မားမားဘွိုင်း အမေချစ်သားလေးတွေရဲ့ စိတ်နေစိတ်ထား
mmload.com
|
2023-10-05
မိန်းကလေးအများစုဟာ အမေချစ်လွန်းတဲ့ယောကျာ်းလေးတွေကို ချစ်သူတော်ရမှာကို ထိတ်လန့်ကြလေ့ရှိပါတယ်။ အကြောင်းကတော့ အမေဖြစ်သူကိုချစ်လွန်းပြီး တစ်ခြားသူတွေကိုဂရုမစိုက်မှာစိုးတာကြောင့်ပါ။ ဒါပေမဲ့ အမေကောင်းတစ်ယောက်နှင့် အတူနေထိုင်ရတဲ့ အမျိုးသားတွေဟာတစ်ခြားလူတွေထက်အများကြီး နူးညံ့တဲ့စိတ်ထားရှိကြပါတယ်။
သူတို့ဟာ အမေဖြစ်သူကို လေးစားကြတာကြောင့် အမျိုးသမီးတွေကိုလေးစားတန်ဖိုးထားတတ်ကြတဲ့သူတွေပါ။ အမေဖြစ်သူရဲ့ ဆုံးမမှုကိုနာခံခဲ့သူတွေဖြစ်တာကြောင့် တစ်ဖက်မိန်းကလေးတွေအပေါ်ကိုတန်ဖိုးထားဆက်ဆံတတ်ပြီး နားလည်ပေးတတ်ကြပါတယ်။ မိန်းကလေးတွေရဲ့စိတ်ခံစားချက်နှင့်သဘောထားတွေကိုလည်း အတတ်နိုင်ဆုံးနားလည်ပေးပြီးတော့ စိတ်ရှည်ကြပါတယ်။
နူးညံ့တဲ့စိတ်ထားနှင့် ကိုယ်ချင်းစာစိတ်ရှိပြီးတော့ မိန်းကလေးတွေရဲ့အောင်မြင်မှုကိုလက်ခုတ်တီးပေးဖို့ဝန်မလေးတတ်တဲ့သူတွေပါ။ သန်မာတဲ့မိန်းကလေးတွေကိုလည်း အလွယ်တကူအသိအမှတ်ပြုကြသလို မိသားစုကိုလည်းပိုပြီးခင်တွယ်တတ်ကြပါတယ်။ အမေဖြစ်သူနှင့်ဆက်ဆံမှုများခဲ့တာကြောင့် ပြင်ပဘဝမှာလည်း ဆက်ဆံရေးကောင်းမွန်ကြပြီးတော့ လူတိုင်းကိုပွင့်ပွင့်လင်းလင်းဆက်ဆံတတ်ကြပါတယ်။
#အမေချစ်သား #အမေ #နူးညံ့ခြင်း #နားလည်ပေးခြင်း #အသိအမှတ်ပြု
#အမျိုးသမီး
#ခံစားချက်
#အောင်မြင်မှု
#စိတ်နေစိတ်ထား
#ကိုယ်ချင်းစာစိတ်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်