ချစ်သူဆက်ဆံရေးမှာ နှစ်ဖက်လုံးက Red Flag လား Green Flag လားဆိုတာကိုခွဲခြားသိတယ်ဆိုရင် ဆက်ဆံရေးကပိုအဆင်ပြေပြီးတော့ ညှိနှိုင်းရပိုလွယ်တတ်ပါတယ်။ ဒါဆို Red Flag နှင့် Green Flag ကိုဘယ်လိုခွဲခြားရမလဲဆိုတာကိုဖော်ပြပေးပါမယ်။
အရင်ဆုံး Red Flag တွေဟာ ပိုင်ဆိုင်လိုစိတ်များပြီး သူတို့ခံစားနေရတာတွေကိုလည်းတည့်တိုးမပြောတတ်ကြပါဘူး။ သဝန်တိုတတ်လွန်းတာ နှင့် တစ်ဖက်ပါတနာကိုထိန်းချုပ်ချင်တဲ့ဆန္ဒရှိတာဟာ Red Flag တွေရဲ့အဓိကဖော်ပြချက်ပါ။ ဒီလိုပိုင်ဆိုင်လိုစိတ်ကြီးမားတာကြောင့် ပါတနာကို သူ့မိသားစုဝင် သူငယ်ချင်းတွေကြားကနေခွဲထုတ်ချင်သလို အပြုအမူတွေလုပ်တတ်ပြီးတော့ တစ်ဖက်ပါတနာအနေနှင့်အလွယ်တကူအထင်လွဲသွားအောင် လုပ်တတ်ပါတယ်။ ပြီးတော့ ဒီလိုလူစားတွေဟာ ဆက်ဆံရေးအပေါ်ပွင့်လင်းမှုမရှိဘဲ လျှို့ဝှက်ချက်တွေထားပြီးတော့ စည်းတစ်ခုခြားပြီးနေတတ်ကြပါတယ်။
ဆန့်ကျင်ဖက်အနေနှင့် Green Flag လေးတွေကတော့ ပါတနာကိုနားလည်မှုတော်တော်လေးရှိတတ်တဲ့အပြင် လေးစားမှုနှင့်ယုံကြည်မှုတွေကိုပါပေးတတ်ပါတယ်။ သူတို့အနေနှင့် ဆက်ဆံရေးမှာပွင့်လင်းမှုက အဓိကလို့ယူဆပြီးတော့ အခက်အခဲတွေကို ပါတနာနှင့်အတူတူဖြေရှင်းဖို့စိတ်အားထက်သန်ကြပါတယ်။ နှစ်ဖက်ကြားမှာ ပြဿနာတစ်ခုပေါ်လာရင်လည်းခေါင်းအေးအေးထားပြီး အတတ်နိုင်ဆုံးအကောင်းဆုံးဖြေရှင်းဖို့ကြိုးစားတတ်တာဟာ Green Flag တွေရဲ့လက္ခဏာဖြစ်ပါတယ်။
အမှန်တော့ Red Flag ဖြစ်ခြင်းဟာမကောင်းတဲ့အချက်တွေများပေမဲ့ သူတို့ဟာ ပါတနာကိုချစ်ပေမဲ့ တစ်ဖက်လူရဲ့ခံစားချက်ကိုထည့်တွက်ဖို့ မေ့လျော့ထားကြသူတွေပါ။ သဝန်တိုလွန်းပြီး ကိုယ်ထိလက်ရောက်နှိပ်စက်တာမျိုးပါဖြစ်လာရင်တော့ အဲ့ဒီ့ဆက်ဆံရေးကိုအမြန်ဆုံးအဆုံးသတ်ရမှာဖြစ်ပါတယ်။