
တော်တော်များများက ပိုက်ဆံအိတ်ဝယ်တဲ့အချိန်မှာ လှတာ ၊ ပိုက်ဆံဆံ့တာကို အဓိကထား ရွေးဝယ်တတ်ကြပါတယ်။ အရောင်တွေမှာ စွမ်းအင်တွေရှိတာမလို့ ပိုက်ဆံအိတ်ရဲ့အရောင်က သင့်ဝင်ငွေအပေါ် သက်ရောက်မှု ရှိတာကော သတိထားမိရဲ့လား ?
ရွှေရောင်

ပိုက်ဆံနဲ့ပတ်သက်လာရင်တော့ ရွှေရောင်က အကောင်းဆုံးပါ။
အနက်ရောင်

ဝင်လာပြီးသား အိတ်ထဲက ပိုက်ဆံတွေမထွက်စေချင်ဘူးဆိုရင် အနက်ရောင်ကိုရွေးပါ။
အဝါရောင်

ရှိပြီးသားပိုက်ဆံကို ထပ်တိုးပွားလာစေချင်ရင်တော့ အဝါရောင်ကိုရွေးပါ။
အညိုရောင်

လာဘ်ရွှင်ဖို့အတွက်ဆိုရင်တော့ အညိုရောင်ကိုရွေးပါ။
ပန်းရောင်

အချစ်ရဲ့ကိုယ်စားပြုအရောင်ပန်းရောင်ကတော့ ကံကောင်း ၊ လာဘ်ကောင်းအောင် ကူညီပေးနိုင်ပါတယ်။
အစိမ်းရောင်

ငွေဝင်ပြီးပြန်မထွက်ဖို့အတွက်ဆို အစိမ်းရောင်ကိုရွေးပါ။