အိမ်သန့်ရှင်းရေးပြုလုပ်ခြင်းဟာ စိတ်ဖိအားကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိ
shwemom.com
|
2019-01-03

လူတိုင်းမှာ စိတ်ဖိအားကို လျော့ကျစေနိုင်တဲ့ ကိုယ်ပိုင်စိတ်ဖြေလျော့နည်းတွေ ရှိကြပါတယ်။ တချို့ကလည်း လေ့ကျင့်ခန်းလုပ်၊ စာဖတ်၊ တရားထိုင်စသဖြင့် ဆောက်တည်ရာမရ ဖြစ်နေတဲ့ စိတ်ကို တည်ငြိမ်အောင် ကြိုးစားကြပါတယ်။ ဒီလို စိတ်ဖြေရာ နည်းလမ်းတွေထဲမှာအိမ်ကို သန့်ရှင်းရေးလုပ်တာလည်း တစ်နည်းအပါအဝင်ဖြစ်ပါတယ်။ စိတ်ပညာရှင်တစ်ဦးကတော့အိမ်သန့်ရှင်းရေးပြုလုပ်ခြင်းဟာ စိတ်ဖိအားများသူတွေအတွက် ပူပန်သောကတွေ လျော့နည်းစေဖို့ ကောင်းမွန်တဲ့နည်းလမ်းလို့ ဆိုထားပါတယ်။

စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒါဘီက သန့်ရှင်းရေးလုပ်ခြင်းဟာ မိမိပတ်ဝန်းကျင်ကို ကိုယ်ပိုင်ထိန်းချုပ်မှုရစေတယ်လို့ ဆိုပါတယ်။ နေ့စဉ်နေ့တိုင်း သူများတွေနဲ့ ထိတွေ့ဆက်ဆံပြီး ကိုယ့်စိတ်ကြိုက် ပုံသွင်းလို့ မရတဲ့အနေအထားမှာအနည်းဆုံးတော့ ကိုယ့်အိမ် ကိုယ့်ယာကို ကိုယ်ကြိုက်သလို စီမံပြုပြင်တာဟာ ကောင်းမွန်တဲ့အချက်တစ်ချက်လို့ ဆိုပါတယ်။


pexels

လက်တွေ့ကြည့်မယ်ဆိုရင်လည်းအိမ်ဟာ သန့်ရှင်းနေမယ်ဆိုရင် စိတ်ကလည်း သန့်ရှင်းနေပါလိမ့်မယ်။အိမ်တွင်းမှာရှိတဲ့ ပစ္စည်းတွေကိုလည်း စနစ်တကျနဲ့ သေသေသပ်သပ်ထားတာကြောင့် ဘယ်အချိန်မဆို ပစ္စည်းတစ်ခုလိုချင်တဲ့အခါ ရှာမနေရပဲအလွယ်တကူအသုံးပြုနိုင်ပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ စိတ်အနှောင့်အယှက်ဖြစ်မှု များစွာကို လျော့ချနိုင်ပါလိမ့်မယ်။


pexels

စိတ်ပညာရှင် ဒါဘီကအိမ်မှာ စိတ်ဖိစီးမှုများတဲ့အမျိုးသမီးတွေဟာ တစ်နေ့တာအတွင်း စိတ်ဓာတ်ကျတဲ့ စိတ်အခြေအနေ မြင့်မားကြောင်း ဆိုပါတယ်။ ဒါပေမယ့်အိမ်ကို စည်းစနစ်တကျနဲ့ သေသပ်စွာထားတဲ့အမျိုးသမီးတွေမှာတော့ တစ်နေ့တာအတွင်းမှာ စိတ်ဓာတ်ကျနှုန်း လျော့နည်းတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင်အိမ်သန့်ရှင်းရေးလုပ်သူအမျိုးသမီးတွေဟာ တာဝန်သိစိတ်ရှိသူတွေဖြစ်တဲ့အပြင်အသေးစိတ်လုပ်ဆောင်နိုင်စွမ်းရှိတာကိုလည်း တွေ့ရှိရကြောင်း ပညာရှင်တွေက ဆိုထားပါတယ်။ ဒါကြောင့် စိတ်ဖိအားတွေကို လျော့ချနိုင်ဖို့ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်အောင် ပြုပြင်ကြဖို့ မမေ့နဲ့တော့နော်။

လင်းလင်း (ShweMom)

Ref: Unilad




Some text some message..