ပြောရခက်တဲ့ဆွေမျိုးတွေနှင့် အဆင်ပြေပြေဆက်ဆံဖို့နည်းလမ်းများ
mmload.com
|
2023-10-02
ပြောရခက်ပြီး ကိုယ်နှင့်မကိုက်ညီဆွေမျိုးတွေနှင့် အဆင်ပြေပြေဆက်ဆံနိုင်ဖို့အတွက်ဆိုရင် အရင်ဆုံးသူတို့ကိုအရှိအတိုင်းလက်ခံတတ်ဖို့လိုပါတယ်။သူတို့ရဲ့မကောင်းတဲ့အကျင့်တွေကအစ ပြောပုံဆိုပုံနှင့်တွေးခေါ်ပုံတွေကို ကိုယ်ကမပြုပြင်ပေးနိုင်တာကြောင့် လက်ခံပေးဖို့ပဲတွေးနိုင်ပါတယ်။ ဒီလိုလက်ခံလိုက်ခြင်းအားဖြင့် သူတို့ကိုအရင်ကလိုအပြစ်မြင်တာမရှိတော့ဘဲ အတိုင်းအတာတစ်ခုအထိ ဆက်ဆံရေးအဆင်ပြေလာနိုင်ပါတယ်။
ပြီးတော့ သူတို့ရဲ့ကောင်းကွက်တွေနှင့်အရည်အချင်းတွေကိုမြင်တတ်အောင်ကြည့်ပါ။ ကိုယ်နှင့်မကိုက်ညီပေမဲ့ သူ့ဆီမှာကောင်းမွန်တဲ့အရာတွေအများကြီးရှိနေနိုင်ပါတယ်။ ဒီလိုဆွေမျိုးတွေနှင့်ကိုယ့်ကြားမှာ အကွာအဝေးတစ်ခုသေချာသတ်မှတ်ပြီး ကိုယ်မကြိုက်တာတွေကိုသူတို့သိအောင်ရှင်းရှင်းလင်းလင်းပြပေးထားရပါမယ်။ သူတို့အနေနှင့် ကိုယ်သည်းမခံနိုင်တဲ့အရာတွေကို လုပ်မိရင်သေချာပြောပြီးမကြိုက်ကြောင်းပြသသင့်ပါတယ်။
တစ်ကယ်လို့ ဆက်ဆံရေးကကောင်းမွန်မလာဘဲ ပိုပြီး ခက်ခဲလာတယ်ဆိုရင်တော့ အချိန်တစ်ခုအထိ အဲ့ဒီ့ပြောရခက်တဲ့ဆွေမျိုးတွေကိုရှောင်လိုက်ပါ။ ဒီလိုလုပ်ခြင်းက ကိုယ့်ရဲ့သည်းခံစိတ်ကိုမြှင့်တင်ပေးရာကျသလို သူတို့အပေါ်မြင်တဲ့အဆိုးမြင်တွေကိုလည်း အတိုင်းအတာတစ်ခုအထိလျော့သွားစေတာကြောင့်ဖြစ်ပါတယ်။
#ခက်ခဲ
#နည်းလမ်း
#အကွာအဝေး
#အရည်အချင်း
#ဆက်ဆံရေး
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်