
အခင်ဆုံးသူငယ်ချင်းအဖြစ်ကိုယ်သတ်မှတ်ထားတဲ့သူက ကိုယ့်ရဲ့မကောင်းကြောင်းနှင့် အတင်းအဖျင်းတွေကို လိုက်ပြောနေတယ်ဆိုရင် လိုက်ပြောနေတယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲ?

ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပါ။ သူငယ်ချင်းဖြစ်သူပြောတယ်ဆိုတဲ့အကြောင်းအရာဟာ အမှန်တကယ်လားလုပ်ကြံပြောထားတာလားဆိုတာကိုစစ်ဆေးပြီးတော့ သူဘာလို့ပြောတာလဲဆိုတာကိုဆန်းစစ်ပါ။ နားလည်မှုလွဲတာဖြစ်နိုင်သလို ကိုယ့်ဖက်ကအမှားကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ကိုယ့်ဖက်ကအမှားမပါဘဲ သူ့ဘာသာဇာတ်လမ်းတွေထွင်ပြီးပြောနေတာဆိုရင်တော့ လူချင်းတွေ့ပြီးသေချာမေးလိုက်ပါ။ သူဘာလို့ဒီလိုတွေပြောနေရတာလဲဆိုတာနှင့် သူ့ကိုယုံကြည်ထားကြောင်းဖော်ပြလိုက်ပါ။ သူ့ဖက်ကပြန်ဖြေရှင်းခွင့်ပါပေးပြီးတော့ သူ့အမြင်ကိုလည်းနားထောင်ကြည့်လိုက်ပါ။

တစ်ကယ်လို့ အကြောင်းရင်းမရှိဘဲ သူ့ဖက်ကနေပြောခဲ့တာဆိုရင်တော့ တောင်းပန်ဖို့ပြောပြီးတော့ နောက်ထပ်ဒီလိုဖြစ်ရပ်ထပ်မဖြစ်ဖို့တာဝန်ယူခိုင်းသင့်ပါတယ်။ ဒီလိုဖြစ်ရပ်အပြီးမှာတောင် သူ့ဖက်ကနေဆက်ပြောနေသေးရင်တော့ သူငယ်ချင်းဆက်ဆံရေးကိုတစ်ခေါက်ပြန်စဥ်းစားသင့်ပါတယ်။ အတင်းသတင်းတွေဟာ ကြာလာရင် အမှန်လိုမျိုးလူတွေကယုံကြည်တတ်လာတာကြောင့် သူနှင့်ကိုယ့်ကြားကပြဿနာတွေကို နောက်သူငယ်ချင်းတစ်ယောက်ကိုပြောပြပြီး ဘာလုပ်သင့်ကြောင်းဆွေးနွေးပါ။

ပြီးတော့ အခွင့်အရေးပေးခဲ့တာတောင် ဆက်ပြီးအတင်းပြောနေသေးတယ်ဆိုရင်တော့ အဲ့လိုသူငယ်ချင်းမျိုးနှင့် ဆက်ဆံရေးကိုဖြတ်တောက်လိုက်ပြီးတော့ အချိန်ယူစဥ်းစားလိုက်ပါ။ သူငယ်ချင်းဆက်ဆံရေးမှာလည်း သစ္စာနှင့်ယုံကြည်မှုတွေကအရေးကြီးတာကြောင့် ကိုယ့်ကိုသစ္စာဖောက်သွားတဲ့ သူငယ်ချင်းကိုလက်ခံပေးပြီး ဆက်ခင်မင်ဖို့ကမဖြစ်နိုင်တဲ့အရာဖြစ်ပါတယ်။

#သူငယ်ချင်း #သစ္စာဖောက် #ယုံကြည်မှု #အတင်းပြော #ဆက်ဆံရေး