတစ်ဝိုက်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ခုလိုFNB လှုပ်ရှားမှုကတော့ ပန့်ခ်လူငယ်တွေ ရွှေပြည့်စုံဈေးပေါ်မှာ ဆိုင်စဖွင့်ခဲ့တဲ့ ဒီနှစ်အတွင်းမှာမှ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

FNB က မေတ္တာတရား၊ လူသားတစ်ယောက်နဲ့ တစ်ယောက်အပေါ် စာနာမှု၊ မျှဝေမှုတွေအပေါ်အခြေခံပြီးအဓိကအောက်ခြေလူတန်းစား တွေကို ပန့်ခ်လူငယ်တွေစုကာ တတ်နိုင်သမျှအစားအစာဝေမျှပေးတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။

တကယ်တော့ ဒီလှုပ်ရှားမှုကို နေရာသစ်တစ်ခုမှာ တိုးချဲ့ပြုလုပ်ရတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ပထမဆုံးလှုပ်ရှားမှု စတင်ချိန်မှာ မြင်တဲ့သူတွေက ပန့်ခ်တွေရဲ့ ဝတ်စားဆင်ယင်ပုံကြည့်ပြီး ကြောက်ကြ၊ တုန်လှုပ်ကြတယ်။ နောက်ပြီး ရယ်စရာလုပ်တတ်ကြပါသေးတယ်။

"ကြောက်တယ်၊ တုန်လှုပ်တယ်ဆိုတာ ကျွန်တော်တို့နဲ့ မရင်းနှီးသေး လို့ပါ။ ဆူးလေမှာတော့ ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် ရင်းနှီးနေကြ ပြီ။အဲဒီမှာလည်း ဟိုအရင် စစလုပ်တုန်းကလည်း ဒီလိုပါပဲ၊ ပန့်ခ်ဆိုရင် ရိုင်းတယ်၊ မူးယစ်ရမ်းကားတယ်ဆိုပြီး စိတ်ထဲ စွဲနေကြတယ်" လို့FNBအဖွဲ့မှာ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ကိုကျော်ကြီးက ခပ်ညည်းညည်းပြောပါတယ်။

ပရဟိတလှုပ်ရှားမှုအတွက် ဝေမျှဖို့လိုအပ်တဲ့အစားအစာတွေ ဝယ်ယူချိန်မှာပဲ ဘေးနှစ်ဖက်ရိတ်ထားပြီးအလယ်ကောင် ရှေ့နောက် တစ်လိုင်းတည်း ထောင်ထားတဲ့ သူ့ရဲ့ဆံပင်ပုံစံကို ရည်ညွှန်းပြီး လှောင်ပြောင်စနောက်တဲ့အသံတွေ ကြားနေရပါပြီ။ ဒါပေမဲ့ ကိုကျော်ကြီးတို့ ဘာမှမတုံ့ပြန်ခဲ့ပါဘူး။

ပန့်ခ်တစ်ယောက်ရဲ့ ဘဝရှင်သန်မှုပုံစံနဲ့ ရှစ်နှစ်တာကာလ ဖြတ်သန်း ခဲ့ပြီးတဲ့ ကိုကျော်ကြီးအတွက်တော့ ပတ်ဝန်းကျင်ရဲ့ ပုံမှန်ရိုက်ခတ်မှုအဖြစ်အသားကျလို့ နေခဲ့ပါပြီ။

"သူတို့ ကျွန်တော်တို့ကို ဘယ်လိုပဲ ထိုးနှက်ထိုးနှက် ဒါကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ငါတို့ကြိုက်တာ ငါတို့လုပ်တယ်။ ငါတို့ကြောင့် ပတ်ဝန်းကျင် မထိခိုက်ဘူးဆိုတဲ့ တစ်ခုပဲတွေးတယ်"လို့ ကိုကျော်ကြီးကအလေးအနက် ဆိုပါတယ်။

ဒါဆို ပန့်ခ်တွေရဲ့ခြောက်နှစ်သားFNBလှုပ်ရှားမှုက လူထုအမြင်တချို့ ကို ပြောင်းလဲစေနိုင်သလားဆိုတဲ့ မေးခွန်းရဲ့အဖြေကတော့ ရက်စ်ပဲဖြစ်နေပါတယ်။အဘွားဒေါ်ကြင်နုလို ပန့်ခ်တွေနဲ့အချိန်အတိုင်းအတာတစ်ခုအထိ နီးနီးကပ်ကပ်နေထိုင်ခဲ့သူတွေရဲ့အမြင်မှာရော၊FNB ရဲ့ လှုပ်ရှားမှုကို သိနေတဲ့ လူတွေအမြင်မှာပါ ပန့်ခ်ဆိုတာကို တစ်စတစ်စ လက်ခံလာ ကြပါတယ်။

FNB စတင်တုန်းက ပန့်ခ်လူငယ်တစ်ခုက သူတို့ တစ်နိုင်တစ်ပိုင် တတ်နိုင်တဲ့ ငွေကြေးစုကောက်ပြီး ရန်ပုံငွေဖန်တီးခဲ့ပေမဲ့ လူထုယုံကြည်မှုရပြီးတဲ့အချိန်မှာတော့ ငွေကြေးလ·ဒါန်းပါဝင်ချင်တယ်လို့အဆိုပြုသူတွေ၊ ပန့်ခ်မဟုတ်တဲ့အပြင်လူတွေကအစားအစာဝေငှချင်သူတွေ၊အိမ်ခြေမဲ့ကလေးငယ်တွေကို စာသင်ပေးချင်သူတွေနဲ့အချိန်ပေးဆော့ကစားချင်သူ တွေက သူတို့လှုပ်ရှားမှုတွေမှာ ပါဝင်ကူညီလာကြပါတယ်။

ရန်ကုန်မြို့လယ်၊ ဆူးလေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ကလူတွေ ကွာခြားတဲ့အချက်က ကိုးကွယ်တဲ့ဘာသာပါ။ ဆူးလေစေတီတော်ဘက်မှာ ပရဟိတအဖွဲ့သား ပန့်ခ်တွေကိုယ်တိုင်ကြော်တဲ့ သက်သတ်လွတ် ထမင်းကြော်မဟုတ်ရင် ငှက်ပျောသီးဝေငှပေမဲ့ မင်္ဂလာတောင်ညွန့် ဘက်မှာတော့ ဘာသာခြားများတဲ့အတွက် ပလာတာ၊ စမိုင်၊ ဆနွင်းမကင်း တို့ ဝေငှပါတယ်။

"လူမျိုးရေး၊ ဘာသာရေး၊ လူ့အဆင့်အတန်း မခွဲခြားဘူး။ ဂုဏ်တွေ၊ ပကာသနတွေ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ လုပ်နေတာက တကယ်ငတ်နေတဲ့ လူသားတွေအတွက်ပဲ။ လူသားတွေအားလုံးကအသွေးအသားနဲ့ တည်ဆောက်ထားတယ်။ ဆာလောင်မွတ်သိပ်မှုဆိုတာ ရှိတယ်။အဲဒီအတွက်ကြောင့် သူတို့အောက်ခြေအခြေခံလူတန်းစားတွေ စားချင်တဲ့သူတွေကိုအစာမျှဝေတာ" လို့ FNBစတည်ထောင်ကတည်းက ပါဝင်ခဲ့တဲ့ ကိုကျော်ကြီးက ပြောပါတယ်။

မင်္ဂလာတောင်ညွန့် FNB လှုပ်ရှားမှုအတွက် ကိုကျော်ကြီးတို့ဝယ်နေကျ စမိုင် ဆနွင်းမကင်းဆိုင်က ဈေးသည်အမျိုးသမီးကလည်း ခုလို လူငယ်တွေ လ·တာမြင်ရတာအားရတယ်လို့ ဆိုပါတယ်။

လ·ဖို့အပြည့်အစုံ ဝယ်ပြီးနောက်မှာတော့ ပန့်ခ်အုပ်စုက ဗလီရှေ့မှာအလ·ခံနေတဲ့အမျိုးသမီးတွေ၊ ဆိုက်ကားဆရာတွေ စသဖြင့် တစ်လမ်းဝင် တစ်လမ်းထွက်အစားအစာဝေငှပါတော့တယ်။အဲဒီအဖွဲ့ထဲမှာအသက်အကြီးဆုံး ပန့်ခ်တစ်ယောက်ဖြစ်တဲ့ ကိုမဒယ်ကအတကြွ်ကဆုံးဖြစ်လို့ နေပါတယ်။ တစ်ယောက်ကိုအစာကမ်းပေးပြီးတိုင်း သူ့တို့အဖွဲ့က ဒီလမ်းကြောင်းအတိုင်း နှစ်ပတ်တစ်ခါ လာဝေဖို့ရှိတဲ့အတွက်အဲဒီမှာပဲ စောင့်နေပါလို့ သေချာမှာကြားပါတယ်။

ကိုမက်ဒယ်က ၁၉၉၆ ခုနှစ် ဆယ်ကျော်သက်အရွယ်ကတည်းက ပန့်ခ်ဘဝရှင်သန်မှုမျိုးနဲ့ ပြောင်းလဲနေထိုင်ခဲ့သူဖြစ်ပြီးအဲဒီအချိန်တုန်းက လူတိုင်းက ပန့်ခ်ကိုမြင်ရင် ထိတ်လန့်ကြကြောင်း၊ ပန့်ခ်လို နေလိုက်တဲ့အတွက် မိဘများက ထောက်ပံ့မှုအကုန်ရပ်တန့်ပစ်ခဲ့ကြောင်း ပြောပါတယ်။

"ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ရှင်သန်တဲ့ဘဝ ကို ကိုယ့်ဘာသာ ရွေးချယ်ခဲ့တာ" လို့ သူက ဂုဏ်ယူစွာပြောပါတယ်။


ပန့််ခ်အချင်းချင်းအပြန်အလှန်ပြင်ဆင်ဖေးမ။ ဓာတ်ပုံ • ညိုမီ

ဒါ့အပြင် ပန့်ခ်လှုပ်ရှားမှုတွေလည်း ရှိလာပြီဖြစ်တဲ့ ဒီဘက်ခေတ်မှာတော့ လူ့အသိုင်းအဝိုင်းက လူသားအကျိုးပြုတွေလုပ်တဲ့ ပန့်ခ်တွေကို ပိုအသိအမှတ်ပြုလာကြတယ်လို့ သူကဆိုပါတယ်။

ဖက်ရှင်၊ ဂီတ၊ ခံယူချက်၊ ဘဝရှင်သန်မှုနဲ့အတွေးအခေါ်တွေက ပန့်ခ်တစ်ယောက်ရဲ့အခြေခံလိုအပ်ချက်တွေ ဖြစ်တယ်လို့ သူက မျှဝေပါတယ်။ ကိုမဒယ်ရဲ့အတွေးအခေါ်ကတော့ လူတွေက တစ်ခဏပဲ ရှင်သန်ရတာဖြစ်တဲ့အတွက် လူကိုလူလိုမြင်ကြောင်း၊ လူသားအကျိုးပြုတာလုပ်ပြီး ဘဝကို လူသားဆန်တဲ့ပုံဖော်မှုပဲ လိုချင်ကြောင်း ဆိုပါတယ်။

မြန်မာနိုင်ငံကို စီးဝင်လာတဲ့ ပန့်ခ်ယဉ်ကျေးမှုက ဆယ်စုနှစ်နှစ်ခုကျော်သွားပြီဖြစ်သလို ပန့်ခ်လူငယ်တွေရဲ့ သဘောသဘာဝကို ပတ်ဝန်းကျင်ကလည်း တစ်စတစ်စအသိအမှတ်ပြု လက်ခံလာကြပြီပဲ ဖြစ်ပါတယ်။




Some text some message..