Supportive ဖြစ်တဲ့သူငယ်ချင်းတစ်ယောက်ဆိုတာဘယ်လိုမျိုးလဲ?
mmload.com
|
2023-10-09

သူငယ်ချင်းဆက်ဆံရေးတွေကြားမှာ Supportive ဖြစ်တဲ့သူငယ်ချင်းတွေဆိုရင် ပိုပြီးခင်မင်ဖို့ကောင်းသလို ယုံကြည်စိတ်ချစရာလည်းကောင်းပါတယ်။ ဒီလို ယုံကြည်ရတဲ့ သူငယ်ချင်းတွေဆိုတာ ကိုယ်ပြောတာတွေကိုအချိန်ပေးပြီးနားထောင်ပေးတယ်။ ဝေဖန်ဖို့ထက် ကိုယ်ပြောပြတာကိုတိတ်တဆိတ်နားထောင်ပေးပြီး စာနာပေးတတ်ကြပါတယ်။ 



ပင်ပန်းရတဲ့နေ့ရက်တွေရှိရင် သူ့အပေါ်မှီခိုပြီးပြောပြနိုင်သလို ကိုယ့်ရဲ့စိတ်အခြေအနေကိုလည်း အလိုလိုသိနေတဲ့သူပါ။ ကိုယ်ကမပြောရင် ကိုယ့်ပြဿနာတွေကို အကြံဉာဏ်တွေအတင်းမပေးဘဲ အမြင်မတူတာရှိရင် တစ်ဖက်သတ်မဆန်ဘဲညှိညှိနှိုင်းနှိုင်းတွေးပေးတတ်တဲ့ သူငယ်ချင်းတွေပါ။  သူငယ်ချင်းဆိုတဲ့ခေါင်းစဥ်အောက်ကနေ ကိုယ့်ရဲ့ကိုယ်ရေကိုယ်တာကိုမစပ်စုကြသလို ယုံကြည်မှုကိုအလွဲသုံးစားလုပ်လေ့လည်းမရှိပါဘူး။



ကိုယ့်ရဲ့အောင်မြင်မှူတွေအတွက် စိတ်ရင်းနှင့်ပျော်ပေးနိုင်သလို ချီးကျုးစကားနှင့်အားပေးဖို့ကိုလည်းဘယ်တော့မှမမေ့တတ်တဲ့သူတွေပါ။ သူတောင်းပန်ဖို့လိုအပ်တဲ့ကိစ္စတွေကိုဆို မာနမထားဘဲတောင်းပန်တတ်ပြီး အကောင်းမြင်စိတ်တွေကူးစက်စေတဲ့သူငယ်ချင်းမျိုးပါ။ တစ်ကယ်လို့ ဒီလိုသူငယ်ချင်းမျိုးကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့ တစ်ကယ်ကိုကံကောင်းလွန်းတဲ့သူပဲဖြစ်ပါတယ်။ 



#Friend #စိတ်ရင်း #ချီးကျူးစကား  #အောင်မြင်မှု #ယုံကြည်မှု #သူငယ်ချင်း





Some text some message..