စုံတွဲတိုင်း သိထားသင့်တဲ့ အချစ်ဘာသာစကား (၄) မျိုး
mystylemyanmar.com
|
2023-09-21

အချစ်ဘာသာစကားတွေက ဘာတွေလဲဆိုတာ သင်သိပါသလား။ တကယ်တော့ အချစ်ဘာသာစကား ဆိုတာ လူတစ်ယာက်နဲ့တစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကိုဖော်ပြရန်နဲ့ လက်ခံရန်နည်းလမ်းတွေ ဖြစ်ပါတယ်။

လူတိုင်းက ချစ်ခြင်းမေတ္တာကို တူညီတဲ့ပုံစံနဲ့ ဆက်သွယ်ကြတာမဟုတ်သလို လက်ခံပုံခြင်းလည်း မတူကြပါဘူး။ ဒါဆို သိထားသင့်တဲ့ အချစ်ဘာသာစကား (၄) မျိုးက ဘာတွေလဲဆိုတာ အခုပဲပြောပြပေးပါမယ်။

(၁) စကားလုံးတွေနဲ့ ဆက်သွယ်တာ


ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ ပထမဆုံးဘာသာတစ်ခုက စကားလုံးတွေနဲ့ ဆက်သွယ်တာပါ။ လူတချို့က ကိုယ်ချစ်တဲ့သူတွေကို ချီးမွမ်းစကားပြောတာ၊ အားပေးစကားပြောပေးတာ၊ ကတိသစ္စာပြုတာတွေအပြင် ဆိုရှယ်မီဒီယာလို ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကနေ စာပို့တာမျိုးနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတတ်ကြပါတယ်။

Relationship ဆိုင်ရာ စိတ်ပညာရှင်တွေကတော့ ချစ်ခင်တွယ်တာမှုနဲ့ ပတ်သတ်ပြီး စာရေးသားဆက်သွယ်ခြင်းနဲ့ စကားပြောဆိုခြင်းတွေက အရေးကြီးတဲ့ ဆက်သယ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

(၂) အတူတူ အချိန်ဖြုန်းတာ


ချစ်တဲ့သူနဲ့အတူတူ အချိန်ဖြုန်းချင်တဲ့ သူတွေအတွက်ကတော့ သူတို့ရဲ့အဖော်ဖြစ်ကလည်း အတူတူအချိန်ဖြုန်းရတာ ကြိုက်တယ်ဆိုရင်တော့ ပျော်စရာအချိန်တွေ ပိုင်ဆိုင်ကြမှာပါ။

သူတို့က အထူးသဖြင့် စကားပြောတဲ့အခါ စိတ်ပါလက်ပါ နားထောင်တတ်တာ၊ မျက်လုံးချင်းဆုံအောင်ကြည့်တာတွေနဲ့ လက်ရှိအချိန်ကို အပြည့်အဝ အာရုံစိုက်တတ် ကြပါတယ်။ ဒီအချစ်ဘာသာစကားဟာလည်း သင်ချစ်တဲ့သူအပေါ် သင့်ရဲ့ဂရုစိုက်အလေးထားမှုကို ပြသဖို့ နည်းလမ်းကောင်းတစ်ခုပါ။

(၃) အပြုအမူတွေနဲ့ ဆက်သွယ်တာ


တကယ်လို့ သင့်တို့ ချစ်သူနှစ်ဦးရဲ့အချစ်ဘာသာစကားက အပြုအမူအားဖြင့် လက်တွေ့လုပ်ဆောင်တာဆိုရင် သင်နဲ့ သင့်ချစ်သူရဲ့နေ့စဥ်ဘဝကို ပိုပျော််ရွှင်စေမှာပါ။

သင်နေမကောင်းဖြစ်တဲ့ အချိန်မှာပြုစုပေးတာ၊ မနက်အလုပ်မသွားခင် သင့်အတွက် မနက်စာပြင်ဆင်ပေးတာ၊ အမှတ်တရနေ့တွေတိုင်း အတူတူဖြတ်သန်းတာတွေ ရှိမယ်ဆိုရင် အပြုအမူနဲ့ဆက်သွယ်တဲ့ အချစ်ဘာသာစကားပါပဲ။

ဒီအချစ်ဘာသာစကားကလဲ အရေးကြီးတဲ့အချစ်ဘာသာစကားတစ်ခုပါပဲ။

(၄) လက်ဆောင်ပစ္စည်းပေးတာ


လက်ဆောင်ပစ္စည်းတွေဟာ အလွန်ရိုးရှင်းတဲ့ အချစ်ဘာသာစကားဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ကိုယ်စားပြု လက်ဆောင်လေးတွေဟာ ငွေကြေးတန်ဖိုးပေါ် မမူတည်ဘဲ ပေးတဲ့သူရဲ့ရည်ရွယ်ချက်ကသာ အဓိကဖြစ်ပါတယ်။

လက်ဆောင်ပစ္စည်းပေးခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတတ်သူတွေဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အဓိပ္ပါယ်ပြည့်ဝဖို့ကို အာရုံစိုက်တတ်ကြပြီး အဓိကကတော့ သူတို့ရဲ့အ‌ရေးကြီးတဲ့ အရာတွေကိုပေးပြီး တန်ဖိုးထားမှုကို ပြသတတ်ကြပါတယ်။




Some text some message..